Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ဘက်က သတိပေးမှုများရှိနေချိန်တွင် အမေရိကန်က ထိုင်ဝမ်ကို အမေရိကန်‌ဒေါ်လာသန်း(၅ဝဝ)တန်ဖိုးရှိ စစ်လက်နက်များကူညီပေးရန် စီစဥ်

Pika (NP News) - မေ ၆

အမေရိကန်အစိုးရသည် ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ သန်း(၅ဝဝ)တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများပေးပို့ပေးရန်  စီစဥ်လျက်ရှိနေကြောင်း ယင်းအစီအစဥ်နှင့် နီးစပ်သူတစ်ဦးကပြောကြားခဲ့သည်။

(၂ဝ၂၃)ခုနှစ်ဘတ်ဂျတ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်လွှတ်တော်သည် ယူကရိန်းသို့ လက်နက်ပေးပို့ရန်ကူညီပေးခဲ့သော Presidential Drawdown Authority (PDA) အမည်ရှိ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၁)ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းအကူအညီပေးပို့ရန် ခွင့်ပြုခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသော ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် ရှုမြင်ထားပြီး ပြီးခဲ့သည့်သုံးနှစ်အတွင်း ထိုင်ဝမ်ကျွန်းအပေါ်စစ်ရေးအရ ဖိအားပေးခြင်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ထိန်းချုပ်မှုအောက်သို့ ရောက်စေရန်အတွက် အင်အားအသုံးပြုမှုကို မည့်သည့်အခါမှ စွန့်လွှတ်ခဲ့ခြင်းမျိုးမရှိကြောင်းသိရသည်။ ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်သည် လော့စ်အိန်ဂျလီမြို့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီနှင့်တွေ့ဆုံပြီးနောက် ပြီးခဲ့သည့်လတွင် တရုတ်သည် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင်ခန်းများ ပိုမိုလုပ်ဆောင်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် Bloomberg သတင်းကဖော်ပြခဲ့သော ထိုင်ဝမ်အတွက် အကူအညီပေးမည့် အစီအစဥ်ထဲတွင်  မည်သည့်စစ်လက်နက်ပစ္စည်းအမျိုးအစားများပါဝင်မည်ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးသကဲ့သို့ အချိန်အတိအကျကိုလည်း မသိရှိရသေးကြောင်းသိရသည်။ 

ရုရှားတို့ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် အမေရိကန်၏စစ်လက်နက်ပစ္စည်းထုတ်လုပ်သူများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးနေသောကြောင့် Stinger လေယာဉ်ပစ်ဒုံးကျည်များကဲ့သို့သော လက်နက်များပေးပို့ရာတွင် နှောင့်နှေးလျက်ရှိနေကြောင်းသိရသည်။ အဆိုပါနှောင့်နှေးမှုများအပေါ် ထိုင်ဝမ်က အမေရိကန်အစိုးရအပေါ် စိတ်ဆိုးဒေါသဖြစ်လျက်ရှိနေကြောင်း သတင်းများလည်းထွက်ပေါ်ခဲ့ဖူးသည်။ ထိုင်ဝမ်သို့ စစ်ရေးအရအကူအညီများပေးပို့ခြင်းသည် ဒေသတွင်းတင်းမာမှုများကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း တရုတ်ဘက်က သတိပေးပြောဆိုခဲ့သည်။

ထို့ပြင် တရုတ်က ၎င်း၏ပြည်တွင်း‌ရေးကို ဝင်ရောက်စွက်ဖက်သည့်နိုင်ငံများအတွက် အကျိုးဆက်များကိုသတိပေးခဲ့ပြီး ထိုင်ဝမ်သို့ လက်နက်‌ရောင်းချခြင်းများကို ရပ်တန့်ရန် အမေရိကန်ကိုတောင်းဆိုခဲ့ကြောင်းသိရသည်။

zawgyi version


Pika (NP News) - မေ ၆






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှည်းတန်းမီးပွိုင့်တွင် အသက်(၁၇)နှစ်အရွယ်မိန်း‌ကလေးတစ်ဦး ကားလမ်းကူးစဥ် YBS ယာဉ်ဖြင့် အတိုက်ခံရမှုကြောင့် သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved