ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိ
စော (NP News) - မေ ၂၇
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းယာဉ်သည် ယမန်နေ့ (မေလ ၂၆ ရက်)၊ ည(၁၂)နာရီဝန်းကျင်အချိန်တွင် သန်လျင်မြို့နယ်၊ ဆေးလုံးကြီးချောင်းစောင့်ကျေးရွာ၊ ဒဂုံသီလဝါကားလမ်းဘေး၌ အထက်ပါကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မျိုးဆက်သစ်လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါယာဉ်ပေါ်တွင် 92 ဒီဇယ်နှင့် 95 ဒီဇယ် ဂါလံ (၈၈ဝဝ) သယ်ဆောင်လာပြီး မန္တလေးသို့ သွားမည့် ဆီသယ်ယာဉ်တစ်စီးဖြစ်ကြောင်း သိရသည်။
ကားမီးလောင်မှုသည် Level 1 အဆင့်သတ်မှတ်ထားကာ နှစ်နာရီနီးပါးမီးငြှိမ်းသတ်ခဲ့ရပြီး မေလ (၂၇) ရက်၊ နံနက်(၁)နာရီ (၅၈)မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“ကားကအကွေ့များသွားတဲ့သဘောရှိတယ်။ နောက်ကဆီဝိတ်ကလည်းပါတယ်လေ အဲဒီတော့ကားက တစ်ခြမ်းစောင်းပြီး တိမ်းမှောက်သွားတာပါ။ ယာဉ်ပေါ်မှာ ယာဉ်မောင်းတစ်ဦး၊ စပါယ်ယာတစ်ဦးနဲ့ အသက်(၃)နှစ်အရွယ်ကလေးတစ်ဦးပါပါတယ်။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရပါဘူး”ဟု မျိုးဆက်သစ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ကားမီးလောင်မှုကြောင့် အမျိုးသားနှစ်ဦး နှင့်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
အလားတူ ယမန်နေ့ (မေလ ၂၆ ရက်)တွင် ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းလမ်းမပေါ်၌ ဂါလံ(၄ဝဝဝ)ဆံ့ ဆီသယ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
zawgyi version
ဆီေဘာက္ဆာယာဥ္တစ္စီး တိမ္းေမွာက္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူ(၃)ဦးထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ေမ ၂၇
ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္တြင္ ဆီေဘာက္ဆာယာဥ္တစ္စီး တိမ္းေမွာက္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူ (၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
၎ယာဥ္သည္ ယမန္ေန႔ (ေမလ ၂၆ ရက္)၊ ည(၁၂)နာရီဝန္းက်င္အခ်ိန္တြင္ သန္လ်င္ၿမိဳ႕နယ္၊ ေဆးလုံးႀကီးေခ်ာင္းေစာင့္ေက်း႐ြာ၊ ဒဂုံသီလဝါကားလမ္းေဘး၌ အထက္ပါကဲ့သို႔ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း မ်ိဳးဆက္သစ္လူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
အဆိုပါယာဥ္ေပၚတြင္ 92 ဒီဇယ္ႏွင့္ 95 ဒီဇယ္ ဂါလံ (၈၈ဝဝ) သယ္ေဆာင္လာၿပီး မႏၲေလးသို႔ သြားမည့္ ဆီသယ္ယာဥ္တစ္စီးျဖစ္ေၾကာင္း သိရသည္။
ကားမီးေလာင္မႈသည္ Level 1 အဆင့္သတ္မွတ္ထားကာ ႏွစ္နာရီနီးပါးမီးျငႇိမ္းသတ္ခဲ့ရၿပီး ေမလ (၂၇) ရက္၊ နံနက္(၁)နာရီ (၅၈)မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။
“ကားကအေကြ႕မ်ားသြားတဲ့သေဘာရွိတယ္။ ေနာက္ကဆီဝိတ္ကလည္းပါတယ္ေလ အဲဒီေတာ့ကားက တစ္ျခမ္းေစာင္းၿပီး တိမ္းေမွာက္သြားတာပါ။ ယာဥ္ေပၚမွာ ယာဥ္ေမာင္းတစ္ဦး၊ စပါယ္ယာတစ္ဦးနဲ႔ အသက္(၃)ႏွစ္အ႐ြယ္ကေလးတစ္ဦးပါပါတယ္။ ဒဏ္ရာေတြကေတာ့ မစိုးရိမ္ရပါဘူး”ဟု မ်ိဳးဆက္သစ္လူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ကားမီးေလာင္မႈေၾကာင့္ အမ်ိဳးသားႏွစ္ဦး ႏွင့္ကေလးငယ္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး မစိုးရိမ္ရေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။
အလားတူ ယမန္ေန႔ (ေမလ ၂၆ ရက္)တြင္ ေညာင္ဦးၿမိဳ႕နယ္၊ ေညာင္ဦး-ေက်ာက္ပန္းေတာင္းလမ္းမေပၚ၌ ဂါလံ(၄ဝဝဝ)ဆံ့ ဆီသယ္ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်းကို အင်ဒိုနီးရှားကလပ်က အပြီးသတ်ခေါ်ယူ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း