Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်ဘုရင်နန်းတက်ပွဲအခမ်းအနားမတိုင်မီ စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်သိမ်းဖို့ ပြည်သူများဆန္ဒပြ

ဂျန်ဇက် (NP News) - မေ ၆

ဗြိတိန်ရဲတပ်ဖွဲ့ဟာ ချားလ် III’ ရဲ့နန်းတက်ပွဲအခမ်းအနားမတိုင်ခင် စည်းမျဉ်းခံဘုရင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသူများအဖွဲ့ခေါင်းဆောင် နဲ့ ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

ဆန္ဒပြသူတွေဟာ ဘုရင့်ကြီး ချားလ် III’  နန်းတက်ပွဲအခမ်းအနားကျင်းပမယ့် ဝက်မင်စတာရဲတိုက်ကို သွားချိန်မှာ ကြိုဆိုနေတဲ့လူအုပ်ကြားကနေ ဆန္ဒပြခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဆန္ဒပြသူအုပ်စုတွေဟာ အဝါရောင်တီရှပ်တွေကို ဝတ်ဆင်ထားပြီး နိုင်ငံအကြီးအကဲကို ပြည်သူအများစုရဲ့ဆန္ဒအတိုင်း ရွေးချယ်မှုနဲ့သာရွေးချယ်ဖို့ နဲ့ ခေတ်သစ်သမိုင်းမှာ တော်ဝင်မိသားစုများအတွက်နေရာမရှိသင့်တော့ကြောင်း တောင်းဆိုခဲ့ပါတယ်။ 

ဆန္ဒပြပွဲအုပ်စု အဖွဲ့ဝင်ဖြစ်သူတစ်ဦးက "ရဲတွေဟာ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင် ဂရေဟမ်စမစ် နဲ့အခြား အဖွဲ့ဝင်လေးဦးကိုဖမ်းဆီးခဲ့တယ်။" လို့ပြောပါတယ်။

ဆန္ဒပြသူများက စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်သိမ်းဖို့ နဲ့ ဘုရင်စနစ်ကိုအလိုမရှိကြောင်း၊ တော်ဝင်မိသားစုအပေါ် ဆန္ဒပြဖို့အခွင့်ရေးမရှိခြင်းများဖြစ်နေကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူအုပ်စုများအပြင် ဗြိတိန်ပြည်သူတွေဟာ ဘာကင်ဟမ် နန်းတော်က ဝက်မင်စတာရဲတိုက်ကို သွားမယ့် ဘုရင် နဲ့ မိဖုရားကို ကြိုဆိုနှုတ်ဆက်ဖို့ လန်ဒန်မြို့လယ်ခေါင်မှာ စုရုံးရောက်ရှိနေခဲ့ကြောင်းသိရပါတယ်။ ဗြိတိန်ဘုရင်ချားလ် III’ ရဲ့နန်းတက်ပွဲအခမ်းအနားကို မေလ ၆ ရက်မှာ လန်ဒန်မြို့ ဝက်မင်စတာရဲတိုက်ကြီးမှာ စတင်ကျင်းပခဲ့ရာ ကမ္ဘာတဝှမ်းရှိ နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံရေးလောကရဲ့ထင်ရှားသူများ၊ ကမ္ဘာတဝှမ်းမှထင်ရှားသူများ၊ တော်ဝင်မိသားစုအသိုင်းအဝိုင်းများတက်ရောက်ခဲ့ပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်မတက်ရောက်နိုင်ပေမယ့် ဇနီးဖြစ်သူ ဂျေးလ်ဘိုင်ဒန် တက်ရောက်ခဲ့ပါတယ်။ အဆိုပါနန်းတက်ပွဲနဲ့ကျမ်းကျိန်ပွဲအခမ်းအနားဟာ  ဗြိတိန်နိုင်ငံသမိုင်းမှာ အစဉ်အလာအားဖြင့် သက်တမ်း ၁ဝဝဝ ကျော်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ နန်းတက်ပွဲအခမ်းအနားကို ကမ္ဘာတဝှမ်းက ခေါင်းဆောင်များအပါအဝင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ပေါင်း ၂၂ဝဝ ခန့်တက်ရောက်မှာဖြစ်ပါတယ်။ ဗြိတိန်နန်းတက်ပွဲအခမ်းအနားကို နှစ်ပေါင်း ၇ဝ ကျော်မှာတစ်ကျော့ပြန် ပြန်လည်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဗြိတိန်ဘုရင်မကြီး အဲလီစဘတ်နတ်ရွာစံသွားခဲ့ပြီးနောက် သားအကြီးဆုံးဖြစ်တဲ့ချားလ် III ဟာ ဗြိတိန်ထီးနန်းအရိုက်အရာကို ဆက်ခံခွင့်ရရှိခဲ့ပြီး မေလ ၆ ရက်မှာ နန်းတက်ပွဲအခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ဝက်မင်စတာ ရဲတိုက်မှာ ဗြိတိန်ဘုရင်နန်းတက်ပွဲအခမ်းနားကို ၁ဝ၆၆ ခုနှစ်နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ ကျင်းပခဲ့တာဖြစ်ပြီး ဗြိတိန်ဘုရင် ချားလ် III’ နဲ့ မီဖုရား ကာမီလာတို့က နန်းတက်ပွဲအခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။

zawgyi version

ၿဗိတိန္ဘုရင္နန္းတက္ပြဲအခမ္းအနားမတိုင္မီ စည္းမ်ဥ္းခံဘုရင္စနစ္ကိုဖ်က္သိမ္းဖို႔ ျပည္သူမ်ားဆႏၵျပ

ဂ်န္ဇက္ (NP News) - ေမ ၆

ၿဗိတိန္ရဲတပ္ဖြဲ႕ဟာ ခ်ားလ္ III’ ရဲ႕နန္းတက္ပြဲအခမ္းအနားမတိုင္ခင္ စည္းမ်ဥ္းခံဘုရင္စနစ္ကို ဆန႔္က်င္ဆႏၵျပသူမ်ားအဖြဲ႕ေခါင္းေဆာင္ နဲ႔ ဆႏၵျပသူမ်ားကို ဖမ္းဆီးခဲ့ေၾကာင္းသိရပါတယ္။

ဆႏၵျပသူေတြဟာ ဘုရင့္ႀကီး ခ်ားလ္ III’  နန္းတက္ပြဲအခမ္းအနားက်င္းပမယ့္ ဝက္မင္စတာရဲတိုက္ကို သြားခ်ိန္မွာ ႀကိဳဆိုေနတဲ့လူအုပ္ၾကားကေန ဆႏၵျပခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ ဆႏၵျပသူအုပ္စုေတြဟာ အဝါေရာင္တီရွပ္ေတြကို ဝတ္ဆင္ထားၿပီး ႏိုင္ငံအႀကီးအကဲကို ျပည္သူအမ်ားစုရဲ႕ဆႏၵအတိုင္း ေ႐ြးခ်ယ္မႈနဲ႔သာေ႐ြးခ်ယ္ဖို႔ နဲ႔ ေခတ္သစ္သမိုင္းမွာ ေတာ္ဝင္မိသားစုမ်ားအတြက္ေနရာမရွိသင့္ေတာ့ေၾကာင္း ေတာင္းဆိုခဲ့ပါတယ္။ 

ဆႏၵျပပြဲအုပ္စု အဖြဲ႕ဝင္ျဖစ္သူတစ္ဦးက "ရဲေတြဟာ ကြၽန္ေတာ္တို႔အဖြဲ႕ေခါင္းေဆာင္ ဂေရဟမ္စမစ္ နဲ႔အျခား အဖြဲ႕ဝင္ေလးဦးကိုဖမ္းဆီးခဲ့တယ္။" လို႔ေျပာပါတယ္။

ဆႏၵျပသူမ်ားက စည္းမ်ဥ္းခံဘုရင္စနစ္ကိုဖ်က္သိမ္းဖို႔ နဲ႔ ဘုရင္စနစ္ကိုအလိုမရွိေၾကာင္း၊ ေတာ္ဝင္မိသားစုအေပၚ ဆႏၵျပဖို႔အခြင့္ေရးမရွိျခင္းမ်ားျဖစ္ေနေၾကာင္း ေႂကြးေၾကာ္ဆႏၵျပခဲ့ပါတယ္။ ဆႏၵျပသူအုပ္စုမ်ားအျပင္ ၿဗိတိန္ျပည္သူေတြဟာ ဘာကင္ဟမ္ နန္းေတာ္က ဝက္မင္စတာရဲတိုက္ကို သြားမယ့္ ဘုရင္ နဲ႔ မိဖုရားကို ႀကိဳဆိုႏႈတ္ဆက္ဖို႔ လန္ဒန္ၿမိဳ႕လယ္ေခါင္မွာ စု႐ုံးေရာက္ရွိေနခဲ့ေၾကာင္းသိရပါတယ္။ ၿဗိတိန္ဘုရင္ခ်ားလ္ III’ ရဲ႕နန္းတက္ပြဲအခမ္းအနားကို ေမလ ၆ ရက္မွာ လန္ဒန္ၿမိဳ႕ ဝက္မင္စတာရဲတိုက္ႀကီးမွာ စတင္က်င္းပခဲ့ရာ ကမာၻတဝွမ္းရွိ ႏိုင္ငံေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးေလာကရဲ႕ထင္ရွားသူမ်ား၊ ကမာၻတဝွမ္းမွထင္ရွားသူမ်ား၊ ေတာ္ဝင္မိသားစုအသိုင္းအဝိုင္းမ်ားတက္ေရာက္ခဲ့ပါတယ္။ 

အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္မတက္ေရာက္ႏိုင္ေပမယ့္ ဇနီးျဖစ္သူ ေဂ်းလ္ဘိုင္ဒန္ တက္ေရာက္ခဲ့ပါတယ္။ အဆိုပါနန္းတက္ပြဲနဲ႔က်မ္းက်ိန္ပြဲအခမ္းအနားဟာ  ၿဗိတိန္ႏိုင္ငံသမိုင္းမွာ အစဥ္အလာအားျဖင့္ သက္တမ္း ၁ဝဝဝ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ အဆိုပါ နန္းတက္ပြဲအခမ္းအနားကို ကမာၻတဝွမ္းက ေခါင္းေဆာင္မ်ားအပါအဝင္ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္ေပါင္း ၂၂ဝဝ ခန႔္တက္ေရာက္မွာျဖစ္ပါတယ္။ ၿဗိတိန္နန္းတက္ပြဲအခမ္းအနားကို ႏွစ္ေပါင္း ၇ဝ ေက်ာ္မွာတစ္ေက်ာ့ျပန္ ျပန္လည္က်င္းပခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ၿဗိတိန္ဘုရင္မႀကီး အဲလီစဘတ္နတ္႐ြာစံသြားခဲ့ၿပီးေနာက္ သားအႀကီးဆုံးျဖစ္တဲ့ခ်ားလ္ III ဟာ ၿဗိတိန္ထီးနန္းအ႐ိုက္အရာကို ဆက္ခံခြင့္ရရွိခဲ့ၿပီး ေမလ ၆ ရက္မွာ နန္းတက္ပြဲအခမ္းအနားကို က်င္းပခဲ့တာျဖစ္ပါတယ္။

ဝက္မင္စတာ ရဲတိုက္မွာ ၿဗိတိန္ဘုရင္နန္းတက္ပြဲအခမ္းနားကို ၁ဝ၆၆ ခုႏွစ္ေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိ က်င္းပခဲ့တာျဖစ္ၿပီး ၿဗိတိန္ဘုရင္ ခ်ားလ္ III’ နဲ႔ မီဖုရား ကာမီလာတို႔က နန္းတက္ပြဲအခမ္းအနားကို က်င္းပမွာျဖစ္ပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့ရှိ ဟိုတယ်ပေါင်း(၂ဝ)ကျော်ကို ရောင်းချရန်စီစဥ်နေ

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved