Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ဒေါ်လာ လွှမ်းမိုးမှုကို ပယ်ဖျက်ရန် ကြိုးစားကြသူများ” (ဘာသာပြန်ဆောင်းပါး)

ပရမတ္တ ကိုမောင်ဘ ‌(NP News) - ဇွန် ၅

ဒီနေ့တော့ ငွေကြေးရဲ့ ပထဝီနိုင်ငံရေးအကြောင်းပြောကြစို့။ ကမ္ဘာ့စီးပွားရေးက ဘယ်ပုံလည်ပတ်နေတယ်။ ကမ္ဘာ့အရန်ငွေ ရေစီးကြောင်းပြောင်းလဲဖို့ ဘယ်လိုတွေ လှုပ်ရှားနေကြတယ်ဆိုတာကို ဆွေးနွေးကြပါစို့။ 

ဘာကြောင့် ဒေါ်လာက လွှမ်းမိုးနိုင်တာလဲ

ကမ္ဘာပေါ်က တိုင်းပြည်တိုင်းလိုလိုမှာ သူတို့ကိုယ်ပိုင်သုံး ငွေကြေးတွေရှိကြပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်မှုပြုတဲ့အခါမှာတော့ အဲဒီကိုယ်ပိုင်ငွေကြေးတွေကို အသုံးပြုကြတာမဟုတ်ဘဲ အမေရိကန်ဒေါ်လာကိုပဲ အများအားဖြင့် အသုံးပြုကြတာပါ။ ဒေါ်လာဟာ ကမ္ဘာမှာ အံတုဖက်ပြိုင်လို့မရသေးတဲ့ ငွေကြေးတစ်ခုပါ။ ဘယ်နိုင်ငံရဲ့ငွေကြေးမှ အမေရိကန်ဒေါ်လာကို နီးနီးကပ်ကပ်မယှဉ်ပြိုင်နိုင်သေးပါ။ ဒါက အသုံးပြုမှုပမာဏအနေနဲ့ပြောတာပါ။ ရေနံကုန်သွယ်ရေး၊ ကုန်ပစ္စည်းကုန်သွယ်ရေး၊ လက်နက်ကုန် သွယ်ရေး စတာတွေအပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအများစုကို ဒေါ်လာနဲ့သာငွေပေးငွေယူလုပ်ဆောင်ကြပါတယ်။ ကမ္ဘာ့နိုင်ငံများအကြား၊ စီးပွားရေးကုမ္ပဏီတွေအကြား ငွေပေးချေကြရာမှာ ဒေါ်လာကိုသာ အသုံးများကြပါတယ်။ 

ဒါ့ပြင် အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ပေါ်မှာလွှမ်းမိုးတဲ့ အရန်ငွေကြေးလည်းဖြစ်ပါတယ်။ အဲဒါက ဘာအဓိပ္ပာယ်လည်းဆိုရင် တစ်ကမ္ဘာလုံးက နိုင်ငံအများအပြားဟာ သူတို့ပိုင်ဆိုင်တဲ့ အစုလိုက်အပုံလိုက် ချမ်းသာကြွယ်ဝမှုတွေကို ဒေါ်လာငွေကြေးအဖြစ် လဲလှယ်ကိုင်ဆောင်သိမ်းဆည်းထားတယ်ဆိုတာဘဲဖြစ်ပါတယ်။ အဲဒါသူတို့ရဲ့ အရန်ငွေကြေးဆိုတာပါ။ ဒါကြောင့် ဒေါ်လာငွေကြေးမရှိရင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်က ပြိုလဲသွားပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေးလည်း အလားတူပြိုလဲသွားပါလိမ့်မယ်။ ဒါကြောင့် ဒေါ်လာနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ပုခုံးပေါ်မှာ တာဝန်တွေ အများကြီးတည်ရှိနေပါတယ်။ ဒါက သိပ်ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။

  ၂ဝ၂ဝ ခုနှစ်စာရင်းအရ လှည့်လည်သုံးစွဲနေတဲ့ အမေရိကန်ဒေါ်လာဟာ (၂)ထရီလျံနီးပါးရှိပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ဟာ အမေရိကန်နိုင်ငံပြင်ပမှာ လှည့်ပတ်သုံးစွဲနေတယ်လို့ ယုံကြည်ကြပါတယ်။ ကမ္ဘာ့နိုင်ငံခြား ငွေလဲလှယ်ရောင်းဝယ်မှု အားလုံးရဲ့ (၉ဝ)ရာခိုင်နှုန်းက အမေရိကန်ဒေါ်လာနဲ့ ဆက်စပ်နေတာပါ။ တစ်ကမ္ဘာလုံးက အကြွေးတွေအားလုံးရဲ့ (၄ဝ)ရာခိုင်နှုန်းကိုလည်း ဒေါ်လာနဲ့ဘဲ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒေါ်လာဟာ ဘယ်လောက်တောင် အင်အားကြီးသလဲ မှန်းဆလို့ရပါတယ်။

 ဒေါ်လာဘယ်လို အင်အားကြီးမားလာတာလဲ

ဒုတိယကမ္ဘာစစ်ကြီး မပြီးခင်အထိ၊ ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးတွေကို ရွှေနဲ့ဘဲ တန်ဖိုးသတ်မှတ် ချိတ် ဆက် ထားကြပါတယ်။ ဒါကြောင့် ရွှေဟာ စံငွေကြေးဖြစ်ပါတယ်။ ကုန်ပစ္စည်းတန်ဖိုးတွေကို ဒီအခြေခံအပေါ်မှာသာ မူတည်ပြီးဆုံးဖြတ်ကြတာပါ။ 

ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး ၁၉၄၄ ခုနှစ်မှာ၊ အမေရိကန်နဲ့ တခြား ၄၄ နိုင်ငံက ကိုယ်စားလှယ်တွေဟာ၊  အမေရိကန်နိုင်ငံ၊ နယူးဟမ့်ပ်ရှိုင်းယားပြည်နယ်၊ ဘရက်တန်ဝုဒ်စ် Bretton Woods မြို့မှာတွေ့ဆုံဆွေး နွေးကြပြီး ဘရက်တန်ဝုဒ်စ် သဘောတူညီချက်ဆိုတာကိုချမှတ်ခဲ့ပါတယ်။ အဲဒါက ရွှေကို အမေရိကန်ဒေါ်လာရဲ့အခြေခံအဖြစ်သတ်မှတ်ပြီး တခြားနိုင်ငံတွေရဲ့ငွေကြေးတွေကို အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ချိတ်ဆက်ထားခြင်းပါဘဲ။ ဒါကြောင့်အမေရိကန်‌နဲ့ ကုန်သွယ်ရေးလုပ်တဲ့နိုင်ငံခြားတိုင်းပြည်တွေက သူတို့ရလာတဲ့ အမေရိကန်ဒေါ်လာကို အမေရိကန်အစိုးရဆီမှာ သတ်မှတ်ထားတဲ့ရွှေပမာဏနဲ့ လဲလှယ်ယူခွင့်ရှိပါတယ်။ ဒီလိုနဲ့ အမေရိကန်အစိုးရမှာ သိုလှောင်ထားတဲ့ အရန်ရွှေပမာဏ တဖြေးဖြေးလျော့နည်းလာပြီး ရွှေပမာဏအလုံအလောက်မရှိဖြစ်လာတဲ့အတွက်၊ သမ္မတ ရစ်ချတ်နစ်ဆင်လက်ထက် ၁၉၇၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာနဲ့ ရွှေချိတ်ဆက်ထားမှုကို ရုတ်တရက်ပယ်ဖျက်လိုက်ပါတယ်။ အဓိပ္ပာယ်က အမေရိကန်ဒေါ်လာနဲ့ ရွှေကိုလဲလှယ်ယူလို့ မရတော့ပါဘူး။ ဒီလိုနည်းနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ငွေကြေးတွေဟာ၊ ရွှေအစား ယုံကြည်မှုကိုသာ အခြေခံထားတဲ့ အမေရိကန် ဒေါ်လာ နဲ့ ချိတ်ဆက်အရောင်းအဝယ်လုပ်ကြရပါတော့တယ်။ 

ဒီဖြစ်စဉ်ကိုလေ့လာကြည့်ရင် အမေရိကန်အနေနဲ့ သူ့ဒေါ်လာအပေါ်မှာ ကမ္ဘာ့နိုင်ငံများကယုံကြည်မှုရှိလာအောင် ပထမပိုင်းမှာ ရွှေကိုကျောထောက်နောက်ခံပြု၊ တန်ဖိုးသတ်မှတ်ချိတ်ဆက်ခြင်းထားခြင်းအားဖြင့် ယုံကြည်မှုကိုတည်ဆောက်ပါတယ်။ ဒီလိုအာမခံမှုက နှစ်ပေါင်း ၃ဝ နီးပါး တာရှည်ခံခဲ့ပါတယ်။ အဲဒီနောက် ရွှေနဲ့လဲလှယ်ပေးဖို့ အာမ မခံနိုင်တဲ့အခါမှာ ဘယ်နိုင်ငံနဲ့မှ တိုင်ပင်ဆွေးနွေးခြင်းမလုပ်တော့ဘဲ ရုတ်တရက်ဖြတ်ချလိုက်တာပါဘဲ။ မိမိတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို အရန်ငွေကြေးအဖြစ် ဒေါ်လာကို လက်ဝယ်စုဆောင်းထားကြတဲ့ တခြားနိုင်ငံတွေက အေးအေးဆေးဆေး လက်ခံရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။  

၁၉၇ဝ ခုနှစ်တွေမှာ ရေနံစျေးတွေတက်လာတော့ ရေနံတင်ပို့တဲ့နိုင်ငံတွေမှာ အမြတ်ငွေတွေနဲ့ အခွန်ငွေတွေ အများအပြားရပါတယ်။ ရေနံဝယ်တဲ့နိုင်ငံတွေကလည်း ဒေါ်လာနဲ့သာ ငွေပေးငွေယူလုပ်ကြပါတယ်။ ဒါကြောင့် ရေနံထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ အဲဒီဒေါ်လာငွေတွေ စုပုံလာပါတယ်။ အဲဒီငွေတွေကို ပက်ထရို‌ ‌ဒေါ်လာလို့ခေါ်ကြပါတယ်။ ဒေါ်လာကို ဒီလိုလက်ခံကြတာဟာ ရေနံတင်ပို့တဲ့ နိုင်ငံတွေက အမေရိကန်နိုင်ငံအပေါ်စိတ်ကောင်းစေတနာရှိမှုကြောင့်မဟုတ်ပါဘူး။  

ဒေါ်လာကို ရွှေကျောထောက်နောက်ခံမရှိဘဲ ကမ္ဘာ့အရန်ငွေကြေးအဖြစ်လက်ခံကြရတဲ့ အဓိကအချက်က အမေရိကန်စီးပွားရေးက ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်သလို၊ သွင်းကုန်တင်သွင်းမှုကလည်း ကမ္ဘာ့အကြီးဆုံးဖြစ်နေတာကြောင့်ပါ။ နောက်ပြီး ဥပဒေနဲ့ ထိန်းချုပ်နောက်ခံပြုပေးထားတဲ့ ငွေပေါ်လွယ်တဲ့ ငွေကြေးအရင်းအနှီးစျေးကွက် ကြီးကြီးမားမားရှိနေတာနဲ့ ကြီးမားတဲ့ စစ်အင်အားကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ 

နိုင်ငံတွေရဲ့ငွေကြေးဟာ ဒေါ်လာနဲ့ချိတ်ဆက်ရာမှာ တစ်ခုနဲ့ တစ်ခုနှိုင်းယှဉ်ချက်အရသာ ငွေလဲနှုန်းဖြစ် လာရတာပါ။ ဥပမာ တစ်ဒေါ်လာကို တရုတ်ယွမ်ငွေ (၇)ယွမ်လဲနှုန်းရှိပြီး မြန်မာငွေနဲ့ ဒေါ်လာလဲရာမှာ တစ်ဒေါ်လာကို ၂ဝဝဝ ကျပ်ရတယ်ဆိုပါစို့။ ဒါဆိုရင် တရုတ်ငွေ (၇)ယွမ်မှာ မြန်မာငွေ (၂ဝဝဝ)ကျပ်နဲ့ညီမျှတဲ့အတွက် တရုတ်တယွမ်ဟာ မြန်မာငွေ (၂၈၅)ကျပ်နဲ့ ညီမျှပါတယ်။ ဒီလိုဒေါ်လာနဲ့ နှိုင်းယှဉ်ခြင်းအားဖြင့် တခြားငွေလဲနှုန်းတွေဖြစ်ပေါ်လာပါတယ်။

အန္တရာယ်ကို မြင်လာကြပြီ

ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားတွေရဲ့အမြင်မှာ ဒေါ်လာဟာ တည်ငြိမ်တယ်။ ခိုင်မာတယ်ဆိုပြီး စိတ်ချယုံကြည်ကြပါတယ်။ ဒါပေမဲ့ ယခုနောက်ပိုင်းမှာ ‌ဒေါ်လာအပေါ်အစိုးရတွေရဲ့အမြင်က ပြောင်းလဲလာပါတယ်။ နိုင်ငံတော်တော်များက အမေရိကန်ဒေါ်လာအပေါ် အမှီခိုလွန်ကဲမှုရဲ့ အန္တရာယ်ကို သိမြင်လာကြပါတယ်။

ဥပမာ ရုရှားကိုဘဲကြည့်ပါ။ ယူကရိန်းနဲ့စစ်မဖြစ်ခင်က ရုရှားမှာနိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ (၆ဝဝ)ဘီလျံကျော်ရှိပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်တော့ အမေရိကန်က သူ့ရဲ့‌ဒေါ်လာငွေအပေါ်ချုပ်ကိုင်ထားနှိုင်မှု အားသာချက်ကို လက်နက်သဖွယ်အသုံးချပြီး၊ ရုရှားတွေရဲ့ငွေ ထုတ်လို့မရအောင် ပိတ်ပင်ထားလိုက်ပါတယ်။ အမေရိကန်ဟာ သူလုပ်ချင်တယ်ဆိုရင် ဘယ်နိုင်ငံအပေါ်မဆို ဒီလိုလုပ်လို့ရပါတယ်။ အမေရိကန်ရဲ့ ဒီလိုမတော်မတရားလုပ်နိုင်တဲ့ အာဏာပါဝါကို တခြားနိုင်ငံတွေကလည်း စိုးရိမ်ထိတ်လန့်လာကြပါတယ်။ အစိုးရိမ်ဆုံးက တရုတ်နိုင်ငံပါ။  တခြားနိုင်ငံတွေကလည်း ဒေါ်လာအပေါ် ယုံကြည်မှုကင်းမဲ့ လာပါတယ်။

ကမ္ဘာ့တစ်ခုတည်းသော အရန်ငွေကြေးစနစ်ကို တွန်းလှန်ရန်ကြိုးပမ်းမှုများ

ဒါကြောင့် ဒီဒဏ်ကိုခံရတဲ့ ပထမဆုံးနိုင်ငံဖြစ်တဲ့ ရုရှားက ဘရစ်(BRICS)နိုင်ငံတွေအနေနဲ့ ဘုံငွေကြေးတရပ်ထူထောင်ဖို့ ကြိုးပမ်းလာတာတွေ့ရပါတယ်။ BRICS ဆိုတာက စီးပွားရေးအားကောင်းလာနေတဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ငါးနိုင်ငံပါဝင်တဲ့အဖွဲ့ပါ။ သူတို့ငါးနိုင်ငံရဲ့ စုစုပေါင်း စီးပွားရေးက ကမ္ဘာ့စီးပွားရေးရဲ့ (၂၄)ရာခိုင်နှုန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေအားလုံးရဲ့ (၄ဝ)ရာခိုင်နှုန်းကိုကိုယ်စားပြုပါတယ်။ ဒီငါးနိုင်ငံက ဘုံငွေကြေး တရပ်ကိုထူထောင်မယ်ဆိုရင် အမေရိကန် ဒေါ်လာရဲ့ တဉီးတည်းဗိုလ်ကျမှုကို စိန်ခေါ်လာပါလိမ့်မယ်။

ကမ္ဘာမှာ ဒေါ်လာလိုဘဲ ဥရောပနိုင်ငံများက ဘုံအသုံးပြုနေတဲ့ ငွေကြေးတစ်မျိုးရှိပါသေးတယ်။ ယူရိုပါ။ ဥရောပသမဂ္ဂအဖွဲ့ဝင်(၂၇)နိုင်ငံအနက် နိုင်ငံ(၂ဝ)ရဲ့တရားဝင်ငွေကြေးဖြစ်ပါတယ်။ ဒီနိုင်ငံတွေရဲ့လူဦးရေ စုစုပေါင်းက (၃၄၄)သန်းရှိပြီး ကမ္ဘာပေါ်မှာ ဒေါ်လာပြီးရင် လူအသုံးအများဆုံးငွေကြေးတစ်ခုလည်းဖြစ်ပါတယ်။ ယူရိုငွေကြေးကို ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစတင်ပြီး ငွေစာရင်းတွက်ချက်ရာမှာ အီလက်ထရောနစ်ငွေပေးချေမှုတွေမှာ စတင်အသုံးပြုခဲ့ပြီး၊ ၂ဝဝ၂ ဇန်နဝါရီလ ၁ ရက်မှာတော့ ငွေစက္ကူနဲ့ အကြွေအနုတ်တွေကို မူလ အမျိုးသားငွေ ကြေးတွေ နေရာမှာ အစားထိုးလဲလှယ်သုံးစွဲလာခဲ့ပါတယ်။ ယူရို သုံးတဲ့ ဥရောပနိုင်ငံတွေကို ယူရိုဇုန်လို့ခေါ်ပါတယ်။

နောက်တတိယမြောက် ကုန်သွယ်မှုအပြုဆုံး၊ လူအသုံးအများဆုံးငွေကြေးက ဂျပန်ယန်းပါ။ ဂျပန်ယန်း ငွေဟာ ကမ္ဘာ့တတိယအကြီးဆုံး အရန်ငွေကြေးတစ်ခုလည်းဖြစ်ပါတယ်။ စတုတ္ထမြောက် အကြီးဆုံးအရန်ငွေကြေးက ယူကေနိုင်ငံရဲ့ ပေါင်စတာလင်ငွေကြေးပါ။ ပေါင်စတာလင်က ကမ္ဘာပေါ်မှာ လက်ရှိအသုံးပြုဆဲ၊ ရှေးအကျဆုံး ငွေကြေးတစ်ခုပါ။

အဲဒီနောက်မှာတော့ တရုတ်ရမင်ဘီပါ။ ယွမ်လို့လည်းခေါ်ပါတယ်။ တရုတ်အစိုးရက ယွမ်ငွေကို ကမ္ဘာ့အရန် ငွေကြေးတခုအဖြစ်လက်ခံအသုံးပြုစေချင်နေပါတယ်။ တရုတ်နိုင်ငံက ရုရှား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ထိုင်းနဲ့ ဂျပန်လို နိုင်ငံတချို့နဲ့အကြား၊ ကုန်သွယ်ရေးလုပ်ရာမှာ ယွမ်ငွေနဲ့တိုက်ရိုက် အရောင်းအ ဝယ်လုပ်တာကို ခွင့်ပြုဖို့ သဘောတူလက်မှတ်ရေးထိုးထားတာရှိပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့ ဒီတိုင်းပြည်တွေနဲ့ ကုန်သွယ်ရေးလုပ်တဲ့အခါ အမေရိကန်ဒေါ်လာကို အစားထိုးပြီး ယွမ်ငွေနဲ့ တိုက်ရိုက်ရောင်းဝယ်နိုင်ပါလိမ့်မယ်။ အလားတူ သဘောတူညီချက်မျိုးကို ဆော်ဒီအာရေဗျနဲ့လည်း သဘောတူလက်မှတ်ရေးထိုးနှိုင်ဖို့ ကြိုးစားနေပါတယ်။ တကယ်လို့ အဲဒီ လို့သဘောတူညီချက်ရလာခဲ့မယ်ဆိုရင်တော့ ဒါဟာ အလွန်အရေးပါတဲ့ အလှည့်အပြောင်းတခုဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့၊ ဆော်ဒီအာရေဗျဟာ တရုတ် ရေနံစိမ်းဝယ်ယူမှုအားလုံးရဲ့ (၁၈)ရာခိုင်နှုန်းကိုရောင်းချပေးနေလို့ ဖြစ်ပါတယ်။ ၂ဝ၂၂ ခုနှစ်ရဲ့ ပထမ ၁ဝ လမှာ၊ ဆော်ဒီအာရေဗျကို တရုတ်ရဲ့ ရေနံစိမ်းဖိုးပေးချေရငွေဟာ အမေရိကန် ဒေါ်လာ (၅၅)ဘီလျံရှိပါတယ်။ အဲဒီလောက်များပြားတဲ့ ကုန်သွယ်မှုပမာဏကို ‌ဒေါ်လာငွေမပါဘဲ ယွမ်ငွေနဲ့ အပေးအယူလုပ်ကြဖို့ စဉ်းစားနေကြတာပါ။ တခြားနိုင်ငံတွေကလည်း အဲဒီလိုသဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ စဉ်းစားနေကြပါတယ်။

တကယ်တန်းမှာတော့ အဲဒီလိုဖြစ်နေကြပါပြီ။  ဘရာဇီးလ်နဲ့ အာဂျင်တီးနားက ဘုံငွေကြေးတခုထူထောင်ဖို့ စီစဉ်နေကြပါတယ်။ ရုရှားနဲ့ အီရန်က ရွှေကိုကျောထောက်နောက်ခံထားတဲ့ ခရစ်ပ်တိုငွေကြေးကို အသုံးပြုဖို့ လုပ် ဆောင်နေကြပါတယ်။ အိန္ဒိယနဲ့ ယူအေအီးနိုင်ငံက ရေနံမဟုတ်တဲ့ကုန်သွယ်ရေးကို ရူးပီးငွေနဲ့ ငွေပေးငွေယူလုပ်ဖို့ နည်းလမ်းတွေရှာဖွေနေကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သီရိလင်္ကာနိုင်ငံက အိန္ဒိယနဲ့ပြုလုပ်တဲ့ ကုန်သွယ်မှုအားလုံးကို ရူးပီးငွေနဲ့ ငွေပေးငွေယူလုပ်ဖို့ သဘောတူခဲ့ကြပါပြီ။ အိန္ဒိယနဲ့ ရုရှားကတော့ နှစ်နိုင်ငံကုန်သွယ်ရေးကြားမှာ အိန္ဒိယ ရူးပီးငွေကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်းအားဖြင့် ခြေလှမ်းကြီးကြီးတချက်လှမ်းလိုက်ပြီဖြစ်ပါတယ်။

တကယ်တော့ အိန္ဒိယဗဟိုဘဏ်ဟာ နိုင်ငံတကာကုန်သွယ်ရေး ငွေပေးငွေယူကိစ္စတွေကို အိန္ဒိယရူးပိးငွေနဲ့ ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းနဲ့ ယန္တယားတွေ တစုံလုံးရှိပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒက်ရှ်ကလည်း အိန္ဒိယနဲ့ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးမှာ အိန္ဒိယရူးပီးကို သုံးဖို စဉ်းစားနေပါပြီ။ ဒါကြောင့် တစ်ကမ္ဘာလုံးက အပြောင်းအလဲဖြစ် နေတာကို တွေ့မြင်နှိုင်ပါတယ်။ တိုင်းပြည်တွေဟာ သူတို့ရဲ့ကံကြမ္မာကို နိုင်ငံတခုထဲရဲ့လက်ထဲမှာ မထားလိုကြတော့ပါဘူး။ 

ကမ္ဘာကို သြဇာလွှမ်းမိုးခဲ့တဲ့ ဒေါ်လာဆိုတဲ့ မဟာငွေကြေးဟာ အခွင့်အရေးကောင်းတွေ အချိန်အကြာကြီး ရခဲ့တယ်။ သူ့ကိုဖက်ပြိုင်နှိုင်တဲ့  ပြိုင်ဘက်မရှိခဲ့ဘူး။ ယခုအချိန်မှာတော့ အဲဒီလိုကာလက တဖြည်းဖြည်းခြင်း နိဂုံး ကမ္ပတ်အဆုံးသတ်လျက်ရှိနေပါပြီ။ 

                                                                                                   

Ref: BRICS Tries to Ride on the Dedollarisation Wave | Vantage with Palki Sharma

- Bretton Woods Agreement and the Institutions It Created Explained

- Is the Mideast Gulf Ready for Non-Dollar Trade?


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဇွန်လ ၅ ရက်အတွင်း ပြည်တွင်းနှင့် ပြည်ပမှ စိတ်ဝင်စားဖွယ်သတင်းများအား စုစည်းတင်ဆက်ခြင်း

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved