ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ နှစ်ပါတီလောက်မပါရုံနဲ့ ဒီမိုကရေစီပျက်စီးသွားတယ်လို့ ပြောလို့မရကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NP News) - မေ ၂၇
လာမယ့်ဇူလိုင်လအတွင်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ တစ်ပါတီ ဒါမှမဟုတ် နှစ်ပါတီလောက်မပါရုံနဲ့ ကမ္ဘာဒီးယားနိုင်ငံရဲ့ဒီမိုကရေစီ ပျက်စီးသွားတယ်လို့ပြောဆိုလို့မရကြောင်း ကမ္ဘောဒီး ယားဝန်ကြီးချုပ်ဟွန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအတွင်း ဇူလိုင်လ ၂၃ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း (၁၈) ပါတီပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး လွတ်လပ်မျှတစွာကျင်းပသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်ကပြောပါတယ်။
ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်ဟာ အဓိကအတိုက်ခံပါတီဖြစ်တဲ့ Candlelight Party ပါတီ၊ Khmer United Great Nation Party ပါတီတို့က သတ်မှတ်ထားတဲ့ရွေးကောက်ပွဲစည်းကမ်းများနဲ့ကိုက်ညီမှုမရှိဟုဆိုကာ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်မပေးခဲ့ကြောင်းသိရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲကော်မရှင်ရဲ့ငြင်းဆန်ပယ်ချမှုဟာ ၁၉၉၁ ခုနှစ်က သဘောတူညီထားတဲ့ ပဲရစ်ငြိမ်းချမ်းရေးသဘောတူညီချက်ကိုချိုးဖောက်ခြင်းမရှိသလို ကမ္ဘာဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ချိုးဖောက်ခြင်းမရှိကြောင်း၊ ကမ္ဘောဒီးယား ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အတိုက်ခံပါတီအဖြစ် အတိအကျသတ်မှတ်ထားခြင်းမျိုးမရှိဘဲ ပါတီလစ်ဘရယ်ဒီမိုကရေစီဆိုတဲ့အသုံးအနှုန်းမျိုးသာပါဝင်ကြောင်းပြောပါတယ်။
ရွေးကောက်ပွဲအတွင်းအဓိက အတိုက်ခံပါတီတွေကိုပါဝင်ယှဉ်ပြိုင်ခွင့်မပေးခြင်းကြောင့် ကမ္ဘောဒီးယားအစိုးရကို ဝေဖန်ပြစ်မှုများရှိနေကြောင်း သိရပါတယ်။ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်မရတဲ့ နိုင်ငံရေးပါတီနှစ်ခုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကိုအယူခံတင်သွင်းခဲ့ပေမယ့် ပယ်ချခံရကြောင်းသိရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြည်ပနိုင်ငံများ နဲ့ ၎င်းတို့ရဲ့သံတမန်တွေအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ခြင်းမျိုးမလုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြိုတင်သတိပေးထားကြောင်းသိရပါတယ်။
zawgyi version
ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီ ႏွစ္ပါတီေလာက္မပါ႐ုံနဲ႔ ဒီမိုကေရစီပ်က္စီးသြားတယ္လို႔ ေျပာလို႔မရေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂၇
လာမယ့္ဇူလိုင္လအတြင္း က်င္းပမယ့္ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီ တစ္ပါတီ ဒါမွမဟုတ္ ႏွစ္ပါတီေလာက္မပါ႐ုံနဲ႔ ကမာၻဒီးယားႏိုင္ငံရဲ႕ဒီမိုကေရစီ ပ်က္စီးသြားတယ္လို႔ေျပာဆိုလို႔မရေၾကာင္း ကေမာၻဒီး ယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ကေမာၻဒီးယားႏိုင္ငံအတြင္း ဇူလိုင္လ ၂၃ ရက္မွာက်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ႏိုင္ငံေရးပါတီေပါင္း (၁၈) ပါတီပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး လြတ္လပ္မွ်တစြာက်င္းပသြားမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေျပာပါတယ္။
ကေမာၻဒီးယား ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ အဓိကအတိုက္ခံပါတီျဖစ္တဲ့ Candlelight Party ပါတီ၊ Khmer United Great Nation Party ပါတီတို႔က သတ္မွတ္ထားတဲ့ေ႐ြးေကာက္ပြဲစည္းကမ္းမ်ားနဲ႔ကိုက္ညီမႈမရွိဟုဆိုကာ ေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္ခြင့္မေပးခဲ့ေၾကာင္းသိရပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ျငင္းဆန္ပယ္ခ်မႈဟာ ၁၉၉၁ ခုႏွစ္က သေဘာတူညီထားတဲ့ ပဲရစ္ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကိုခ်ိဳးေဖာက္ျခင္းမရွိသလို ကမာၻဒီးယားဖြဲ႕စည္းပုံအေျခခံဥပေဒကိုလည္း ခ်ိဳးေဖာက္ျခင္းမရွိေၾကာင္း၊ ကေမာၻဒီးယား ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ အတိုက္ခံပါတီအျဖစ္ အတိအက်သတ္မွတ္ထားျခင္းမ်ိဳးမရွိဘဲ ပါတီလစ္ဘရယ္ဒီမိုကေရစီဆိုတဲ့အသုံးအႏႈန္းမ်ိဳးသာပါဝင္ေၾကာင္းေျပာပါတယ္။
ေ႐ြးေကာက္ပြဲအတြင္းအဓိက အတိုက္ခံပါတီေတြကိုပါဝင္ယွဥ္ၿပိဳင္ခြင့္မေပးျခင္းေၾကာင့္ ကေမာၻဒီးယားအစိုးရကို ေဝဖန္ျပစ္မႈမ်ားရွိေနေၾကာင္း သိရပါတယ္။ ေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ခြင့္မရတဲ့ ႏိုင္ငံေရးပါတီႏွစ္ခုဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ခုံ႐ုံးကိုအယူခံတင္သြင္းခဲ့ေပမယ့္ ပယ္ခ်ခံရေၾကာင္းသိရပါတယ္။
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က ျပည္ပႏိုင္ငံမ်ား နဲ႔ ၎တို႔ရဲ႕သံတမန္ေတြအေနနဲ႔ ကေမာၻဒီးယားႏိုင္ငံမွာက်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္ျခင္းမ်ိဳးမလုပ္ေဆာင္ဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႀကိဳတင္သတိေပးထားေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်ရာ ပြည်တွင်း/ပြည်ပသတင်းများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ