Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းနိုင်ငံ Bakhmut မြို့က တပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း ရုရှား ကြေးစားစစ်သားအုပ်စုပြော

ဂျန်ဇက် (NP News) - မေ ၅

ရုရှား ကြေးစားစစ်သားအဖွဲ့ဖြစ်တဲ့ Wagner အုပ်စုဟာ လာမယ့်ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံ Bakhmut မြို့က ပြန်ရုတ်သိမ်းသွားတော့မှာဖြစ်ကြောင်း ကြေးစားတပ်ဖွဲ့အကြီးအကဲ Yevgeny Prigozhin ကပြောပါတယ်။

အဆိုပါ ရုရှားကြေးစားတပ်ဖွဲ့ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့ဝင်များနဲ့အတူပါဝင်တိုက် ခိုက်နေပြီး လက်ရှိအချိန်မှာ ယူကရိန်း Bakhmut  မြို့ကို သိမ်းပိုက်နိုင်ဖို့ ပါဝင်တိုက်ခိုက်နေကြောင်းသိရပါတယ်။ Wagner အုပ်စုခေါင်းဆောင်က "လာမယ့် မေလ ၁ဝ ရက်မှာ ကြေး စားစစ်သားအဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းသွားတော့မှာပါ၊ ခဲယမ်းမီးကျောက်မရှိဘူးဆိုရင် သေကြေပျက်စီးရမှာဖြစ်တယ်။ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေပေမယ့် လုံလောက်တဲ့ကျည်ဆံမရှိတဲ့အတွက် တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းတော့မှာဖြစ်တယ်"လို့ပြောပါတယ်။

အဆိုပါရုရှားကြေးစားစစ်သားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက Bakhmut  မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် ရုရှားတပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်လျက်ရှိနေကြောင်းသိရပါတယ်။ယူကရိန်းစစ်ပွဲဟာ ရုရှားကြေးစားစစ်သားအုပ်စုပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေထဲမှာ သွေးထွက်သံယိုဖြစ်မှုအများဆုံး နဲ့အချိန်အကြာဆုံးဖြစ်ကြောင်းသိရပါတယ်။ ရုရှားကြေးစားစစ်သားအုပ်စုဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ခြင်းကြောင့် အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထားပိတ်ဆို့မှုခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ယူကရိန်းပိုင်နက်နယ်မြေ (၄)ခုကို သိမ်းပိုက်ထားဆဲဖြစ်ပြီး အပစ်ခတ်ရပ်စဲရေးအတွက် ယူကရိန်းနဲ့ စေ့စပ်ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာ အပစ်ခတ်ရပ်စဲရေးအတွက် ရုရှားနဲ့ ယူကရိန်းကြား ကြားဝင်ဆောင်ရွက်ပေးဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မေ ၅





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မေလ(၉)ရက်မှစတင်ကာ မိုးသက်လေပြင်းကျ၍ လှိုင်းကြီးနိုင်ကြောင်း မိုးဇလဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved