Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန် NDAA ဥပဒေပါ ဖော်ပြချက်များမှာ နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကာ တုံ့ပြန်ထားကြောင်း နစကဆို

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၇

အမေရိကန်နိုင်ငံ NDAA ဥပဒေပါ ဖော်ပြချက်များမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းဖြစ်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကာ တုံ့ပြန်ထားကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

အမေရိကန်သမ္မတမှ ၂ဝ၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက် ဥပဒေ(NDAA)ကို အတည်ပြုခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ တုံ့ပြန်ဆောင်ရွက်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ NDAA အက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် “BURMA Act of 2022” အား ထည့်သွင်းခဲ့သည်ကို တွေ့ ရှိရကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ၎င်းဥပဒေတွင် မြန်မာနိုင်ငံနှင်ပတ်သက်သည့် ဖော်ပြချက်များသည်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်း၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် NUG ၊ NUCC ၊ CRPH နှင့် PDF များအား ကူညီထောက်ပံ့မှုများသည် အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း နှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)သို့ ငွေကြေးထောက်ပံ့မှုအပေါ်ကိုလည်း ဝန်ကြီးဌာနက ကန့်ကွက်ထားသည်။ အထက်ပါကဲ့သို့သော လုပ်ရပ်များသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ပြင်းထန်စွာကန့်ကွက်ထားသည့် သံတမန်စာကို ဒီဇင်ဘာလ ၁၃ ရက်တွင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ကန့်ကွက်ခဲ့ကြောင်း သိရသည်။

အလားတူ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံအနေဖြင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံ ညွှန်ကြားရေးမှူးကိုလည်း ဒီဇင်ဘာလ ၁၆ ရက်တွင် ဆက်သွယ်ကာ တရားဝင်ထပ်မံကန့်ကွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn ကိုလည်း ဒီဇင်ဘာလ ၁၆ ရက်တွင် ဝန်ကြီးဌာနသို့ ဆင့်ခေါ်ကာ ပြင်းထန်စွာကန့်ကွက်ခြင်းဖြင့် မြန်မာဘက်မှ တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ “BURMA Act of 2022” အား ထည့်သွင်းရေးဆွဲထားသည့် ၂ဝ၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA)ကို ဒီဇင်ဘာလ ၂၃ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်နိုင်ငံမှာ နိုဝင်ဘာလက အလုပ်လက်မဲ့နှုန်း (၂ ဒသမ ၅)ရာခိုင်နှုန်းထိ ကျဆင်းလာ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved