Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်အား ဖြတ်ကျော်စဉ် လေတိုက်နှုန်း မိုင်(၁ဝဝ)အထိရှိနိုင်ပြီး ရခိုင်၊ မကွေး၊ စစ်ကိုင်တို့ရှိ လူဦးရေသိန်းနှင့်ချီကာ လေပြင်းဒဏ်ခံရနိုင်ဟုဆို

မျိုးကြီး (NP News) - မေ ၁၁

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်အတွင်းအား ဖြတ်ကျော်စဉ် လေတိုက်နှုန်း မိုင်(၁ဝဝ) အထိရှိနိုင်ပြီး ရခိုင်၊ မကွေး၊ စစ်ကိုင်းတို့ရှိ လူဦးရေသိန်းနှင့်ချီကာ လေပြင်းဒဏ်ကို ခံရနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ကာ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေလ ၁၁ ရက်) နံနက်ပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိကြောင်းလည်း မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး ယနေ့ညနေပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အဖြစ်သို့ ရောက်ရှိနိုင်ပြီး မေလ ၁၂ ရက်တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်း သော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ဆိုသည်။

ထို့နောက် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်တွင် မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းရသည်ဟု ဆက်လက်ထုတ်ပြန်ထားသည်။

မုန်တိုင်း၏ အရှိန်ကြောင့် မေလ ၁၂ ရက်မှ ၁၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုသို့ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၈ဝ)မှ မိုင်(၁ဝဝ)ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်သည် (၁၃)ပေမှ (၁၆)ပေခန့်အထိရှိနိုင်ကြောင်းလည်း မိုးဇလက ခန့်မှန်းထားသည်။

ထို့ပြင် မုန်တိုင်း(မိုခါ)သည် ကျောက်ဖြူမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်စဉ်အချိန်တွင် အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင်(၉ဝ)မှ မိုင်(၁ဝဝ)ခန့်အထိ တိုက်ခတ်နိုင်သည်ဟုလည်း ယနေ့ နံနက်ပိုင်းတွင် မိုးဇလက ခန့်မှန်းထားသည်။

၎င်းကဲ့သို့ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တတ်များအတွင်း (၁ဝ)ပေမှ (၁၄)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက် တက်များအတွင်း (၇)ပေမှ (၁ဝ)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးဇလက ပြောဆိုထားသည်။

လက်ရှိတွင် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်သည့် ဒေသများနှင့်အနီးတစ်ဝိုက်ရှိ နေသူသောပြည်သူ လူထုအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် သတိပေးပြောဆိုမှုများလည်း ရှိနေသည်။

အလားတူ မိုးလေဝသလေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ကလည်း မုန်တိုင်းလမ်းကြောင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဝင်ရောက်မည်ဆိုသည်မှာ သေချာသွားပြီဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

"ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်" (Global Disaster Alert and Coordination SYSTEM) ကလည်း မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁ဝ၃ ဒသမ ၇ မိုင်)ရှိ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်မယ့် အခြေအနေကြောင့် လူဦးရေ (၂) သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် "RED ALERT" ထုတ်ပြန်လိုက်ပါတယ်"ဟု ဦးဝင်းနိုင်က ပြောဆိုထားသည်။

မိုခါကြောင့် ရခိုင်ပြည်နယ်မှ လူဦးရေ ကိုးသိန်းကျော်၊ မကွေးတိုင်းမှ လူဦးရေ (၁၇ဝဝဝဝ)ခန့်နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ လေးသိန်းကျော်တို့သည် အန္တရာယ်ရှိသည့် လေပြင်းတိုက်ခတ်ခြင်းကို ခံရနိုင်ကြောင်း သတိပေးပြောဆိုထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် တစ်နာရီလျှင် အနည်းဆုံး မိုင်(၄ဝ)အထိ လေပြင်းတိုက်ခိုက်မှုဒဏ်ကို မြန်မာနိုင်ငံရှိ လူဦးရေ စုစုပေါင်း ၅ ဒသမ ၄ သန်းမှာ ခံရနိုင်ကြောင်းလည်း ၎င်းက ထပ်မံအသိပေး ပြောဆိုထားသည်။

ဆက်လက်ပြီး စစ်တွေ၊ ထီးလင်းနှင့် ဂန့်ဂေါလေယာဉ်ကွင်းများသည် မုန်တိုင်းကြောင့် အဓိကထိခိုက်ပျက်စီးနိုင်ကြောင်းလည်း သတိပေးပြောဆိုထားသည်ကို တွေ့ရှိရသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ သတင်းအချက်အလက်အခြေအနေများနှင့် ပတ် သက်၍ NP News အနေဖြင့် အချိန်တစ်ပြေးညီ ကြိုးပမ်းဖော်ပြပေးသွားမည်ဖြစ်သည်။

zawgyi version
ဆိုင္ကလုန္းမုန္တိုင္းသည္ ရခိုင္အား ျဖတ္ေက်ာ္စဥ္ ေလတိုက္ႏႈန္း မိုင္(၁ဝဝ)အထိရွိႏိုင္ၿပီး ရခိုင္၊ မေကြး၊ စစ္ကိုင္တို႔ရွိ လူဦးေရသိန္းႏွင့္ခ်ီကာ ေလျပင္းဒဏ္ခံရႏိုင္ဟုဆို

မ်ိဳးႀကီး (NP News) - ေမ ၁၁

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္အတြင္းအား ျဖတ္ေက်ာ္စဥ္ ေလတိုက္ႏႈန္း မိုင္(၁ဝဝ) အထိရွိႏိုင္ၿပီး ရခိုင္၊ မေကြး၊ စစ္ကိုင္းတို႔ရွိ လူဦးေရသိန္းႏွင့္ခ်ီကာ ေလျပင္းဒဏ္ကို ခံရႏိုင္ေၾကာင္း ခန႔္မွန္းေျပာဆိုမႈမ်ား ရွိေနသည္။

ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း၌ ျဖစ္ေပၚေနသည့္ အားေကာင္းေသာ မုန္တိုင္းငယ္သည္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ကာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) အျဖစ္သို႔ ေရာက္ရွိလာခဲ့ၿပီျဖစ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ေမလ ၁၁ ရက္) နံနက္ပိုင္းတြင္ သတိေပးထုတ္ျပန္ထားသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ လက္ရွိအေျခအေနတြင္ ဘဂၤလားေဒ့ရွ္-ျမန္မာကမ္း႐ိုးတန္းသို႔ ဦးတည္ေ႐ြ႕လ်ားႏိုင္သည့္ အေျခအေနရွိေၾကာင္းလည္း မိုးဇလက ခန႔္မွန္းထားသည္။

အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီး ယေန႔ညေနပိုင္းတြင္ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(မိုခါ)အျဖစ္သို႔ ေရာက္ရွိႏိုင္ၿပီး ေမလ ၁၂ ရက္တြင္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ တျဖည္းျဖည္းေကြ႕ကာ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္း၌ အားအလြန္ေကာင္း ေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလက ဆိုသည္။

ထို႔ေနာက္ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းသည္ ေမလ ၁၄ ရက္တြင္ ျမန္မာႏိုင္ငံ၊ ရခိုင္ ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာ့ဘဇားၿမိဳ႕ၾကားမွ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္ေၾကာင္း ခန႔္မွန္းရသည္ဟု ဆက္လက္ထုတ္ျပန္ထားသည္။

မုန္တိုင္း၏ အရွိန္ေၾကာင့္ ေမလ ၁၂ ရက္မွ ၁၄ ရက္အတြင္း ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မၾကာခဏ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။

ထိုသို႔ မိုးသက္ေလျပင္းက်စဥ္ ေရျပင္၊ ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၈ဝ)မွ မိုင္(၁ဝဝ)ခန႔္အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္သည္ (၁၃)ေပမွ (၁၆)ေပခန႔္အထိရွိႏိုင္ေၾကာင္းလည္း မိုးဇလက ခန႔္မွန္းထားသည္။

ထို႔ျပင္ မုန္တိုင္း(မိုခါ)သည္ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ ေကာ့ဘဇားၿမိဳ႕ၾကားမွ ျဖတ္ေက်ာ္စဥ္အခ်ိန္တြင္ အျမင့္ဆုံးေလတိုက္ႏႈန္းသည္ တစ္နာရီလွ်င္ မိုင္(၉ဝ)မွ မိုင္(၁ဝဝ)ခန႔္အထိ တိုက္ခတ္ႏိုင္သည္ဟုလည္း ယေန႔ နံနက္ပိုင္းတြင္ မိုးဇလက ခန႔္မွန္းထားသည္။

၎ကဲ့သို႔ မုန္တိုင္းျဖတ္ေက်ာ္စဥ္ မုန္တိုင္းဒီေရသည္ ရခိုင္ျပည္နယ္၊ စစ္ေတြခ႐ိုင္၊ ေမာင္ေတာခ႐ိုင္တို႔ရွိ ျမစ္ဝ၊ ျမစ္လက္တတ္မ်ားအတြင္း (၁ဝ)ေပမွ (၁၄)ေပခန႔္အထိႏွင့္ ေက်ာက္ျဖဴခ႐ိုင္ရွိ ျမစ္ဝ၊ ျမစ္လက္ တက္မ်ားအတြင္း (၇)ေပမွ (၁ဝ)ေပခန႔္အထိ ျမင့္တက္လာႏိုင္ေၾကာင္း မိုးဇလက ေျပာဆိုထားသည္။

လက္ရွိတြင္ မုန္တိုင္းျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္သည့္ ေဒသမ်ားႏွင့္အနီးတစ္ဝိုက္ရွိ ေနသူေသာျပည္သူ လူထုအေနျဖင့္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ရန္အတြက္ သတိေပးေျပာဆိုမႈမ်ားလည္း ရွိေနသည္။

အလားတူ မိုးေလဝသေလ့လာေစာင့္ၾကည့္သူတစ္ဦးျဖစ္သည့္ ဦးဝင္းႏိုင္ကလည္း မုန္တိုင္းလမ္းေၾကာင္းသည္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကို ဝင္ေရာက္မည္ဆိုသည္မွာ ေသခ်ာသြားၿပီျဖစ္ေၾကာင္း အသိေပးေျပာဆိုထားသည္။

"ကမာၻ႔သဘာဝေဘးဆိုင္ရာသတိေပးခ်က္ထုတ္ျပန္ျခင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းစနစ္" (Global Disaster Alert and Coordination SYSTEM) ကလည္း ျမန္မာႏိုင္ငံကို အျမင့္ဆုံးေလတိုက္ႏႈန္း ၁၆၇ ကီလိုမီတာ (တစ္နာရီ ၁ဝ၃ ဒသမ ၇ မိုင္)ရွိ ဆိုင္ကလုန္းမုန္တိုင္းဝင္ေရာက္တိုက္ခိုက္မယ့္ အေျခအေနေၾကာင့္ လူဦးေရ (၂) သန္းကို ထိခိုက္ႏိုင္ေၾကာင္း အနီေရာင္အဆင့္ သတိေပးခ်က္ "RED ALERT" ထုတ္ျပန္လိုက္ပါတယ္"ဟု ဦးဝင္းႏိုင္က ေျပာဆိုထားသည္။

မိုခါေၾကာင့္ ရခိုင္ျပည္နယ္မွ လူဦးေရ ကိုးသိန္းေက်ာ္၊ မေကြးတိုင္းမွ လူဦးေရ (၁၇ဝဝဝဝ)ခန႔္ႏွင့္ စစ္ကိုင္းတိုင္းမွ လူဦးေရ ေလးသိန္းေက်ာ္တို႔သည္ အႏၲရာယ္ရွိသည့္ ေလျပင္းတိုက္ခတ္ျခင္းကို ခံရႏိုင္ေၾကာင္း သတိေပးေျပာဆိုထားသည္ကို ေတြ႕ရွိရသည္။

ထို႔ျပင္ တစ္နာရီလွ်င္ အနည္းဆုံး မိုင္(၄ဝ)အထိ ေလျပင္းတိုက္ခိုက္မႈဒဏ္ကို ျမန္မာႏိုင္ငံရွိ လူဦးေရ စုစုေပါင္း ၅ ဒသမ ၄ သန္းမွာ ခံရႏိုင္ေၾကာင္းလည္း ၎က ထပ္မံအသိေပး ေျပာဆိုထားသည္။

ဆက္လက္ၿပီး စစ္ေတြ၊ ထီးလင္းႏွင့္ ဂန႔္ေဂါေလယာဥ္ကြင္းမ်ားသည္ မုန္တိုင္းေၾကာင့္ အဓိကထိခိုက္ပ်က္စီးႏိုင္ေၾကာင္းလည္း သတိေပးေျပာဆိုထားသည္ကို ေတြ႕ရွိရသည္။

အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း၏ သတင္းအခ်က္အလက္အေျခအေနမ်ားႏွင့္ ပတ္ သက္၍ NP News အေနျဖင့္ အခ်ိန္တစ္ေျပးညီ ႀကိဳးပမ္းေဖာ္ျပေပးသြားမည္ျဖစ္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံရဲ့ကြွေးမြီပြဿနာကို G-7 အဖွဲ့ဝင်နိုင်ငံများရဲ့ဘဏ္ဍာရေးဝန်ကြီးများ ဆွေးနွေးမယ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved