Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)မှာ စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်၍ အနီရောင်အဆင့် ရောက်ရှိလာပြီဟု မိုးဇလသတိပေး


မျိုးကြီး (NP News) - မေ ၁၃

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်၍ အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း မိုးဇလက သတိပေးထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေလ ၁၃ ရက်)၊ နံနက် ၇ နာရီအချိန်တွင် အထက်ပါကဲ့သို့ သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင်(၃၅ဝ)မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အနီရောင်အဆင့်သည် မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ(၁၂)နာရီအလိုအချိန်ဟု သတ် မှတ်ထားကြောင်း မိုးဇလက ဆိုသည်။

သို့သော် ယခုဖြစ်ပေါ်နေသည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မြန်မာ နိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည့် အတွက် အနီရောင်အဆင့်ဟု သတ်မှတ်လိုက်ကြောင်း မိုးဇလက ကြေညာခဲ့သည်။

ယခုဖြစ်ပေါ်နေသည့် အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် (၁ဝ၅)မှ (၁၁၅)မိုင်နှုန်းဖြင့် တိုက်ခတ်လျက်ရှိကြောင်း သိရသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့အနီးမှ မေလ ၁၄ ရက် နေ့လည်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလက ပြောသည်။

ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်တိုင်းသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအနေဖြင့် ဆက်လက်ရွေ့လျားနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

ထို့ကြောင့် ယနေ့ နံနက်မှစ၍ မေလ ၁၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဟု သတိပေးထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၉ဝ)မှ မိုင်(၁၁ဝ)ခန့်အထိ တိုက် ခတ်နိုင်ပြီး လှိုင်းအမြင့်သည် (၁၄)ပေမှ (၁၈)ပေခန့်အထိ ရှိနိုင်ကြောင်းလည်း ခန့်မှန်ထားသည်။

ထို့ပြင် ယနေ့နံနက်မှစ၍ မေလ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင်(၁ဝဝ)မှ မိုင် (၁၁ဝ)ခန့်အထိ တိုက်ခတ်နိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်နှင့် ချင်းတို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင်(၄ဝ)မှ မိုင်(၆ဝ)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဖြတ်ကျော်စဉ်အချိန်တွင် မုန်တိုင်းဒီရေသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၄)ပေမှ (၁၈)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁ဝ)ပေမှ (၁၄)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

ထို့ကြောင့် မိုခါမုန်တိုင်း၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နေထိုင်ကြသူ များအနေဖြင့် ကြိုတင်သတိပြု ရှောင်ရှားကြရန် မိုးဇလမှ သတိပေးလိုက်ပြီဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနှင့် မာန်အောင်မြို့နယ်တို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် ဒေသများအဖြစ်သတ်မှတ်ကာ အနီရောင်အဆင့်ဟု သတိပေးထုတ်ပြန်ထား သည်။

zawgyi version
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)မွာ စစ္ေတြၿမိဳ႕အနီးမွ အားအလြန္ေကာင္းေသာအဆင့္ျဖင့္ ျဖတ္ေက်ာ္ႏိုင္၍ အနီေရာင္အဆင့္ ေရာက္ရွိလာၿပီဟု မိုးဇလသတိေပး

မ်ိဳးႀကီး (NP News) - ေမ ၁၃

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ စစ္ေတြၿမိဳ႕အနီးမွ အားအလြန္ေကာင္းေသာအဆင့္ျဖင့္ ျဖတ္ေက်ာ္ႏိုင္၍ အနီေရာင္အဆင့္ သတ္မွတ္လိုက္ေၾကာင္း မိုးဇလက သတိေပးထားသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ေမလ ၁၃ ရက္)၊ နံနက္ ၇ နာရီအခ်ိန္တြင္ အထက္ပါကဲ့သို႔ သတိေပးထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္း၌ ျဖစ္ေပၚေနေသာ အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ေ႐ြ႕လ်ားခဲ့ၿပီး စစ္ေတြၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္(၃၅ဝ)မိုင္ခန႔္ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။

အနီေရာင္အဆင့္သည္ မုန္တိုင္းျမန္မာ့ကမ္း႐ိုးတန္းဆီသို႔ မျဖတ္ေက်ာ္မီ(၁၂)နာရီအလိုအခ်ိန္ဟု သတ္ မွတ္ထားေၾကာင္း မိုးဇလက ဆိုသည္။

သို႔ေသာ္ ယခုျဖစ္ေပၚေနသည့္ အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ျမန္မာ ႏိုင္ငံ၊ ရခိုင္ကမ္း႐ိုးတန္းကို စစ္ေတြၿမိဳ႕အနီးမွ အားအလြန္ေကာင္းေသာအဆင့္ျဖင့္ ျဖတ္ေက်ာ္ႏိုင္သည့္ အတြက္ အနီေရာင္အဆင့္ဟု သတ္မွတ္လိုက္ေၾကာင္း မိုးဇလက ေၾကညာခဲ့သည္။

ယခုျဖစ္ေပၚေနသည့္ အလြန႔္အလြန္အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ အျမင့္ဆုံးေလတိုက္ႏႈန္း တစ္နာရီလွ်င္ (၁ဝ၅)မွ (၁၁၅)မိုင္ႏႈန္းျဖင့္ တိုက္ခတ္လ်က္ရွိေၾကာင္း သိရသည္။

အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ စစ္ေတြၿမိဳ႕အနီးမွ ေမလ ၁၄ ရက္ ေန႔လည္ပိုင္းတြင္ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(မိုခါ)အေနျဖင့္ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္ေၾကာင္း မိုးဇလက ေျပာသည္။

ထို႔ေနာက္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားကာ ခ်င္းျပည္နယ္၊ မေကြးတိုင္းႏွင့္ စစ္ကိုင္တိုင္းသို႔ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအေနျဖင့္ ဆက္လက္ေ႐ြ႕လ်ားႏိုင္ေၾကာင္းလည္း ခန႔္မွန္းထားသည္။

ထို႔ေၾကာင့္ ယေန႔ နံနက္မွစ၍ ေမလ ၁၄ ရက္အတြင္း ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မၾကာခဏ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမည္ဟု သတိေပးထားသည္။

မိုးသက္ေလျပင္းက်စဥ္ ေရျပင္၊ ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၉ဝ)မွ မိုင္(၁၁ဝ)ခန႔္အထိ တိုက္ ခတ္ႏိုင္ၿပီး လႈိင္းအျမင့္သည္ (၁၄)ေပမွ (၁၈)ေပခန႔္အထိ ရွိႏိုင္ေၾကာင္းလည္း ခန႔္မွန္ထားသည္။

ထို႔ျပင္ ယေန႔နံနက္မွစ၍ ေမလ ၁၅ ရက္အတြင္း ရခိုင္ျပည္နယ္၌ အျမင့္ဆုံးေလတိုက္ႏႈန္း တစ္နာရီလွ်င္ မိုင္(၁ဝဝ)မွ မိုင္ (၁၁ဝ)ခန႔္အထိ တိုက္ခတ္ႏိုင္ၿပီး ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ ကခ်င္ႏွင့္ ခ်င္းတို႔တြင္ အျမင့္ဆုံးေလတိုက္ႏႈန္း တစ္နာရီလွ်င္ မိုင္(၄ဝ)မွ မိုင္(၆ဝ)ခန႔္အထိ တိုက္ခတ္ႏိုင္ေၾကာင္း မိုးဇလက သတိေပးထားသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) ျဖတ္ေက်ာ္စဥ္အခ်ိန္တြင္ မုန္တိုင္းဒီေရသည္ ရခိုင္ျပည္နယ္၊ စစ္ေတြခ႐ိုင္၊ ေမာင္ေတာခ႐ိုင္တို႔ရွိ ျမစ္ဝ၊ ျမစ္လက္တက္မ်ားအတြင္း (၁၄)ေပမွ (၁၈)ေပခန႔္အထိႏွင့္ ေက်ာက္ျဖဴခ႐ိုင္ရွိ ျမစ္ဝ၊ ျမစ္လက္တက္မ်ားအတြင္း (၁ဝ)ေပမွ (၁၄)ေပခန႔္အထိ ျမင့္တက္လာႏိုင္ေၾကာင္းလည္း ခန႔္မွန္းထားသည္။

ထို႔ေၾကာင့္ မိုခါမုန္တိုင္း၏ အရွိန္ေၾကာင့္ ဒီေရျမင့္တက္ျခင္း၊ ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္းႏွင့္အတူ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚႏိုင္သည့္အတြက္ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ေနထိုင္ၾကသူ မ်ားအေနျဖင့္ ႀကိဳတင္သတိျပဳ ေရွာင္ရွားၾကရန္ မိုးဇလမွ သတိေပးလိုက္ၿပီျဖစ္သည္။

အလားတူ ရခိုင္ျပည္နယ္ရွိ စစ္ေတြ၊ ေက်ာက္ျဖဴ၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ေျမပုံ၊ ေပါက္ေတာႏွင့္ မာန္ေအာင္ၿမိဳ႕နယ္တို႔ကို အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈေကာ္မတီက ေဘးအႏၲရာယ္က်ေရာက္ႏိုင္ေျချမင့္မားသည့္ ေဒသမ်ားအျဖစ္သတ္မွတ္ကာ အနီေရာင္အဆင့္ဟု သတိေပးထုတ္ျပန္ထား သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ ဂျီဒီပီသည် အာရှနိုင်ငံများအတွင်းရှိ level တူနိုင်ငံများထက် နိမ့်ကျနေကြောင်း နစကဥက္ကဋ္ဌဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved