လေပြင်းတိုက်ခတ်မှုကြောင့် လက်ဖက်ရည်ဆိုင်မှပြန်လာသည့် အမျိုးသား(၁)ဦး သစ်ပင်ပိမိ၍ သေဆုံး
စော (NP News) - မေ ၁၄
မန္တလေးတိုင်း၊ ပြင်ဦးလွင်(မေမြို့)တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျခဲ့ရာ အမျိုးသား(၁)ဦး သစ်ပင်ပိမိ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ပြင်ဦးလွင်(မေမြို့)၊ ရဲကင်းစခန်းအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တုသိတာလူမှုကူညီရေးအသင်းမှ သိရသည်။
“သူကလက်ဖက်ရည်ဆိုင်ကပြန်လာတာ လမ်းဘေးကပ်လျှောက်တာပဲ သူပေါ်တည့်တည့်ပိသွားတာ။ မိုးကတော့မရွာဘူး။ သူပြန်တဲ့အချိန်ကလေတိုက်နေတယ်။ အပင်ကအကြီးကြီးပဲဆိုတော့ သူ့တစ်ကိုယ်လုံးပေါ်ပိသွားတာ။ အပင်ကတော့ဆွေးနေပါပြီ”ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဥ်ကြောင့် အဆိုပါအမျိုးသားသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း အထက်ပါအသင်းမှဆိုသည်။
zawgyi version
ေလျပင္းတိုက္ခတ္မႈေၾကာင့္ လက္ဖက္ရည္ဆိုင္မွျပန္လာသည့္ အမ်ိဳးသား(၁)ဦး သစ္ပင္ပိမိ၍ ေသဆုံး
ေစာ (NP News) - ေမ ၁၄
မႏၲေလးတိုင္း၊ ျပင္ဦးလြင္(ေမၿမိဳ႕)တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ သစ္ပင္လဲက်ခဲ့ရာ အမ်ိဳးသား(၁)ဦး သစ္ပင္ပိမိ၍ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ျပင္ဦးလြင္(ေမၿမိဳ႕)၊ ရဲကင္းစခန္းအနီးတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း တုသိတာလူမႈကူညီေရးအသင္းမွ သိရသည္။
“သူကလက္ဖက္ရည္ဆိုင္ကျပန္လာတာ လမ္းေဘးကပ္ေလွ်ာက္တာပဲ သူေပၚတည့္တည့္ပိသြားတာ။ မိုးကေတာ့မ႐ြာဘူး။ သူျပန္တဲ့အခ်ိန္ကေလတိုက္ေနတယ္။ အပင္ကအႀကီးႀကီးပဲဆိုေတာ့ သူ႔တစ္ကိုယ္လုံးေပၚပိသြားတာ။ အပင္ကေတာ့ေဆြးေနပါၿပီ”ဟု တုသိတာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္ေၾကာင့္ အဆိုပါအမ်ိဳးသားသည္ ဦးေခါင္းပြင့္ထြက္ဒဏ္ရာျဖင့္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားၿပီး ျပင္ဦးလြင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ထားေၾကာင္း အထက္ပါအသင္းမွဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် လေပြင်းများတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များပြိုလဲကာ နေအိမ်ပျက်စီးမှုများဖြစ်ပေါ်
RELATED POSTS
19 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း