မိုးညှင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့်လိုက်ပါလာသည့် အမျိုးသမီးထံမှ ငွေကျပ်သိန်း(၁၁ဝဝ) တန်ဖိုးရှိ ဘိန်းဖြူများသိမ်းဆည်းရမိ
စော (NP News)- ဇွန် ၄
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့်လိုက်ပါလာသည့် အမျိုးသမီးထံမှ ငွေကျပ်သိန်း(၁၁ဝဝ)တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့(ဇွန်လ ၄ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် (ဇွန်လ၂ရက်)နေ့ ညနေ(၃)နာရီအချိန်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် မခင်စုစုထွေး သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း(၁၁ဝဝ)တန်ဖိုးရှိ ဘိန်းဖြူအလေးချိန်(၄ ဒသမ ၄)ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မခင်စုစုထွေးအား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များကိုလည်း ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြံခင်းမြို့နယ်တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် (၆ဝ)ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း