Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NCA အခြေခံမူ(၃)ချက်ကို စွဲကိုင်ကြိုးပမ်းနေခြင်းသည် မိမိအဖွဲ့နှင့်လူမျိုးအတွက် မဟုတ်ဘဲ လက်ရှိအကျပ်အတည်းနှင့် ငြိမ်းချမ်းရေးအတွက်ဟု စဝ်ခွန်းဆိုင်ပြော

မျိုးကြီး (NP News) - မေ ၁၇

NCA ၏အခြေခံမူ(၃)ချက်ကို စွဲကိုင်ကြိုးပမ်းနေခြင်းသည် မိမိအဖွဲ့နှင့်လူမျိုးအတွက် မဟုတ်ဘဲ လက်ရှိအကျပ်အတည်းနှင့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စဝ်ခွန်းဆိုင်က ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို ယနေ့(မေလ ၁၇ ရက်)တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေး၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော စဝ်ခွန်းဆိုင်က ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း NCA ၏ လုပ်ငန်းစဉ်များကို NCA မူဘောင်အတိုင်း ဆက်လက်အကောင်အထည်မဖော်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ပြောဆိုထားသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပေါ်လစီတွေ ချမှတ်ဖို့နဲ့ လုပ်ငန်းစဉ်များဖော်ဆောင်နိုင်ရန် အစည်းအဝေးများ ကျင်းပနိုင်ဖို့အတွက် ဒိုင်ယာလော့ခ်ပါတနာတွေက ပြည့်ပြည့်စုံစုံ မရှိတော့ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ လုပ်နိုင်တာ ဘာရှိမလဲ”ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

သို့သော် လက်ရှိတွင် NCA ၏ အနှစ်သာရအခြေခံမူ အချက်(၃)ချက်ဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရေး၊ သက်ဆိုင်ရာ stakeholders များပါဝင်သော အမျိုးသားအဆင့်ဆွေးနွေးပွဲဖြစ်ရေးနှင့် အရပ်သားကာကွယ်ရေးတို့ကို စွဲကိုင်ကာ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း စဝ်ခွန်းဆိုင်က ဆက်လက်ပြောဆိုထားသည်။

ထိုသို့ NCA ပါအခြေခံမူ အချက်(၃)ချက်ကို စွဲကိုင်ကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကြိုးပမ်းဖြေရှင်းရာ၌ အခက်အခဲများရှိကြောင်းနှင့် လက်ရှိအချိန်အထိပါ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုထားသည်။

“ဒီလိုချီတက်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ရှိလည်းရှိခဲ့တယ်။ ရှိလည်းရှိနေဆဲ။ ထပ်ပြီးတော့လည်း ရှိနေဦးမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အလုပ်က ကိုယ့်အဖွဲ့၊ ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့နယ်မြေအတွက် မဟုတ်ဘူး။ ကျွန်တော်တို့အလုပ်က ပြည်ထောင်စုအကျိုးအတွက်၊ ပြည်သူတစ်ရပ်လုံးနဲ့ ပြည်ထောင်စုအကျိုး အတွက် လုပ်ဖို့ဖြစ်တယ်။ ကျွန်တော်တို့ လုပ်တဲ့အလုပ်က လက်ရှိနိုင်ရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေးနှင့် ငြိမ်းချမ်းရေးရရှိဖို့ကိစ္စများ ဖြစ်ပါတယ်”ဟု စဝ်ခွန်းဆိုင်က ပြောသည်။

ထို့ပြင် ၎င်းက ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်နေချိန်၌ ကိုယ်တိုင်မငြိမ်းချမ်းဘဲ ငြိမ်းချမ်းရေးကို လုပ် ဆောင်၍ မရနိုင်ကြောင်း သတိပေးကာ ပြောဆိုထားသည်။

မနက်ဖြန် (မေလ ၁၈ ရက်)တွင်လည်း ချင်းမိုင်မြို့၌ EAO (၇)ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သော RCSS၊ KNU/KNLA-PC၊ ABSDF၊ ALP၊ PNLO၊ NMSP နှင့် LDU တို့မှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။

zawgyi version
NCA အေျခခံမူ(၃)ခ်က္ကို စြဲကိုင္ႀကိဳးပမ္းေနျခင္းသည္ မိမိအဖြဲ႕ႏွင့္လူမ်ိဳးအတြက္ မဟုတ္ဘဲ လက္ရွိအက်ပ္အတည္းႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ဟု စဝ္ခြန္းဆိုင္ေျပာ

မ်ိဳးႀကီး (NP News) - ေမ ၁၇

NCA ၏အေျခခံမူ(၃)ခ်က္ကို စြဲကိုင္ႀကိဳးပမ္းေနျခင္းသည္ မိမိအဖြဲ႕ႏွင့္လူမ်ိဳးအတြက္ မဟုတ္ဘဲ လက္ရွိအက်ပ္အတည္းႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း စဝ္ခြန္းဆိုင္က ေျပာသည္။

NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း(၇)ဖြဲ႕၏ ထိပ္သီးမ်က္ႏွာစုံညီအစည္းအေဝးကို ယေန႔(ေမလ ၁၇ ရက္)တြင္ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕၌ က်င္းပလ်က္ရွိေၾကာင္း သတင္းရရွိသည္။

အဆိုပါအစည္းအေဝး၌ သဘာပတိအျဖစ္ေဆာင္႐ြက္ခဲ့ေသာ စဝ္ခြန္းဆိုင္က ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တပ္မေတာ္က အာဏာသိမ္းၿပီးေနာက္ပိုင္း NCA ၏ လုပ္ငန္းစဥ္မ်ားကို NCA မူေဘာင္အတိုင္း ဆက္လက္အေကာင္အထည္မေဖာ္ႏိုင္သည့္ အေျခအေနသို႔ ေရာက္ရွိခဲ့ေၾကာင္း ေျပာဆိုထားသည္။

“ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ေပၚလစီေတြ ခ်မွတ္ဖို႔နဲ႔ လုပ္ငန္းစဥ္မ်ားေဖာ္ေဆာင္ႏိုင္ရန္ အစည္းအေဝးမ်ား က်င္းပႏိုင္ဖို႔အတြက္ ဒိုင္ယာေလာ့ခ္ပါတနာေတြက ျပည့္ျပည့္စုံစုံ မရွိေတာ့ပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာ ဘာရွိမလဲ”ဟု ၎က ဆက္လက္ေျပာဆိုထားသည္။

သို႔ေသာ္ လက္ရွိတြင္ NCA ၏ အႏွစ္သာရအေျခခံမူ အခ်က္(၃)ခ်က္ျဖစ္သည့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ၿငိမ္းခ်မ္းစြာေျဖရွင္းေရး၊ သက္ဆိုင္ရာ stakeholders မ်ားပါဝင္ေသာ အမ်ိဳးသားအဆင့္ေဆြးေႏြးပြဲျဖစ္ေရးႏွင့္ အရပ္သားကာကြယ္ေရးတို႔ကို စြဲကိုင္ကာ လက္ရွိႏိုင္ငံေရးအက်ပ္အတည္း ေျဖရွင္းႏိုင္ေရးအတြက္ ႀကိဳးပမ္းေနေၾကာင္း စဝ္ခြန္းဆိုင္က ဆက္လက္ေျပာဆိုထားသည္။

ထိုသို႔ NCA ပါအေျခခံမူ အခ်က္(၃)ခ်က္ကို စြဲကိုင္ကာ လက္ရွိႏိုင္ငံေရးအက်ပ္အတည္းကို ႀကိဳးပမ္းေျဖရွင္းရာ၌ အခက္အခဲမ်ားရွိေၾကာင္းႏွင့္ လက္ရွိအခ်ိန္အထိပါ ရွိေနဆဲျဖစ္ေၾကာင္း ၎က ဆိုထားသည္။

“ဒီလိုခ်ီတက္တဲ့ေနရာမွာ အခက္အခဲေတြ အမ်ားႀကီးရွိပါတယ္။ ရွိလည္းရွိခဲ့တယ္။ ရွိလည္းရွိေနဆဲ။ ထပ္ၿပီးေတာ့လည္း ရွိေနဦးမွာျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အလုပ္က ကိုယ့္အဖြဲ႕၊ ကိုယ့္ရဲ႕လူမ်ိဳး၊ ကိုယ့္ရဲ႕နယ္ေျမအတြက္ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔အလုပ္က ျပည္ေထာင္စုအက်ိဳးအတြက္၊ ျပည္သူတစ္ရပ္လုံးနဲ႔ ျပည္ေထာင္စုအက်ိဳး အတြက္ လုပ္ဖို႔ျဖစ္တယ္။ ကြၽန္ေတာ္တို႔ လုပ္တဲ့အလုပ္က လက္ရွိႏိုင္ေရးအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ေရးႏွင့္ ၿငိမ္းခ်မ္းေရးရရွိဖို႔ကိစၥမ်ား ျဖစ္ပါတယ္”ဟု စဝ္ခြန္းဆိုင္က ေျပာသည္။

ထို႔ျပင္ ၎က ၿငိမ္းခ်မ္းေရးရရွိရန္ လုပ္ေဆာင္ေနခ်ိန္၌ ကိုယ္တိုင္မၿငိမ္းခ်မ္းဘဲ ၿငိမ္းခ်မ္းေရးကို လုပ္ ေဆာင္၍ မရႏိုင္ေၾကာင္း သတိေပးကာ ေျပာဆိုထားသည္။

မနက္ျဖန္ (ေမလ ၁၈ ရက္)တြင္လည္း ခ်င္းမိုင္ၿမိဳ႕၌ EAO (၇)ဖြဲ႕၏ ထိပ္သီးမ်က္ႏွာစုံညီအစည္းအေဝးကို ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

၎အစည္းအေဝးသို႔ NCA လက္မွတ္ေရးထိုးထားသည့္ လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ RCSS၊ KNU/KNLA-PC၊ ABSDF၊ ALP၊ PNLO၊ NMSP ႏွင့္ LDU တို႔မွ ကိုယ္စားလွယ္မ်ား တက္ေရာက္လ်က္ရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ်းလွန်လုပ်ကွက် အမှတ် A-3 တွင် ရေနံတူးဖော်ရေးလုပ်ငန်းများအတွက် Pre Construction Survey ဆောင်ရွက်မည်

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved