Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုက်ပွဲအရှိန် ပိုမြင့်တက်လာခြင်းကြောင့် ယူကရိန်းနိုင်ငံရှိ အီတလီနိုင်ငံသားများကို အမြန်ဆုံးထွက်ခွါရန် တိုက်တွန်းထားဟုဆို

Pika (NP News) - မေ ၉

Viaggiare Sicuri ဝဘ်ဆိုဒ်တွင် တင်ထားသော ရုရှားနိုင်ငံ၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုများ ပိုမိုတိုးလာနေသည်ဆိုသည့် စာတစ်စောင်အရ  အီတလီနိုင်ငံသားများကို ယူကရိန်းနိုင်ငံတွင်းမှ ချက်ချင်းထွက်ခွါသွားရန် ကိယက်ဗ်မြို့ရှိ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုပြောဆိုခဲ့ကြောင်းသိရသည်။

အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက "ယူကရိန်းနိုင်ငံတွင်းမှာရှိတဲ့ အီတလီနိုင်ငံသားတွေ အားလုံးကိုယူကရိန်းနိုင်ငံထဲက အမြန်ဆုံးထွက်ခွါဖို့ အကြံပြုထားပါတယ်။ အလွန်သတိထားကြဖို့လည်း အကြုံပြုထားပါတယ်။ ယူကရိန်းကို ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားလာတာမျိုးမလုပ်ဖို့လည်း တားမြစ်ထားပါတယ်"ဟုပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ရုရှားတို့ ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် အီတလီနိုင်ငံသည် ယူကရိန်းနိုင်ငံတွင်းရှိ သံရုံးမှ ၎င်း၏ဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့ပြီး ဒွန်းညက်စ်၊လူဟန့်စ်ဒေသများနှင့် ခရိုင်းမီးယားဒေသတို့ကို ရှောင်ရှားရန် အီတလီနိုင်ငံသားများကို တိုက်တွန်းခဲ့ကြောင်းသိရသည်။ ဒွန်းညက်စ်နှင့်လူဟန့်စ်ဒေသတို့သည် လူထုဆန္ဒခံယူပွဲများလုပ်ဆောင်ခဲ့ပြီးနောက် ရုရှားနိုင်ငံနှင့်ပူးပေါင်းခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်သည် (၂ဝ၁၄)ခုနှစ်တွင် ရုရှားက ယူကရိန်းထံမှ သိမ်းပိုက်ထားခြင်းဖြစ်ကြောင်းသိရသည်။ မေလ(၈)ရက်၊ နံနက်အစောပိုင်းတွင် ယူကရိန်းသည် ရုရှား၏ ဒရုန်းများနှင့် ဒုံးကျည်တိုက် ခိုက်မှု အများအပြားကို သတင်းထုတ်ပြန်ခဲ့ပြီး ကိယက်ဗ်မြို့ကို လာရောက်တိုက်ခိုက်ခဲ့သည့် kamikaze ဒရုန်း(၃၅)စင်းကို ပစ်ချနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ရုရှားလေတပ်မှ ဗုံးကြဲလေယာဉ်များသည် Odessa ဒေသသို့ ဒုံးကျည်(၈)စင်းကို ပစ်လွှတ်ခဲ့ပြီး  Chernigov နှင့် Dnepropetrovsk ဒေသများအပြင် Zaporozhye မြို့တို့တွင်လည်း ပေါက်ကွဲမှုများရှိခဲ့ကြောင်းသိရသည်။

zawgyi version


Pika (NP News) - မေ ၉






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှုနှင့် ပါတီဝင်တစ်ဦး၏ လည်ပင်းအား ဓါးဖြင့်လှီးကာသတ်ဖြတ်မှု ရေတာရှည်မြို့နယ်၌ဖြစ်ပွား

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved