သံဖြူဇရပ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်(၂၁)လုံး ပျက်စီးဆုံးရှုံး
စော (NP News) - မေ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ်(၂၁)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၂၄ ရက်)၊ နံနက် (၅)နာရီခွဲအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ အုပ်စုနှင့် ရသေ့တောင်ကျေးရွာအနီးတစ်ဝက်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်ကျေးရွာအနီးတစ်ဝိုက်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ်(၂၁)အိမ်တို့ အမိုးလန်ကာ ပြိုကျပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှူကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
zawgyi version
စော (NP News) - မေ ၂၅
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်ရက်ပိုင်းအတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ လေပြင်းတိုက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလအသိပေး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း