Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်း(၆)မျိုးအား ဝန်ကြီးဌာန ထုတ်ပြန်

Pearl (NP News) - မေ ၆

ဆိုလာနှင့် ဆက်စပ်ပစ္စည်း(၆)မျိုးအား အကောက်ခွန်ကင်းလွတ်ခွင့်ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းလျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆိုလာနှင့် ဆပ်စပ်ပစ္စည်းများအား ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကို ၂ဝ၂၃ ခုနှစ်၊ ဧပြီလ(၁)ရက်မှစ၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အကောက်ခွန် ကင်းလွတ်ခွင့်ပြုသော ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတွင် နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် အချပ်များ ( PV Module/ Solar Module/ PV Panel/ Solar Panel/ Solar Panel 92 Watt CIGS (Copper Indium Gallium Selenide) နှင့် နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ်ကိရိယာ (PV / Solar (Hybrid/ Smart Array) Controller, Charge Controller for PV/ Solar) ၊ နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ (စထရင်း/ ပေါင်းစပ်/ ဘက်ထရီ/ နှစ်မျိုးသုံး/ ပင်မ)တို့ ပါဝင်ကြောင်း သိရသည်။

အလားတူ အိမ်သုံးတပ်ဆင်မှုပုံစံများ(ခေါင်မိုးနှင့် မြေပြင်တွင် တပ်ဆင်ခြင်း) (PV/ Solar Mounted Structure, PV / Solar Mounted Frames, PV / Solar Mounted Kits (Roof and Ground Mounted)) နှင့် နေရောင်ခြည်စွမ်းအင် တပ်ဆင်မှုစနစ် (ရေပေါ်တွင်တပ်ဆင်ခြင်း) (PV / Solar Mounted System (Floating)) တို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘက်ထရီပုံး (PV / Solar Controller and Battery Box) (PV / Solar Controller နှင့် Battery  တွဲလျက်တင်သွင်းခြင်းအတွက်သာ) ပါဝင်ကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား ဖူလုံရန် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version


Pearl (NP News) - မေ ၆







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံသားများအပါအဝင် လူကုန်ကူးခံရသူ(၁ဝဝဝ)ကျော်ကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved