Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်းရှိ၊ မရှိကို ယာဥ်ထိန်းရဲများအနေဖြင့် အရှိန်မြှင့်စစ်ဆေးဆောင်ရွက်နေ

ယွန်း (NP News) - မေ ၂၅

ရန်ကုန်၊ မန္တလေး အပါအဝင် ‌ဒေသအသီးသီး၌ ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်းမရှိသေးသည့် မော်တော်ယာဥ်များကို ယခုလ(မေလ)အတွင်း စစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ စစ်ဆေးမှုများသည် မေလနောက်ဆုံးပတ်(မေလ  ၂ဝ ရက်)မှစတင်ကာ ပိုမိုအရှိန်မြှင့် ဆောင် ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။ 

ကညနအနေဖြင့် မော်တော်ယာဉ်များအားလုံးကို ၂ဝ၂၃ ခုနှစ် မတ်လ (၃၁)ရက်တွင် ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ပြောင်းလဲတပ်ဆင်ခြင်းကို အပြီးဆောင်ရွက်ရန် ကြေညာထားခဲ့ပြီးဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ဧပြီလကိုလည်း ပညာပေးကာလအဖြစ် သတ်မှတ်ထားသည့်အတွက် မော်တော်ယာဥ်များ ဖောင်းကြွနံပါတ်ပြားများတပ်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကာလကို ကျော်လွန်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကညနမှ ထုတ်ပြန်ထားခဲ့သည်။

ထို့ကြောင့် ယခုလ(မေလ)အတွင်းမှစ၍ မော်တော်ယာဥ်များအနေဖြင့် ဖောင်းကြွနံပါတ်ပြားများ လဲလှယ်ထားခြင်းရှိ၊ မရှိကို အရှိန်မြှင့်တင်ဆောင်ရွက်နေပြီး စစ်‌ဆေးအရေးယူခြင်းများလည်း ရှိလာခဲ့ကြောင်း သိရသည်။

“ဝေဇယန္တာလမ်းနဲ့ သံသုမာလမ်းထောင့်နားမှာ အစစ်ခံရတယ်။ အရင်ဆုံး ယာဥ်မောင်းလိုင်စင်နဲ့ ဝှီးတက် ကိုစစ်တယ်။ ပြီးတော့ ကားကလိုင်စင်ပြားမပြောင်းရသေးဘူးလား။ ပြောင်းဖို့အစီအစဥ်ရှိလားလို့ မေးတယ်”ဟု မော်တော်ယာဥ်နံပါတ်ပြားနှင့်ပတ်သက်ပြီး အစစ်ဆေးခံခဲ့ရသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် မော်တော်ယာဥ်အားလုံး၏ (၈ဝ)ရာခိုင်နှုန်းခန့်သည် ဖောင်းကြွနံပါတ်များ ပြောင်းလဲတပ်ဆင်ထားပြီးဖြစ်ကြောင်းသိရပြီး နံပါတ်ပြား မပြောင်းလဲရသေးသည့် မော်တော်ယာဥ်များမှာ (၂ဝ)ရာခိုင်နှုန်းခန့်သာရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

စစ်ဆေးရာတွင်လည်း အများအားဖြင့် မီးပွိုင့်များမှ ထွက်လာသည့်အချိန်တွင် စစ်‌ဆေးခြင်းကြောင့် ယာဥ်ကြောပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ကားတွေကမီးပွိုင့်စိမ်းလို့ထွက်လာတဲ့အချိန်မှာ သူတို့က နံပါတ်ပြားမတပ်ရသေးတဲ့ ကားတွေကို တားပြီးစစ်ကြတယ်။ အဲဒီတော့ မီးပွိုင့်တွေမှာ ကားတွေက မလိုအပ်ပဲ ပိတ်ကုန်တယ်။ တကယ်ဆိုရင် မီးပွိုင့်နဲ့လွတ်တဲ့နေရာမှာ စစ်ရင်ပိုအဆင်ပြေတာပေါ့ ယာဥ်ကြောပိတ်‌တာတွေလည်း မဖြစ်နိုင်တော့ဘူး” ဟု အထက်ပါသတင်းအရင်းအမြစ်မှ ဆက်လက်ပြောဆိုထားသည်။ 

ထိုသို့ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင်ယာဉ်များ၌ တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်ပြီး မော်တော်ယာဉ် တည်ရှိသည့်မြို့နယ်ကိုပါ ခွဲခြားသိရှိနိုင်ကြောင်း ကညနမှ ဆိုထားသည်။

မေလ တတိယပတ် (မေလ ၁၅ ရက်)မှစတင်ပြီး ဖောင်းကြွနံပါတ်ပြားတပ်ဆင်ရန်ကျန်ရှိသည့် မော်တော်ယာဉ်များ အပါအဝင် နံပါတ်ပြားယူထားကြောင်း အထောက်အထားမပြနိုင်သည့် မော်တော် ယာဉ်များအား မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (Wheel Tax) ကို သိမ်းယူသွားမည် ဖြစ်ကြောင်း ကညနမှ အသိပေးကြေညာထားပြီးဖြစ်သည်။

သို့သော် လက်ရှိတွင် မော်တော်ယာဥ်နံပါတ်ပြားများကို စစ်ဆေးမှုများပြုလုပ်ရာ၌ ဒဏ်ကြေးငွေ (၁ဝဝဝဝ) ကျပ် မှ (၃ဝဝဝဝ)ကျပ်အထိ ပေးဆောင်စေခြင်းများရှိနေပြီး အဆိုပါ ဒဏ်ကြေးငွေများသည် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပြောင်းလဲသွားခြင်း(သို့မဟုတ်) မည်သည့်နေရာသို့ ရောက်ရှိသွားခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက အများပြည်သူအား ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိ‌သေးပေ။ 

မြန်မာတစ်နိုင်ငံလုံး၌ ပုဂ္ဂလိပိုင် လူစီးမော်တော်ယာဉ်အစီးရေသည် စုစုပေါင်း (၆)သိန်းနှင့်အထက် ရှိကြောင်း ကညန၏ သတင်းအချက်အလက်များအရ သိရသည်။


zawgyi version

ေဖာင္းႂကြနံပါတ္ျပား ေျပာင္းလဲတပ္ဆင္ျခင္းရွိ၊ မရွိကို ယာဥ္ထိန္းရဲမ်ားအေနျဖင့္ အရွိန္ျမႇင့္စစ္ေဆးေဆာင္႐ြက္ေန

ယြန္း (NP News) - ေမ ၂၅

ရန္ကုန္၊ မႏၲေလး အပါအဝင္ ‌ေဒသအသီးသီး၌ ေဖာင္းႂကြနံပါတ္ျပား ေျပာင္းလဲတပ္ဆင္ျခင္းမရွိေသးသည့္ ေမာ္ေတာ္ယာဥ္မ်ားကို ယခုလ(ေမလ)အတြင္း စစ္ေဆးအေရးယူမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ 

အဆိုပါ စစ္ေဆးမႈမ်ားသည္ ေမလေနာက္ဆုံးပတ္(ေမလ  ၂ဝ ရက္)မွစတင္ကာ ပိုမိုအရွိန္ျမႇင့္ ေဆာင္ ႐ြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။ 

ကညနအေနျဖင့္ ေမာ္ေတာ္ယာဥ္မ်ားအားလုံးကို ၂ဝ၂၃ ခုႏွစ္ မတ္လ (၃၁)ရက္တြင္ ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္ေျပာင္းလဲတပ္ဆင္ျခင္းကို အၿပီးေဆာင္႐ြက္ရန္ ေၾကညာထားခဲ့ၿပီးျဖစ္သည္။

သို႔ေသာ္ ၿပီးခဲ့သည့္ ဧၿပီလကိုလည္း ပညာေပးကာလအျဖစ္ သတ္မွတ္ထားသည့္အတြက္ ေမာ္ေတာ္ယာဥ္မ်ား ေဖာင္းႂကြနံပါတ္ျပားမ်ားတပ္ဆင္ျခင္းကို ဆက္လက္ေဆာင္႐ြက္ေပးခဲ့ၿပီး အဆိုပါကာလကို ေက်ာ္လြန္ပါက အေရးယူေဆာင္႐ြက္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ကညနမွ ထုတ္ျပန္ထားခဲ့သည္။

ထို႔ေၾကာင့္ ယခုလ(ေမလ)အတြင္းမွစ၍ ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ ေဖာင္းႂကြနံပါတ္ျပားမ်ား လဲလွယ္ထားျခင္းရွိ၊ မရွိကို အရွိန္ျမႇင့္တင္ေဆာင္႐ြက္ေနၿပီး စစ္‌ေဆးအေရးယူျခင္းမ်ားလည္း ရွိလာခဲ့ေၾကာင္း သိရသည္။

“ေဝဇယႏၲာလမ္းနဲ႔ သံသုမာလမ္းေထာင့္နားမွာ အစစ္ခံရတယ္။ အရင္ဆုံး ယာဥ္ေမာင္းလိုင္စင္နဲ႔ ဝွီးတက္ ကိုစစ္တယ္။ ၿပီးေတာ့ ကားကလိုင္စင္ျပားမေျပာင္းရေသးဘူးလား။ ေျပာင္းဖို႔အစီအစဥ္ရွိလားလို႔ ေမးတယ္”ဟု ေမာ္ေတာ္ယာဥ္နံပါတ္ျပားႏွင့္ပတ္သက္ၿပီး အစစ္ေဆးခံခဲ့ရသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ေမာ္ေတာ္ယာဥ္အားလုံး၏ (၈ဝ)ရာခိုင္ႏႈန္းခန႔္သည္ ေဖာင္းႂကြနံပါတ္မ်ား ေျပာင္းလဲတပ္ဆင္ထားၿပီးျဖစ္ေၾကာင္းသိရၿပီး နံပါတ္ျပား မေျပာင္းလဲရေသးသည့္ ေမာ္ေတာ္ယာဥ္မ်ားမွာ (၂ဝ)ရာခိုင္ႏႈန္းခန႔္သာရွိေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

စစ္ေဆးရာတြင္လည္း အမ်ားအားျဖင့္ မီးပြိဳင့္မ်ားမွ ထြက္လာသည့္အခ်ိန္တြင္ စစ္‌ေဆးျခင္းေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား အခ်ိန္ၾကာျမင့္စြာျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

“ကားေတြကမီးပြိဳင့္စိမ္းလို႔ထြက္လာတဲ့အခ်ိန္မွာ သူတို႔က နံပါတ္ျပားမတပ္ရေသးတဲ့ ကားေတြကို တားၿပီးစစ္ၾကတယ္။ အဲဒီေတာ့ မီးပြိဳင့္ေတြမွာ ကားေတြက မလိုအပ္ပဲ ပိတ္ကုန္တယ္။ တကယ္ဆိုရင္ မီးပြိဳင့္နဲ႔လြတ္တဲ့ေနရာမွာ စစ္ရင္ပိုအဆင္ေျပတာေပါ့ ယာဥ္ေၾကာပိတ္‌တာေတြလည္း မျဖစ္ႏိုင္ေတာ့ဘူး” ဟု အထက္ပါသတင္းအရင္းအျမစ္မွ ဆက္လက္ေျပာဆိုထားသည္။ 

ထိုသို႔ ေဖာင္းႂကြနံပါတ္ျပားပုံစံအသစ္ ေျပာင္းလဲတပ္ဆင္ျခင္းျဖင့္ ေမာ္ေတာ္ယာဥ္နံပါတ္ျပားကို အျခားတရားမဝင္ယာဥ္မ်ား၌ တပ္ဆင္အသုံးျပဳမႈကို ထိန္းခ်ဳပ္တားဆီးႏိုင္ၿပီး ေမာ္ေတာ္ယာဥ္ တည္ရွိသည့္ၿမိဳ႕နယ္ကိုပါ ခြဲျခားသိရွိႏိုင္ေၾကာင္း ကညနမွ ဆိုထားသည္။

ေမလ တတိယပတ္ (ေမလ ၁၅ ရက္)မွစတင္ၿပီး ေဖာင္းႂကြနံပါတ္ျပားတပ္ဆင္ရန္က်န္ရွိသည့္ ေမာ္ေတာ္ယာဥ္မ်ား အပါအဝင္ နံပါတ္ျပားယူထားေၾကာင္း အေထာက္အထားမျပႏိုင္သည့္ ေမာ္ေတာ္ ယာဥ္မ်ားအား ေမာ္ေတာ္ယာဥ္မွတ္ပုံတင္ သက္ေသခံလက္မွတ္ (Wheel Tax) ကို သိမ္းယူသြားမည္ ျဖစ္ေၾကာင္း ကညနမွ အသိေပးေၾကညာထားၿပီးျဖစ္သည္။

သို႔ေသာ္ လက္ရွိတြင္ ေမာ္ေတာ္ယာဥ္နံပါတ္ျပားမ်ားကို စစ္ေဆးမႈမ်ားျပဳလုပ္ရာ၌ ဒဏ္ေၾကးေငြ (၁ဝဝဝဝ) က်ပ္ မွ (၃ဝဝဝဝ)က်ပ္အထိ ေပးေဆာင္ေစျခင္းမ်ားရွိေနၿပီး အဆိုပါ ဒဏ္ေၾကးေငြမ်ားသည္ ႏိုင္ငံေတာ္ဘ႑ာေငြအျဖစ္ ေျပာင္းလဲသြားျခင္း(သို႔မဟုတ္) မည္သည့္ေနရာသို႔ ေရာက္ရွိသြားျခင္းကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက အမ်ားျပည္သူအား ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိ‌ေသးေပ။ 

ျမန္မာတစ္ႏိုင္ငံလုံး၌ ပုဂၢလိပိုင္ လူစီးေမာ္ေတာ္ယာဥ္အစီးေရသည္ စုစုေပါင္း (၆)သိန္းႏွင့္အထက္ ရွိေၾကာင္း ကညန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုခါမုန်တိုင်းကြောင့် မြိုပျက်ကြီးတစ်ခုသဖွယ်ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေ နဲ့ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲများအား ရိုက်ကူးတင်ဆက်ခြင်း

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved