ရခိုင်ပြည်နယ်ရှိ သဘာဝဘေးခံစားနေရသူများကို ကူညီရန် YESC မှ လျှပ်စစ်ဝန်ထမ်း(၁ဝဝ) ကျော်စေလွှတ်
NP News - မေ ၁၇
ရခိုင်ပြည်နယ်ရှိ သဘာဝဘေးခံစားနေရသူများကို ကူညီပေးနိုင်ရန် လျှပ်စစ်ဝန်ထမ်း (၁ဝ၄)ဦးကို YESC မှစေလွှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ယနေ့(မေလ ၁၇ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါလျှပ်စစ်ဝန်ထမ်း(၁ဝ၄)ဦး ပါဝင်သောအဖွဲ့သည် ပြီးခဲ့သည့် မေလ(၁၅)ရက်တွင် တပ်မတော် ရေယာဉ် မုတ္တမဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့လိုက်ပါသွားကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်းတို့နှင့်အတူ ၁ဝ မီတာ/ ၁၂ မီတာ ကွန်ကရစ်ဓာတ်တိုင် ၃ဝဝ ၊ 500 kVA Generator ၂ လုံး၊ Chainsaw များ နှင့် လျှပ်စစ်ဆိုင်ရာ လက်သုံးကိရိယာတို့ကို ယူဆောင်သွားကြောင်း YESC မှဆိုထားသည်။
zawgyi version
NP News - မေ ၁၇
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့၌ ငွေကျပ်(၁ ဒသမ ၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များဖမ်းဆီးရမိ
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း