Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကယ်ဆယ်ရေးနှင့် အရေးပေါ်စားရေရိက္ခာများ တင်ဆောင်ထားသည့် တပ်မတော်ယာဉ်(၁၁၂)စီးကို ရခိုင်နှင့် မကွေးဘက်သို့ စေလွှတ်ထား

မျိုးကြီး (NP News) - မေ ၁၃

ကယ်ဆယ်ရေးနှင့် အရေးပေါ်စားရေရိက္ခာများ တင်ဆောင်ထားသည့် တပ်မတော်ယာဉ်(၁၁၂)စီးကို ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဘက်သို့ စေလွှတ်ထားကြောင်း သတင်းရရှိသည်။

တိုင်းနှင့်ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းကာ မုန်တိုင်းအန္တ ရာယ်နှင့်ပတ်သက်၍ ရှေ့ပြေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင်လည်း ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်စားရေရိက္ခာများကိုလည်း ပို့ဆောင်ကာ ပြင်ဆင်စုဖွဲ့ထားပြီးဖြစ်ကြောင်း နစကမှ ကြေညာထားသည်။

မေလ ၉ ရက်မှစ၍ တပ်မတော်လေယာဉ်ဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ အမ်းမြို့များသို့ စားသောက်ဖွယ်ရာများ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကိုလည်း ပို့ဆောင်ပေးထားကြောင်း နစကမှ ပြောဆိုထားသည်။

ထို့ပြင် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့် ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အရေးပေါ်စားရေရိက္ခာများနှင့် သောက်ရေသန့်၊ စက်ယန္တရားများပါဝင်သည့် ယာဉ်(၁၁၂)စီးပါ တပ်မတော်ယာဉ်တန်းအား အုပ်စု (၁ဝ)စုဖွဲ့ကာ ယမန်နေ့(မေလ ၁၂ ရက်)တွင် စေလွှတ်ထားကြောင်း သိရသည်။

အဆိုပါ ယာဉ်တန်းသည် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဂွ၊ အမ်းနှင့် ကျောက်တော်မြို့များသို့လည်း ကောင်း၊ မမျှော်မှန်းနိုင်သည့် အခြေအနေ၌ ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်အတွက် အရန်စုဖွဲ့မှုအဖြစ် ပုသိမ်၊ ပြည်၊ မကွေးမြို့များသို့လည်းကောင်း စေလွှတ်ထားကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

၎င်းတပ်မတော်ယာဉ်များ၌ ပဲ့ချိတ်စက်များ၊ ဖိုက်ဘာလှေများ၊ ချိန်းဆောနှင့် လက်သုံးကိရိယာများ၊ အသက်ကယ်အင်္ကျီများ၊ အသက်ကယ်ဘောကွင်းများ၊ မိုးကာတဲနှင့် တာပေါ်လင်များ၊ အရေးပေါ်ဆေးသေတ္တာများ၊ ထိခိုက်ဒဏ်ရာများအတွက် အရေးပေါ်ကုသဆေးများ၊ မြွေအဆိပ်ဖြေဆေးများ၊ မေးခိုင်ကာကွယ်ဆေးများ ပါရှိကြောင်း သိရသည်။

လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ထိခိုက်နိုင်ခြေမြင့်မားသော မြို့နယ်များမှ ဒေသခံပြည်သူများကို စတင်ပြောင်းရွှေ့ပေးနေလျက်ရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက်ချိန်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်ပြီး တစ်နာရီ လေတိုက်နှုန်းသည် မိုင်(၁၁ဝ)ခန့်အထိ ရှိနိုင်ကြောင်းလည်း မိုးဇလက သတိပေးထားသည်။

zawgyi version
ကယ္ဆယ္ေရးႏွင့္ အေရးေပၚစားေရရိကၡာမ်ား တင္ေဆာင္ထားသည့္ တပ္မေတာ္ယာဥ္(၁၁၂)စီးကို ရခိုင္ႏွင့္ မေကြးဘက္သို႔ ေစလႊတ္ထား

မ်ိဳးႀကီး (NP News) - ေမ ၁၃

ကယ္ဆယ္ေရးႏွင့္ အေရးေပၚစားေရရိကၡာမ်ား တင္ေဆာင္ထားသည့္ တပ္မေတာ္ယာဥ္(၁၁၂)စီးကို ရန္ကုန္ၿမိဳ႕မွ ရခိုင္ျပည္နယ္ႏွင့္ မေကြးတိုင္းဘက္သို႔ ေစလႊတ္ထားေၾကာင္း သတင္းရရွိသည္။

တိုင္းႏွင့္ျပည္နယ္မ်ားတြင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈအဖြဲ႕မ်ား ဖြဲ႕စည္းကာ မုန္တိုင္းအႏၲ ရာယ္ႏွင့္ပတ္သက္၍ ေရွ႕ေျပးကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားကို က႑အလိုက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ဧရာဝတီျမစ္ဝကြၽန္းေပၚေဒသ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္တို႔တြင္လည္း ကယ္ဆယ္ေရးပစၥည္းမ်ား၊ ျပန္လည္ထူေထာင္ေရးပစၥည္းမ်ား၊ ေဆးဝါးႏွင့္စားေရရိကၡာမ်ားကိုလည္း ပို႔ေဆာင္ကာ ျပင္ဆင္စုဖြဲ႕ထားၿပီးျဖစ္ေၾကာင္း နစကမွ ေၾကညာထားသည္။

ေမလ ၉ ရက္မွစ၍ တပ္မေတာ္ေလယာဥ္ျဖင့္ စစ္ေတြ၊ ေက်ာက္ျဖဴ၊ အမ္းၿမိဳ႕မ်ားသို႔ စားေသာက္ဖြယ္ရာမ်ား၊ ေဆးပစၥည္းမ်ားႏွင့္ ကူညီကယ္ဆယ္ေရးဆိုင္ရာပစၥည္းမ်ားကိုလည္း ပို႔ေဆာင္ေပးထားေၾကာင္း နစကမွ ေျပာဆိုထားသည္။

ထို႔ျပင္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ မပို႔ေဆာင္ႏိုင္သည့္ ကယ္ဆယ္ေရးႏွင့္ေထာက္ပံ့ေရးပစၥည္းမ်ား၊ ျပန္လည္ထူေထာင္ေရးဆိုင္ရာပစၥည္းမ်ား၊ ဆက္သြယ္ေရးဆိုင္ရာပစၥည္းမ်ား၊ အေရးေပၚစားေရရိကၡာမ်ားႏွင့္ ေသာက္ေရသန႔္၊ စက္ယႏၲရားမ်ားပါဝင္သည့္ ယာဥ္(၁၁၂)စီးပါ တပ္မေတာ္ယာဥ္တန္းအား အုပ္စု (၁ဝ)စုဖြဲ႕ကာ ယမန္ေန႔(ေမလ ၁၂ ရက္)တြင္ ေစလႊတ္ထားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တန္းသည္ ရန္ကုန္ၿမိဳ႕မွ ထြက္ခြာခဲ့ျခင္းျဖစ္ၿပီး ဂြ၊ အမ္းႏွင့္ ေက်ာက္ေတာ္ၿမိဳ႕မ်ားသို႔လည္း ေကာင္း၊ မေမွ်ာ္မွန္းႏိုင္သည့္ အေျခအေန၌ ကူညီကယ္ဆယ္ေရးေဆာင္႐ြက္ႏိုင္ရန္အတြက္ အရန္စုဖြဲ႕မႈအျဖစ္ ပုသိမ္၊ ျပည္၊ မေကြးၿမိဳ႕မ်ားသို႔လည္းေကာင္း ေစလႊတ္ထားေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

၎တပ္မေတာ္ယာဥ္မ်ား၌ ပဲ့ခ်ိတ္စက္မ်ား၊ ဖိုက္ဘာေလွမ်ား၊ ခ်ိန္းေဆာႏွင့္ လက္သုံးကိရိယာမ်ား၊ အသက္ကယ္အက်ႌမ်ား၊ အသက္ကယ္ေဘာကြင္းမ်ား၊ မိုးကာတဲႏွင့္ တာေပၚလင္မ်ား၊ အေရးေပၚေဆးေသတၱာမ်ား၊ ထိခိုက္ဒဏ္ရာမ်ားအတြက္ အေရးေပၚကုသေဆးမ်ား၊ ေႁမြအဆိပ္ေျဖေဆးမ်ား၊ ေမးခိုင္ကာကြယ္ေဆးမ်ား ပါရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ ရခိုင္ျပည္နယ္အတြင္းရွိ ထိခိုက္ႏိုင္ေျချမင့္မားေသာ ၿမိဳ႕နယ္မ်ားမွ ေဒသခံျပည္သူမ်ားကို စတင္ေျပာင္းေ႐ႊ႕ေပးေနလ်က္ရွိေၾကာင္း သိရသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္သို႔ စတင္ဝင္ေရာက္ခ်ိန္တြင္ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ ဝင္ေရာက္ႏိုင္ၿပီး တစ္နာရီ ေလတိုက္ႏႈန္းသည္ မိုင္(၁၁ဝ)ခန႔္အထိ ရွိႏိုင္ေၾကာင္းလည္း မိုးဇလက သတိေပးထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုန်တိုင်းအန္တရာယ်နှင့် ကြုံတွေ့လာပါက အရေးပေါ်သုံးနိုင်ရန် ကားအစီး(၁ဝဝ)ကျော်အား YRTC မှ ကြိုတင်စီစဥ်ထား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved