Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် EV ကားအချို့၌ အာမခံချက်မရှိဟုဆို

NP News - ဇွန် ၄

မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် EV ကားအချို့၌ မည်သည့်အာမခံချက်မှမရှိကြောင်း EV ကားလောကမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ရောင်းဝယ်မှုပြုလုပ်နေသည့် အချို့သော EV ကုမ္ပဏီများသည် EV Showroom ဖွင့်လှစ်ရောင်းချရန် လိုင်စင်တင်သွင်းထားခြင်းမရှိကြောင်း သိရသည်။

ထိုသို့ တရားဝင်တင်သွင်းထားခြင်းမရှိသည့်အတွက် EV ကားသုံးစွဲသူများအနေဖြင့် EV များကို ဝယ်ယူပြီးနောက် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီဘက်မှ မည်သည့်အာမခံချက်မှ ရရှိနိုင်မည်မဟုတ်ကြောင်း EV ကားအကြောင်း ကျွမ်းကျင်နားလည်သူတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။

“အခုမြန်မာနိုင်ငံမှာ လာရောင်းနေတဲ့ EV ကားအချို့ဆိုရင်လည်း ဝယ်ပြီးရင် After Sale Service က ဘယ်လို အာမခံချက်ပေးမှာလဲ။ ဘတ္ထရီကိုရောဘယ်သူက အာမခံချက်ပေးမှာလဲ။ အားလုံးက ဘာအာမခံချက်မရှိဘူးလေ။ Original manufacture က လာလုပ်တာ မဟုတ်တဲ့အတွက် အာမခံချက်မရှိဘူး။ ပျက်သွားလို့ ပြင်ချင်ရင်တောင် showroom မရှိဘူး” ဟု ၎င်းက NP News ကို အသိပေးပြောဆိုထားသည်။

မြန်မာနိုင်ငံရှိ EV ကားတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီအချို့သည် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ကားများကို ဝယ်ယူကာ ပြန်လည်ရောင်းချခြင်းမျိုး များပြားကြောင်း သိရသည်။

EV ကားတင်သွင်းမည့် ကုမ္ပဏီသည် အရောင်းပြခန်းဖွင့်လှစ်ခွင့် လက်မှတ်ရရှိထားခြင်းမရှိသေးသော် လည်း တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ် တစ်ခုစီအတွက် ရောင်းချသည့် ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ်တင်ပြရမည်ဖြစ်ပြီး တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်သည့် အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts)ရရှိနိုင်မှုနှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးကြေညာထားပြီးဖြစ်သည်။

သို့သော်လည်း လက်ရှိ ပြည်တွင်းဈေးကွက်၌ ရောက်ရှိနေသည့် အချို့သော EV ကားများသည် သတ်မှတ်ချက်များကို ပြည့်စုံအောင် ဆောင်ရွက်ထားခြင်းမရှိသည့်အတွက် ခိုင်လုံသည့် အာမခံချက်မရှိကြောင်း သိရသည်။

“ဟိုနေ့ကဆိုရင် BYD တစ်စီးတိုက်သွားတယ် ပြီးတော့ ကားနဲ့ပတ်သက်တာတွေ ဘာမှပြန်ဝယ်လို့မရတော့ဘူး။ Body ကတော့ ထုလို့ရတယ်။ ဘာမှတော့ ပြန်ထွက်မလာဘူး ကော်တွေပဲဆိုတော့။ ကျန်တဲ့ဟာတွေလည်း ဝယ်လို့မရဘဲ အချိန်တစ်ခုအထိထိုင်စောင့်နေမှရမယ်။ ကားကလည်း မောင်းလို့မှမရတော့တာ။ ကား(၂)စီး၊ (၃)စီး အပိုရှိနေတဲ့သူတွေလောက်ပဲ ဝယ်စီးလို့အဆင်ပြေမှာ” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် စျေးကွက်အတွင်း၌ ငွေကျပ်သိန်းထောင်ကျော်အထိ ပေါက်ဈေးရှိ‌နေသည့် EV ကားများရှိသကဲ့သို့ ငွေကျပ်သိန်းရာဂဏန်းသာရှိသည့် EV ကားများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။

EV ကားများကို လောင်စာဆီစရိတ်လျှော့ချနိုင်ရန် အသုံးပြုလိုသော်လည်း အဆိုပါသုံးစွဲမှုအတွက် လုံခြုံမှု၊ အရည်အသွေးပြည့်ဝမှု၊ အာမခံချက်ရှိမှုများအပေါ်တွင်လည်း မေးခွန်းထုတ်မှုများရှိနေသည်။

ပြည်သူများအနေဖြင့် လျှပ်စစ်ကားနှင့် အားသွင်းစက်များ ဝယ်ယူသုံးစွဲရာ၌ စိတ်ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ကြောင်း နစက၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြီးခဲ့သည့် လပိုင်းကအသိပေးကြေညာထားသည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်ဦးလွင်မြို့၌ လမ်းလျှောက်နေသည့် အသက်(၆ဝ)ကျော်အရွယ်အဘိုးအိုတစ်ဦးအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိမှုဖြစ်ပွား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved