Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံမှာ နေ့စဉ်အနိမ့်ဆုံးလုပ်ခလစာ တိုးမြင့်စေဖို့ ချက်ချင်းမဖြစ်နိုင်ပေမယ့် စဉ်းစားလုပ်ဆောင်မှာဖြစ်ကြောင်း Move Forward ပါတီခေါင်းဆောင်ပြေ

ဂျန်ဇက် (NP News) - မေ ၂၅

မကြာသေးမီက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရထားတဲ့ Move Forward Party (MFP) ပါတီခေါင်းဆောင် ပီတာ က ၎င်းတို့ ညွှန်ပေါင်းအစိုးရဖြစ်လာမယ်ဆိုရင် အနည်းဆုံးလုပ်ခလစာကို ချက်ချင်း တိုးမြင့်ပေးမှာ မဟုတ်ပေမယ့် နိုင်ငံစီးပွားရေးနဲ့ နိုင်ငံလုပ်ငန်းများ ထိခိုက်မှုမရှိအောင် အနည်းဆုံး နေ့စဉ် လုပ်ခလစာတိုးမြင့်နိုင်အောင် ကျိုးကြောင်းဆီလျော်မှုတွေကို ရှာဖွေသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ နေ့စဉ်လုပ်ခတွေထဲ အနိမ်ဆုံးလုပ်ခလစာကို ဘတ် ၄၅ဝ အထိ တိုးမြင့်ပေးသွားမှာ ဖြစ်ကြောင်း ပီတာက ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလအတွင်း ပြောခဲ့ဖူးပါတယ်။ Move Forward Party ပါတီခေါင်းဆောင်က ၎င်းတို့အစိုးရဖြစ်ချိန်မှာ အနိမ့်ဆုံးနေ့စဉ် လုပ်ခလစာဘတ် ၄၅ဝ ကို တိုးမြင့်ပေးနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

Move Forward Party (MFP) ပါတီခေါင်းဆောင်ပီတာ က ၎င်းတို့ပါတီအနေနဲ့ အနည်းဆုံးလုပ်ခလစာ ဘတ် ၄၅ဝ ကို တိုးမြင့်ပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း၊ ဒါပေမယ့် ညွှန်ပေါင်းအစိုးရအဖွဲ့အတွင်း ပါဝင်နေတဲ့ ပါတီများနဲ့ တိုးမြင့် မယ့် လုပ်ခလစာအသစ် သတ်မှတ်မှုတွေကို ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ပီတာ က "ချက်ချင်းကြီး လုပ်ခလစာတိုးဖို့ ဆိုတာမဖြစ်နိုင်ဘူး။ လုပ်ခလစာ တိုးမြင့်ရေးဆိုတဲ့အချက်ဟာ နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်သမားတွေရဲ့စွမ်းဆောင်ရည်တွေကို အဓိကထား အခြေခံပြီး တိုးမြင့်ရမှာပါ" လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ဘန်ကောက်မြို့ရှိ အလုပ်သမားတွေရဲ့နေ့စဉ် အနိမ့်ဆုံးလုပ်ခလစာဟာ ဘတ် ၃၅၃ ဘတ်ဖြစ်ပြီး ချွန်ဘူရီဒေသရှိ အလုပ်သမားတွေရဲ့နေ့စဉ် အနိမ့်ဆုံးလုပ်ခလစာဟာ ဘတ် ၃၅၄ ဘတ် ဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားတွေ လုပ်ခလစာရရှိမှုဟာ တစ်နေရာနဲ့ တစ်နေရာ မတူညီဘဲ ထိုင်းနိုင်ငံရှိ အခြားဒေသများရဲ့ နေ့စဉ်အနိမ့်ဆုံး လုပ်ခလစာဟာ နည်းပါးလျက်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ ေန႔စဥ္အနိမ့္ဆုံးလုပ္ခလစာ တိုးျမင့္ေစဖို႔ ခ်က္ခ်င္းမျဖစ္ႏိုင္ေပမယ့္ စဥ္းစားလုပ္ေဆာင္မွာျဖစ္ေၾကာင္း Move Forward ပါတီေခါင္းေဆာင္ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂၅

မၾကာေသးမီက က်င္းပခဲ့တဲ့ ထိုင္းေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးနဲ႔ အႏိုင္ရထားတဲ့ Move Forward Party (MFP) ပါတီေခါင္းေဆာင္ ပီတာ က ၎တို႔ ၫႊန္ေပါင္းအစိုးရျဖစ္လာမယ္ဆိုရင္ အနည္းဆုံးလုပ္ခလစာကို ခ်က္ခ်င္း တိုးျမင့္ေပးမွာ မဟုတ္ေပမယ့္ ႏိုင္ငံစီးပြားေရးနဲ႔ ႏိုင္ငံလုပ္ငန္းမ်ား ထိခိုက္မႈမရွိေအာင္ အနည္းဆုံး ေန႔စဥ္ လုပ္ခလစာတိုးျမင့္ႏိုင္ေအာင္ က်ိဳးေၾကာင္းဆီေလ်ာ္မႈေတြကို ရွာေဖြသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာ လက္ရွိ ေန႔စဥ္လုပ္ခေတြထဲ အနိမ္ဆုံးလုပ္ခလစာကို ဘတ္ ၄၅ဝ အထိ တိုးျမင့္ေပးသြားမွာ ျဖစ္ေၾကာင္း ပီတာက ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးခ်ိန္ကာလအတြင္း ေျပာခဲ့ဖူးပါတယ္။ Move Forward Party ပါတီေခါင္းေဆာင္က ၎တို႔အစိုးရျဖစ္ခ်ိန္မွာ အနိမ့္ဆုံးေန႔စဥ္ လုပ္ခလစာဘတ္ ၄၅ဝ ကို တိုးျမင့္ေပးႏိုင္ေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

Move Forward Party (MFP) ပါတီေခါင္းေဆာင္ပီတာ က ၎တို႔ပါတီအေနနဲ႔ အနည္းဆုံးလုပ္ခလစာ ဘတ္ ၄၅ဝ ကို တိုးျမင့္ေပးႏိုင္ဖို႔ ရည္႐ြယ္ထားေၾကာင္း၊ ဒါေပမယ့္ ၫႊန္ေပါင္းအစိုးရအဖြဲ႕အတြင္း ပါဝင္ေနတဲ့ ပါတီမ်ားနဲ႔ တိုးျမင့္ မယ့္ လုပ္ခလစာအသစ္ သတ္မွတ္မႈေတြကို ေဆြးေႏြးဖို႔ လိုအပ္ေၾကာင္း ေျပာပါတယ္။

ပီတာ က "ခ်က္ခ်င္းႀကီး လုပ္ခလစာတိုးဖို႔ ဆိုတာမျဖစ္ႏိုင္ဘူး။ လုပ္ခလစာ တိုးျမင့္ေရးဆိုတဲ့အခ်က္ဟာ ႏိုင္ငံ့ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ၊ ေငြေၾကးေဖာင္းပြမႈ၊ အလုပ္သမားေတြရဲ႕စြမ္းေဆာင္ရည္ေတြကို အဓိကထား အေျခခံၿပီး တိုးျမင့္ရမွာပါ" လို႔ ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ဘန္ေကာက္ၿမိဳ႕ရွိ အလုပ္သမားေတြရဲ႕ေန႔စဥ္ အနိမ့္ဆုံးလုပ္ခလစာဟာ ဘတ္ ၃၅၃ ဘတ္ျဖစ္ၿပီး ခြၽန္ဘူရီေဒသရွိ အလုပ္သမားေတြရဲ႕ေန႔စဥ္ အနိမ့္ဆုံးလုပ္ခလစာဟာ ဘတ္ ၃၅၄ ဘတ္ ျဖစ္ေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံအတြင္း အလုပ္သမားေတြ လုပ္ခလစာရရွိမႈဟာ တစ္ေနရာနဲ႔ တစ္ေနရာ မတူညီဘဲ ထိုင္းႏိုင္ငံရွိ အျခားေဒသမ်ားရဲ႕ ေန႔စဥ္အနိမ့္ဆုံး လုပ္ခလစာဟာ နည္းပါးလ်က္ရွိေနေၾကာင္း သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အဆိုတော် ဗျူဟာကို ဖမ်းတာ မှန်သလား/မှားသလားနဲ့ ဗျူဟာရဲ့ ဦးနှောက်အရည်အသွေး ၊ ပခုက္ကူ-ရေစကြိုတဝိုက်က ပညာရေးဝန်ထမ်းတွေရဲ့ ဘဝနဲ့ တိုင်းအစိုးရကို မေးခွန်းထုတ်ခြင်း ၊ စာရေးဆရာ ဝေဟင်အောင် ရဲ့ဖြစ်စဉ် (၂၄-၅-၂ဝ၂၃)

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved