Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအဖြစ် ဆန်စပါးစုဆောင်းထားမှုနှင့် ဖူလုံမှုအပြည့်အဝရှိကြောင်း ဆန်စပါးအသင်းချုပ်အသိပေး

စော(NP News)- မေ ၇

သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအတွက် ဆန်စပါး စုဆောင်းထားမှုနှင့် ဖူလုံမှုအပြည်အဝရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ဝယ်ယူစုဆောင်းမှုများမပြုလုပ်ဘဲ လိုအပ်သောပမာဏကိုသာ ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့ (မေလ ၇ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် လတ်‌တလောဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်းကို မိုးဇလမှ ခန့်မှန်းပြောဆိုထားပြီးဖြစ်သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ‌ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးစုဆောင်းထားရှိမှုနှင့် ဆန်စပါးဖူလုံမှုအပြည့်အဝရှိကြောင်း ထုတ်ပြန်ထားသည်။

ဆန်စပါးဖူလုံမှုရှိခြင်းကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူစု ဆောင်းခြင်းများ မပြုလုပ်ရန်နှင့် လိုအပ်သော ပမာဏကိုသာ ဝယ်ယူရန် ဆန်စပါးအသင်းချုပ်မှ ဆိုသည်။

ထိုသို့ ဝယ်ယူရာတွင်လည်း ပစ္စည်းမှန်၊ ‌ဈေးနှုန်းမှန် ဝယ်ယူရရှိရန် အခက်အခဲရှိပါက ဆန်စပါးအသင်းချုပ် အပါအဝင် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များနှင့် ဆက်သွယ်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း ဆန်စပါးများကို အမိုး အကာများအောက်နှင့် သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်နိုင်မည့် နေရာများတွင် စနစ်တကျ သိုလှောင်ထားရန်နှင့် သိုလှောင်ရုံအတွင်း ရေကြီးမှုများ နှင့်ရေဝင်ရောက်နိုင်သောကြောင့် အောက်ခြေမြှင့်ထားရန်လိုကြောင်း အသင်းချုပ်မှ အသိပေးပြောဆိုထားသည်။

အလားတူ ရိတ်သိမ်းဆဲနှင့် ရိတ်သိမ်းရန်ကျန်ရှိနေသော ကမ်းရိုးတန်းအနီးတဝိုက်ဒေသများတွင်လည်း နွေစပါးရိတ်သိမ်းသိုလှောင်မှုများကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုမ္ပဏီများအနေဖြင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့်စိုက်ပျိုး ရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး တောင်သူများကို တတ်နိုင်သမျှကူညီပေးရန် တိုက်တွန်းထားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကျရောက်မှုဖြစ်ပေါ်လာပါက Emergency Early Response ပြုလုပ်နိုင်ရန်နှင့် ဆန်လိုအပ်မှုရှိပါက အသင်းချုပ် ရုံးချုပ်၊ ညီနောင်အသင်းများ နှင့် ကုန်စည်ဒိုင်များကို ဆက်သွယ်ညှိနှိုင်းတင်ပြရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version


စော(NP News)- မေ ၇










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နန်းတက်ပွဲအခမ်းအနားအတွင်း ဗြိတိန်ဘုရင် စနစ်ကိုဖျက်သိမ်းဖို့ ဆန္ဒပြခဲ့သူ အနည်းဆုံး (၅ဝ)ကျော်ကို ဖမ်းဆီးခဲ့ဟု ဗြိတိန်ရဲတပ်ဖွဲ့ပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved