အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအဖွဲ့အကြီးတန်းခေါင်းဆောင်များအပါအဝင်အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ဟုဆို
Pika (NP News) - မေ ၉
အစ္စရေးတပ်ဖွဲ့များသည် မေလ(၉)ရက် အစောပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသရှိ ဂျီဟတ်ဝါဒီစစ်သွေးကြွများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ကြောင်း ကျန်း မာရေးဝန်ကြီးဌာနကပြောကြားခဲ့သော်လည်း သေဆုံးသူများ၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိကြောင်းသိရသည်။ ယင်းတိုက်ခိုက်မှုသည် ဟားမက်စ်ဂျီဟတ်ဝါဒီစစ်သွေးကြွခေါင်းဆောင်(၃)ဦးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သွေးကြွများ၏ လက်နက်ထုတ် လုပ်သည့်နေရာများကိုလည်း ထိမှန်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။
တိုက်ခိုက်မှုအတွင်း စစ်သွေးကြွအဖွဲ့အကြီးတန်းအရာရှိ(၃)ဦးသေဆုံးခဲ့ကြောင်း ဟားမက်စ် ဂျီဟတ်
စစ်သွေးကြွအဖွဲ့က အတည်ပြုခဲ့သည်။ ၎င်းတို့သုံးဦးမှာ ဟားမက်အဖွဲ့ Al-Quds Brigades စစ်ကောင်စီ၏ အတွင်းရေးမှူး Jihad Ghannam၊ ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ ကောင်စီနှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲ Khalil al-Bahtini နှင့် West Bank ဒေသမှ စစ်ဘက်ဆိုင်ရာအကြီးအကဲ Tareq Ezzedine တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တိုက်ခိုက်မှုများပြီးနောက် ဂါဇာကမ်းမြောင်ဒေသ တောင်ဘက် Rafah မြို့တွင် Jihad Ghannam ၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းလည်းသိရသည်။ ဟားမက်ဂျီဟတ်ဝါဒီစစ်သွေးကြွအဖွဲ့က"ဒီတိုက်ခိုက်မှုအတွင်းမှာ သေဆုံးခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ဇနီးတွေ၊ ကလေးတွေအတွက် တကယ်ကို ဝမ်းနည်းမိပါတယ်"ဟု သတင်းထုတ်ပြန်ခဲ့သည်။
zawgyi version
အစၥေရးစစ္တပ္၏ ေလေၾကာင္းတိုက္ခိုက္မႈအတြင္း စစ္ေသြးႂကြအဖြဲ႕အႀကီးတန္းေခါင္းေဆာင္မ်ားအပါအဝင္အနည္းဆုံးလူ(၁၂)ဦးေသဆုံးခဲ့ဟုဆို
Pika (NP News) - ေမ ၉
အစၥေရးတပ္ဖြဲ႕မ်ားသည္ ေမလ(၉)ရက္ အေစာပိုင္းတြင္ ဂါဇာကမ္းေျမာင္ေဒသရွိ ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြမ်ားကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၂)ဦးေသဆုံးခဲ့ေၾကာင္း ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
အဆိုပါတိုက္ခိုက္မႈအတြင္း ေသဆုံးသူမ်ားထဲတြင္ အမ်ိဳးသမီးႏွင့္ ကေလးငယ္မ်ား ပါဝင္ေၾကာင္း က်န္း မာေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ေသာ္လည္း ေသဆုံးသူမ်ား၏ အမည္ႏွင့္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။ ယင္းတိုက္ခိုက္မႈသည္ ဟားမက္စ္ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြေခါင္းေဆာင္(၃)ဦးကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး စစ္ေသြးႂကြမ်ား၏ လက္နက္ထုတ္ လုပ္သည့္ေနရာမ်ားကိုလည္း ထိမွန္ခဲ့ေၾကာင္း အစၥေရးစစ္တပ္ကေျပာၾကားခဲ့သည္။
တိုက္ခိုက္မႈအတြင္း စစ္ေသြးႂကြအဖြဲ႕အႀကီးတန္းအရာရွိ(၃)ဦးေသဆုံးခဲ့ေၾကာင္း ဟားမက္စ္ ဂ်ီဟတ္
စစ္ေသြးႂကြအဖြဲ႕က အတည္ျပဳခဲ့သည္။ ၎တို႔သုံးဦးမွာ ဟားမက္အဖြဲ႕ Al-Quds Brigades စစ္ေကာင္စီ၏ အတြင္းေရးမႉး Jihad Ghannam၊ ဂါဇာကမ္းေျမာင္ေဒသေျမာက္ပိုင္းရွိ ေကာင္စီႏွင့္ စစ္ဘက္ဆိုင္ရာ အႀကီးအကဲ Khalil al-Bahtini ႏွင့္ West Bank ေဒသမွ စစ္ဘက္ဆိုင္ရာအႀကီးအကဲ Tareq Ezzedine တို႔ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
တိုက္ခိုက္မႈမ်ားၿပီးေနာက္ ဂါဇာကမ္းေျမာင္ေဒသ ေတာင္ဘက္ Rafah ၿမိဳ႕တြင္ Jihad Ghannam ၏႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္းလည္းသိရသည္။ ဟားမက္ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြအဖြဲ႕က"ဒီတိုက္ခိုက္မႈအတြင္းမွာ ေသဆုံးခဲ့တဲ့ ေခါင္းေဆာင္ေတြနဲ႔ သူတို႔ရဲ႕ဇနီးေတြ၊ ကေလးေတြအတြက္ တကယ္ကို ဝမ္းနည္းမိပါတယ္"ဟု သတင္းထုတ္ျပန္ခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂ဝဝဝ)နီးပါးတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ