Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါကစ္စတန်စစ်တပ်နှင့် ဝန်ကြီးချုပ်ဟောင်း ထောက်ခံသူများ ထိပ်တိုက်တွေ့မှု ပိုမိုပြင်းထန်လာ

Htay Oung (NP News) - မေ ၂၇

ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်းရဲ့ ထိပ်တန်းလက်ထောက်များနဲ့ ထောက်ခံသူများအပေါ် ဖြိုခွင်းမှုများ ပြင်းထန်လာနေပါတယ်။ ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့ပါတီမှ လူအများအပြားတို့ နှုတ်ထွက်သွားခြင်းတို့က သူ့အပေါ် ဖိအားများ တိုးမြင့်လာချိန်မှာ အစိုးရတာဝန်ရှိသူများနဲ့ ချက်ချင်း တွေ့ဆုံဆွေးနွေးဖို့ ၀န် ကြီးချုပ်ဟောင်း အင်မရန်ခန်းက သောကြာနေ့မှာ တောင်းဆိုလိုက်တယ်လို့ Reuters က ယမန်နေ့(မေလ ၂၆ ရက်)က ရေးသားပါတယ်။

ပါကစ္စတန်စစ်တပ် ထိပ်တန်း ဗိုလ်ချုပ်ကြီးများက ကြိုးကိုင်ချယ်လှယ်တဲ့ ပါလီမန်အယုံအကြည် မရှိအဆိုနဲ့ အင်မရန်ကို ဖြုတ်ချဖယ်ရှားပြီးနောက်ပိုင်း ဝန်ကြီးချုပ်ဟောင်းဟာ စစ်တပ်နဲ့ အပြန်အလှန် ပုတ်ခတ်မှုများ လုံးထွေးနေခဲ့ပါတယ်။ ခန်းဖြုတ်ချခံရခြင်းဟာ သူတို့နဲ့ ဘာမှ မပတ်ဘူးလို့ စစ်တပ်က ငြင်းဆိုထားပါတယ်။

ခန်းတစ်ယောက် ခေတ္တဖမ်းဆီးခံရပြီးနောက်ပိုင်း ပြင်းထန်တဲ့ ဆန္ဒပြမှုများအတွင်း ၀န်ကြီးချုပ်ဟောင်း ထောက်ခံသူများ ပါဝင်ပတ်သက်နေခဲ့တဲ့ ယခုလ စောစောပိုင်းမှာ တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

“လက်ရှိဖြစ်ပျက်နေမှုများနဲ့ အဖြေထွက်လာမှာ မဟုတ်တာကြောင့် ဆွေးနွေးပွဲတွေလုပ်ဖို့ မေတ္တာရပ်ခံလို ကြောင်း” YouTube မှတဆင့် တိုက်ရိုတ်ထုတ်လွှင့်စဉ် ခန်းက ပြောကြားပါတယ်။ ပါကစ္စတန်နိုင်ငံတော်ကြီးဟာ မင်းမဲ့စရိုက်ဆီသို့ ဦးတည်နေတယ်လို့လည်း သတိပေးလိုက်ပါတယ်။

ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံဟာ နိုင်ငံရေး မငြိမ်သက်မှုများနဲ့ ပိုမို အကျည်းတန်လာခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ စံချိန်တင်မြင့်မားနေပြီး စီးပွားရေး တိုးတက်မှုက အားရစရာ မရှိပါဘူး၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က သူတို့ရဲ့ ငွေထုတ်ပေးမှု နှောင့်နှေးကြန့်ကြာနေရခြင်းများကို ဖယ်ရှားမပေးခဲ့ရင် ပါကစ္စတန်အနေနဲ့ ပြင်ပကြွေးမြီများအပေါ် အတိုးရော အရင်းပါ မဆပ်နိုင်တော့ပဲ ပျက်ကွက်သွားမှာကို စိုးရိမ်ရပါတယ်။

တရားဝင် လက်နက်ကိုင်တပ်ရဲ့ စခန်း-အဆောက်အအုံတို့ကို တိုက်ခိုက်ကြောင်း စွဲချက်ဖြင့် စစ်ခုံရုံးများမှာ တရားရင်ဆိုင်ဖို့ လူပေါင်း (၃၃)ဦးကို ပါကစ္စတန်တပ်မတော်ထံ လွှဲပြောင်းပေးအပ်မှာ ဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီး ရာနာဆာနာအူလာက သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအတွက် ခန်းရဲ့ ပါတီနဲ့ ပါတီထောက်ခံသူများအပေါ် ဖိအားများ မြင့်တက်လာချိန်မှာ ဝန်ကြီးချုပ်ဟောင်းရဲ့ ယခုလို မေတ္တာရပ် ခံချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ယခု မေလ ၉ ရက် အင်မရန်ခန်း ဖမ်းဆီးခံရမှုဟာ ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရမှုများ မြင်တွေ့ခဲ့ရာမှာ စွပ်စွဲခံရသူ (၃၃) ဦးနဲ့ လူထောင်ချီ ပါဝင်နေခဲ့ပါတယ်။

သူ့ကို ဖမ်းဆီးခဲ့တဲ့ အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်းက ငြင်းဆိုထားပါတယ်။ အဲဒီနောက်ပိုင်း အာမခံဖြင့် လွတ်မြောက်လာပေမယ့် ခန်းနဲ့ ပါကစ္စတန် သြဇာကြီး စစ်ဗိုလ်ချုပ်များအကြား ထိပ်တိုက်တွေ့မှုများမှာ ပိုပြီး ပြင်းထန်လာပါတယ်။

စစ်တပ်ကို လွှဲပြောင်းပေးအပ်ခံရတဲ့ စွပ်စွဲခံရသူတွေဟာ အလွန်ထိရှလွယ်ကူတဲ့ ကာကွယ်ရေးဆိုင်ရာ စခန်း-အဆောက်အအုံတို့ကို လွန်ကျူးဝင်ရောက်လာသူတွေဖြစ်တယ်လို့ အစ္စလာမ်မာဘတ် သတင်းစာရှင်းလင်းပွဲမှာ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အရေးကြီး ကိရိယာများ၊ ကွန်ပျူတာများနဲ့ ဒေတာ စုဆောင်းခြင်းဆိုင်ရာ အခြားရင်းမြစ်များကို ဖျက်ဆီး သို့မဟုတ် ခိုးယူသွားကြောင်း အထောက်အထားများက ပြသနေတယ်လို့ ဆိုပါတယ်။

အဲဒီ နယ်နိမိတ်ပြင်ပ ကျူးလွန်ဖောက်ဖျက်မှုများမှာ ပါဝင်ပတ်သက်သူများကိုတော့ အားလုံးသိမ်းကြုံးပြီး စစ်ဘက်ဆိုင်ရာ တရားရုံးများမှာ စစ်ဆေးမှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် မေးခွန်းတစ်ခုကို ဖြေကြားရာမှာ ခန်းကိုလည်း စစ်ခုံရုံးမှာ စစ်ဆေးသင့်ကြောင်း စောင်းပါးရိပ်ခြေ ပြောဆိုပါတယ်။ “ ကျွန်တော့်ရဲ့ အကဲဖြတ်ချက်နဲ့ သက်သေအထောက်အထားတွေအရတော့ သူဟာ ဒီရှုပ်ထွေးမှုတွေနဲ့ စီစဉ်မှု အားလုံးကို ဖန်တီးသူ ဗိသုကာပါပဲ၊ ဒါကြောင့် သူဟာ အဲ့ဒီ အမျိုးအစားအောက်မှာ အကျုံး၀င်နေပါတယ်" လို့ မှတ်ချက်ပေးပါတယ်။

အရပ်သားတွေအပေါ် စစ်ဥပဒေကြောင်းအရ စစ်ဆေးမယ့်အတွက် လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ ဒီလိုတရားရုံးတွေဟာ ပြင်ပလူအများ တက်ရောက်လေ့လာခွင့်နဲ့ မီဒီယာများ သတင်းရယူခွင့်ကို ပိတ်ပင်ထားတတ်လို့ တရားမျှတတဲ့ တရားစီရင်မှုဖြစ်ကြောင်း အာမမခံနိုင်ဘူးလို့ ဆိုပါတယ်။ 

စွပ်စွဲခံရသူတွေအနေနဲ့ စစ်ခုံရုံးမှ စီရင်ချက်ချပြီးနောက် အထက်တရားရုံးနဲ့ တရားရုံးချုပ်တို့မှာ အယူခံဝင်ခွင့် ရှိပါတယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

စီးပွားရေး ချွတ်ခြုံကျနေတဲ့ ပါကစ္စတန်နိုင်ငံကို ဘဏ္ဍာရေး အကူအညီပေးမယ့် IMF ရဲ့ လုပ်ငန်းစဉ်တွေဟာ နှေးကွေးနေပါတယ်။ တောင်အာရှ နျူလက်နက်ပိုင် နိုင်ငံကြီးအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်ရခြင်းဟာ တရုတ်-ရုရှားနဲ့ နီးကပ်စွာ ဆက်ဆံလိုတဲ့ အင်မရန်ခန်းတို့ အမျိုးသားရေးအုပ်စုနဲ့ ဝါရှင်တန်လိုလားသူများအကြား အားပြိုင်မှုကြောင့် အဓိက ဖြစ်နေပါတယ်။

စစ်အေးခေတ် အမေရိကန်လေတပ်အခြေစိုက်စခန်းကို ခွင့်ပြုခဲ့တဲ့ တရုတ်အိမ်နီးချင်း ပါကစ္စတန်ဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်စဉ် ကာလများမှာ အိမ်ဖြူတော်ရဲ့ အထောက်အပံ့ကို အများဆုံး ရရှိခဲ့ပါတယ်။ စစ်တပ်က မီးစိမ်းပြမှသာ ဖြစ်နိုင်တာကြောင့် အင်မရန်ခန်း ဖြုတ်ချခံရမှုမှာ နိုင်ငံရဲ့ အရှိန်အဝါအကြီးဆုံးစစ်တပ် အနေနဲ့ မပြေးသော်လည်း ကန်ရာရှိနေပါတယ်။

တကယ်တော့ ဝါရှင်တန် ဒီစီ အခြေစိုက် နိုင်ငံတကာငွေကြေးရံ့ပုံငွေအဖွဲ့ IMF ဆိုတာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးဆိုင်ရာ အဓိက အေဂျင်စီတစ်ခုဖြစ်တယ် ဆိုပေမဲ့ ရွှေနဲ့ ဒေါ်လာ လဲလှယ်တဲ့ ၁၉၇၁ ခုနှစ်အထိ အမေရိကန်တစ်နိုင်ငံတည်းက သြဇာလွှမ်းမိုးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း နိုင်ငံပေါင်း ၁၉ဝ အထိ အထိ ပါဝင်လာခဲ့ပေမယ့် ဆိုဗီယက်သြဇာလွှမ်းနိုင်ငံများဟာ IMF မှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။ အာဖရိက နိုင်ငံများ လွတ်လပ်ရေး ရရှိမှုနဲ့ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းတို့ကို လေ့လာလျှင် IMF ရဲ့ တန်ခိုးထွားမှုကို တွေ့မြင်နိုင်ပါတယ်။

လက်ရှိ IMF ရဲ့ ငွေကြေး အများဆုံး တည့်ဝင်တဲ့ နိုင်ငံ (၂၅)နိုင်ငံမှာ တရုတ်-ရုရှား-အိန္ဒိယ-ဘရာဇီး-ဆော်ဒီ-တူရကီတို့ ပါဝင်ပေမယ့် ကျန်နိုင်ငံများဟာ အနောက်ယိမ်းများဖြစ်နေကြပါတယ်။ အဲဒီနိုင်ငံတွေဟာ ကျန်အဖွဲ့၀င် နိုင်ငံတွေထက် မဲတစ်မဲ ပိုပေးနိုင်တဲ့ ( SDR ) အခွင့်အရေး ရရှိပြီး အားလုံး ၈၅ ရာခိုင်နှုန်း ထောက်ခံမှသာ ဆုံးဖြတ်ချက် တစ်ရပ်ကို အတည်ပြုနိုင်ပါတယ်။

ပြည်ပနိုင်ငံများနဲ့ အမေရိကန်အနေနဲ့ ပတ်သက်ပြီး USAID လို အိမ်ဖြူတော်က အခမဲ့နီးပါး တိုက်ရိုက်အကူအညီပေးခြင်းအပြင် သူ ငွေကြေးအများဆုံး ထည့်၀င်ထားတဲ့ IMF မှတဆင့် ချေးငှားခြင်းဖြင့်လည်း သြဇာလွှမ်းမိုးမှု တည်ဆောက်နိုင်ပါတယ်။ အဲ့ဒီနေရာမှာ တရုတ်-ရုရှားအပါအ၀င် ကမ္ဘာ့ဘယ်နိုင်ငံမှ စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters., 26 May 2023,” Pakistan's Imran Khan calls for immediate talks amidst standoff with military” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


zawgyi version

ပါကစၥတန္စစ္တပ္ႏွင့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ေထာက္ခံသူမ်ား ထိပ္တိုက္ေတြ႕မႈ ပိုမိုျပင္းထန္လာ

Htay Oung (NP News) - ေမ ၂၇

ပါကစၥတန္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ ထိပ္တန္းလက္ေထာက္မ်ားနဲ႔ ေထာက္ခံသူမ်ားအေပၚ ၿဖိဳခြင္းမႈမ်ား ျပင္းထန္လာေနပါတယ္။ ေထာင္ေပါင္းမ်ားစြာ ဖမ္းဆီးခံခဲ့ရၿပီး သူ႔ရဲ႕ပါတီမွ လူအမ်ားအျပားတို႔ ႏႈတ္ထြက္သြားျခင္းတို႔က သူ႔အေပၚ ဖိအားမ်ား တိုးျမင့္လာခ်ိန္မွာ အစိုးရတာဝန္ရွိသူမ်ားနဲ႔ ခ်က္ခ်င္း ေတြ႕ဆုံေဆြးေႏြးဖို႔ ၀န္ ႀကီးခ်ဳပ္ေဟာင္း အင္မရန္ခန္းက ေသာၾကာေန႔မွာ ေတာင္းဆိုလိုက္တယ္လို႔ Reuters က ယမန္ေန႔(ေမလ ၂၆ ရက္)က ေရးသားပါတယ္။

ပါကစၥတန္စစ္တပ္ ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီးမ်ားက ႀကိဳးကိုင္ခ်ယ္လွယ္တဲ့ ပါလီမန္အယုံအၾကည္ မရွိအဆိုနဲ႔ အင္မရန္ကို ျဖဳတ္ခ်ဖယ္ရွားၿပီးေနာက္ပိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္းဟာ စစ္တပ္နဲ႔ အျပန္အလွန္ ပုတ္ခတ္မႈမ်ား လုံးေထြးေနခဲ့ပါတယ္။ ခန္းျဖဳတ္ခ်ခံရျခင္းဟာ သူတို႔နဲ႔ ဘာမွ မပတ္ဘူးလို႔ စစ္တပ္က ျငင္းဆိုထားပါတယ္။

ခန္းတစ္ေယာက္ ေခတၱဖမ္းဆီးခံရၿပီးေနာက္ပိုင္း ျပင္းထန္တဲ့ ဆႏၵျပမႈမ်ားအတြင္း ၀န္ႀကီးခ်ဳပ္ေဟာင္း ေထာက္ခံသူမ်ား ပါဝင္ပတ္သက္ေနခဲ့တဲ့ ယခုလ ေစာေစာပိုင္းမွာ တင္းမာမႈမ်ား ပိုမိုျပင္းထန္လာခဲ့ပါတယ္။

“လက္ရွိျဖစ္ပ်က္ေနမႈမ်ားနဲ႔ အေျဖထြက္လာမွာ မဟုတ္တာေၾကာင့္ ေဆြးေႏြးပြဲေတြလုပ္ဖို႔ ေမတၱာရပ္ခံလို ေၾကာင္း” YouTube မွတဆင့္ တိုက္႐ိုတ္ထုတ္လႊင့္စဥ္ ခန္းက ေျပာၾကားပါတယ္။ ပါကစၥတန္ႏိုင္ငံေတာ္ႀကီးဟာ မင္းမဲ့စ႐ိုက္ဆီသို႔ ဦးတည္ေနတယ္လို႔လည္း သတိေပးလိုက္ပါတယ္။

ဆယ္စုႏွစ္မ်ားအတြင္း အဆိုး႐ြားဆုံး စီးပြားေရးအက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရတဲ့ ပါကစၥတန္ႏိုင္ငံဟာ ႏိုင္ငံေရး မၿငိမ္သက္မႈမ်ားနဲ႔ ပိုမို အက်ည္းတန္လာခဲ့ပါတယ္။ ေငြေၾကးေဖာင္းပြမႈဟာ စံခ်ိန္တင္ျမင့္မားေနၿပီး စီးပြားေရး တိုးတက္မႈက အားရစရာ မရွိပါဘူး၊ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF က သူတို႔ရဲ႕ ေငြထုတ္ေပးမႈ ေႏွာင့္ေႏွးၾကန္႔ၾကာေနရျခင္းမ်ားကို ဖယ္ရွားမေပးခဲ့ရင္ ပါကစၥတန္အေနနဲ႔ ျပင္ပေႂကြးၿမီမ်ားအေပၚ အတိုးေရာ အရင္းပါ မဆပ္ႏိုင္ေတာ့ပဲ ပ်က္ကြက္သြားမွာကို စိုးရိမ္ရပါတယ္။

တရားဝင္ လက္နက္ကိုင္တပ္ရဲ႕ စခန္း-အေဆာက္အအုံတို႔ကို တိုက္ခိုက္ေၾကာင္း စြဲခ်က္ျဖင့္ စစ္ခုံ႐ုံးမ်ားမွာ တရားရင္ဆိုင္ဖို႔ လူေပါင္း (၃၃)ဦးကို ပါကစၥတန္တပ္မေတာ္ထံ လႊဲေျပာင္းေပးအပ္မွာ ျဖစ္ေၾကာင္း ျပည္ထဲ ေရးဝန္ႀကီး ရာနာဆာနာအူလာက ေသာၾကာေန႔မွာ ေျပာဆိုခဲ့ပါတယ္။ အဲ့ဒီအတြက္ ခန္းရဲ႕ ပါတီနဲ႔ ပါတီေထာက္ခံသူမ်ားအေပၚ ဖိအားမ်ား ျမင့္တက္လာခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ ယခုလို ေမတၱာရပ္ ခံခ်က္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

ယခု ေမလ ၉ ရက္ အင္မရန္ခန္း ဖမ္းဆီးခံရမႈဟာ ပါကစၥတန္ႏိုင္ငံတစ္ဝွမ္း ဆူပူအုံႂကြမႈမ်ား ျဖစ္ပြားခဲ့ၿပီး ဖမ္းဆီးခံရမႈမ်ား ျမင္ေတြ႕ခဲ့ရာမွာ စြပ္စြဲခံရသူ (၃၃) ဦးနဲ႔ လူေထာင္ခ်ီ ပါဝင္ေနခဲ့ပါတယ္။

သူ႔ကို ဖမ္းဆီးခဲ့တဲ့ အက်င့္ပ်က္ျခစားမႈ စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ေဟာင္းက ျငင္းဆိုထားပါတယ္။ အဲဒီေနာက္ပိုင္း အာမခံျဖင့္ လြတ္ေျမာက္လာေပမယ့္ ခန္းနဲ႔ ပါကစၥတန္ ၾသဇာႀကီး စစ္ဗိုလ္ခ်ဳပ္မ်ားအၾကား ထိပ္တိုက္ေတြ႕မႈမ်ားမွာ ပိုၿပီး ျပင္းထန္လာပါတယ္။

စစ္တပ္ကို လႊဲေျပာင္းေပးအပ္ခံရတဲ့ စြပ္စြဲခံရသူေတြဟာ အလြန္ထိရွလြယ္ကူတဲ့ ကာကြယ္ေရးဆိုင္ရာ စခန္း-အေဆာက္အအုံတို႔ကို လြန္က်ဴးဝင္ေရာက္လာသူေတြျဖစ္တယ္လို႔ အစၥလာမ္မာဘတ္ သတင္းစာရွင္းလင္းပြဲမွာ ပါကစၥတန္ျပည္ထဲေရးဝန္ႀကီးက ေျပာပါတယ္။ ဆႏၵျပသူေတြဟာ အေရးႀကီး ကိရိယာမ်ား၊ ကြန္ပ်ဴတာမ်ားနဲ႔ ေဒတာ စုေဆာင္းျခင္းဆိုင္ရာ အျခားရင္းျမစ္မ်ားကို ဖ်က္ဆီး သို႔မဟုတ္ ခိုးယူသြားေၾကာင္း အေထာက္အထားမ်ားက ျပသေနတယ္လို႔ ဆိုပါတယ္။

အဲဒီ နယ္နိမိတ္ျပင္ပ က်ဴးလြန္ေဖာက္ဖ်က္မႈမ်ားမွာ ပါဝင္ပတ္သက္သူမ်ားကိုေတာ့ အားလုံးသိမ္းႀကဳံးၿပီး စစ္ဘက္ဆိုင္ရာ တရား႐ုံးမ်ားမွာ စစ္ေဆးမႈမ်ား ျပဳလုပ္မည္ မဟုတ္ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ေမးခြန္းတစ္ခုကို ေျဖၾကားရာမွာ ခန္းကိုလည္း စစ္ခုံ႐ုံးမွာ စစ္ေဆးသင့္ေၾကာင္း ေစာင္းပါးရိပ္ေျခ ေျပာဆိုပါတယ္။ “ ကြၽန္ေတာ့္ရဲ႕ အကဲျဖတ္ခ်က္နဲ႔ သက္ေသအေထာက္အထားေတြအရေတာ့ သူဟာ ဒီရႈပ္ေထြးမႈေတြနဲ႔ စီစဥ္မႈ အားလုံးကို ဖန္တီးသူ ဗိသုကာပါပဲ၊ ဒါေၾကာင့္ သူဟာ အဲ့ဒီ အမ်ိဳးအစားေအာက္မွာ အက်ဳံး၀င္ေနပါတယ္" လို႔ မွတ္ခ်က္ေပးပါတယ္။

အရပ္သားေတြအေပၚ စစ္ဥပေဒေၾကာင္းအရ စစ္ေဆးမယ့္အတြက္ လူ႔အခြင့္အေရးအဖြဲ႕ေတြက စိုးရိမ္မႈေတြ ျမင့္တက္လာေနပါတယ္။ ဒီလိုတရား႐ုံးေတြဟာ ျပင္ပလူအမ်ား တက္ေရာက္ေလ့လာခြင့္နဲ႔ မီဒီယာမ်ား သတင္းရယူခြင့္ကို ပိတ္ပင္ထားတတ္လို႔ တရားမွ်တတဲ့ တရားစီရင္မႈျဖစ္ေၾကာင္း အာမမခံႏိုင္ဘူးလို႔ ဆိုပါတယ္။ 

စြပ္စြဲခံရသူေတြအေနနဲ႔ စစ္ခုံ႐ုံးမွ စီရင္ခ်က္ခ်ၿပီးေနာက္ အထက္တရား႐ုံးနဲ႔ တရား႐ုံးခ်ဳပ္တို႔မွာ အယူခံဝင္ခြင့္ ရွိပါတယ္လို႔ ပါကစၥတန္ ျပည္ထဲေရးဝန္ႀကီးက ေျပာပါတယ္။

စီးပြားေရး ခြၽတ္ၿခဳံက်ေနတဲ့ ပါကစၥတန္ႏိုင္ငံကို ဘ႑ာေရး အကူအညီေပးမယ့္ IMF ရဲ႕ လုပ္ငန္းစဥ္ေတြဟာ ေႏွးေကြးေနပါတယ္။ ေတာင္အာရွ န်ဴလက္နက္ပိုင္ ႏိုင္ငံႀကီးအတြင္း ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္ရျခင္းဟာ တ႐ုတ္-႐ုရွားနဲ႔ နီးကပ္စြာ ဆက္ဆံလိုတဲ့ အင္မရန္ခန္းတို႔ အမ်ိဳးသားေရးအုပ္စုနဲ႔ ဝါရွင္တန္လိုလားသူမ်ားအၾကား အားၿပိဳင္မႈေၾကာင့္ အဓိက ျဖစ္ေနပါတယ္။

စစ္ေအးေခတ္ အေမရိကန္ေလတပ္အေျခစိုက္စခန္းကို ခြင့္ျပဳခဲ့တဲ့ တ႐ုတ္အိမ္နီးခ်င္း ပါကစၥတန္ဟာ အာဏာသိမ္း စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား အုပ္ခ်ဳပ္စဥ္ ကာလမ်ားမွာ အိမ္ျဖဴေတာ္ရဲ႕ အေထာက္အပံ့ကို အမ်ားဆုံး ရရွိခဲ့ပါတယ္။ စစ္တပ္က မီးစိမ္းျပမွသာ ျဖစ္ႏိုင္တာေၾကာင့္ အင္မရန္ခန္း ျဖဳတ္ခ်ခံရမႈမွာ ႏိုင္ငံရဲ႕ အရွိန္အဝါအႀကီးဆုံးစစ္တပ္ အေနနဲ႔ မေျပးေသာ္လည္း ကန္ရာရွိေနပါတယ္။

တကယ္ေတာ့ ဝါရွင္တန္ ဒီစီ အေျခစိုက္ ႏိုင္ငံတကာေငြေၾကးရံ႕ပုံေငြအဖြဲ႕ IMF ဆိုတာ ကမာၻ႔ကုလသမဂၢရဲ႕ ဘ႑ာေရးဆိုင္ရာ အဓိက ေအဂ်င္စီတစ္ခုျဖစ္တယ္ ဆိုေပမဲ့ ေ႐ႊနဲ႔ ေဒၚလာ လဲလွယ္တဲ့ ၁၉၇၁ ခုႏွစ္အထိ အေမရိကန္တစ္ႏိုင္ငံတည္းက ၾသဇာလႊမ္းမိုးခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္း ႏိုင္ငံေပါင္း ၁၉ဝ အထိ အထိ ပါဝင္လာခဲ့ေပမယ့္ ဆိုဗီယက္ၾသဇာလႊမ္းႏိုင္ငံမ်ားဟာ IMF မွာ ပါဝင္ျခင္း မရွိခဲ့ပါဘူး။ အာဖရိက ႏိုင္ငံမ်ား လြတ္လပ္ေရး ရရွိမႈနဲ႔ ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ယူနီယံ ၿပိဳကြဲျခင္းတို႔ကို ေလ့လာလွ်င္ IMF ရဲ႕ တန္ခိုးထြားမႈကို ေတြ႕ျမင္ႏိုင္ပါတယ္။

လက္ရွိ IMF ရဲ႕ ေငြေၾကး အမ်ားဆုံး တည့္ဝင္တဲ့ ႏိုင္ငံ (၂၅)ႏိုင္ငံမွာ တ႐ုတ္-႐ုရွား-အိႏၵိယ-ဘရာဇီး-ေဆာ္ဒီ-တူရကီတို႔ ပါဝင္ေပမယ့္ က်န္ႏိုင္ငံမ်ားဟာ အေနာက္ယိမ္းမ်ားျဖစ္ေနၾကပါတယ္။ အဲဒီႏိုင္ငံေတြဟာ က်န္အဖြဲ႕၀င္ ႏိုင္ငံေတြထက္ မဲတစ္မဲ ပိုေပးႏိုင္တဲ့ ( SDR ) အခြင့္အေရး ရရွိၿပီး အားလုံး ၈၅ ရာခိုင္ႏႈန္း ေထာက္ခံမွသာ ဆုံးျဖတ္ခ်က္ တစ္ရပ္ကို အတည္ျပဳႏိုင္ပါတယ္။

ျပည္ပႏိုင္ငံမ်ားနဲ႔ အေမရိကန္အေနနဲ႔ ပတ္သက္ၿပီး USAID လို အိမ္ျဖဴေတာ္က အခမဲ့နီးပါး တိုက္႐ိုက္အကူအညီေပးျခင္းအျပင္ သူ ေငြေၾကးအမ်ားဆုံး ထည့္၀င္ထားတဲ့ IMF မွတဆင့္ ေခ်းငွားျခင္းျဖင့္လည္း ၾသဇာလႊမ္းမိုးမႈ တည္ေဆာက္ႏိုင္ပါတယ္။ အဲ့ဒီေနရာမွာ တ႐ုတ္-႐ုရွားအပါအ၀င္ ကမာၻ႔ဘယ္ႏိုင္ငံမွ စြမ္းေဆာင္ႏိုင္ျခင္း မရွိေသးပါဘူး။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

(Reuters., 26 May 2023,” Pakistan's Imran Khan calls for immediate talks amidst standoff with military” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အယ်ရှာဘတ် စစ်သွေးကြွအုပ်စုက ဆိုမာလီယာနိုင်ငံရှိ အာဖရိက ငြိမ်းချမ်းရေးတပ်ဖွဲ့များကို တိုက်ခိုက်

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved