Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်းစိန်အကျဉ်းထောင်၌ ထောင်ကျနေသည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦး ကွယ်လွန်

မျိုးကြီး (NP News) - မေ ၃

အင်းစိန်အကျဉ်းထောင်၌ ထောင်ဒဏ်ကျခံနေရသည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင် သန်းဦးသည် ကွယ်လွန်ဆုံးပါးသွားကြောင်း သတင်းရရှိသည်။

ဝန်ကြီးဟောင်းဦးအောင်သန်းဦးသည် ယနေ့(မေ ၃ ရက်) နံနက်အစောပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း အင်းစိန်အ ကျဉ်းထောင်နှင့်နီးစပ်သော သတင်းအရင်းက NP News ကို ပြောဆိုထားသည်။

ကနဦးသတင်းအချက်များအရ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် အသက်ရှုလမ်းကြောင်းပိုးနှင့် ဦးနှောက် တွင်းပိုးဝင်ခြင်းများကြောင့် အင်းစိန်ဆေးရုံသို့ အရေးပေါ်တင်ပို့ကုသပေးစဉ်အချိန်တွင် ကွယ်လွန်ဆုံးပါးသွားခြင်းဖြစ် ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

လက်ရှိ နစကလက်ထက်၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် စီးပွားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သော ဦးအောင်သန်းဦး သည် ကွန်လွယ်ချိန်တွင် အသက်(၅၆)နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရသည်။

သို့သော် စီးပွားရေးရာဝန်ကြီးဦးအောင်သန်းဦး ကွယ်လွန်ဆုံးပါးသွားမှုနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိ တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမျိုး မရှိသေးပေ။

စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးအား နစက၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိအမှုများ ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းသည် နိုင်ငံရေးရာထူးရှိခဲ့စဉ်အချိန်တွင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးမှ မြေကွက်လျှောက်ထား ခြင်းများနှင့် ပတ်သက်၍ ပေးအပ်သည့် ငွေကျပ်သိန်း(၅ဝဝဝ) ကို ၎င်း၏နေအိမ်၌ (၆)ကြိမ်ခွဲကာ လက်ခံခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး လက်ခံခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်က ပြောဆိုခဲ့သည်။

ထို့ပြင် ဦးအောင်သန်းဦးသည် မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင်မြေများဝယ်ယူခွင့်ရရှိသူ (၃)ဦး နှင့် အခြားနည်းအသုံးပြုခွင့်ရရှိသူတစ်ဦးထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ်အတွက် ကျပ်သိန်း ၉၅ဝဝ ကျော်အား ကောက်ခံရယူခဲ့ရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ အခြားစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သော်လည်း အဆိုပါ ငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ်တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့ခြင်း၊ ချက်လက်မှတ်များကို သိမ်းဆည်းထားခြင်းတို့သည် တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်းများကိုဖောက်ဖျက်၍ နိုင်ငံတော် ၏ ငွေကြေးများ နစ်နာဆုံးရှုံးစေခဲ့သည်ဟုလည်း ကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ အဂတိမှုများဖြင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် တရားရုံးမှ ထောင်ဒဏ်နှစ်(၂ဝ) အထိ ပြစ် ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

zawgyi version

အင္းစိန္အက်ဥ္းေထာင္၌ ေထာင္က်ေနသည့္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦး ကြယ္လြန္

မ်ိဳးႀကီး (NP News) - ေမ ၃

အင္းစိန္အက်ဥ္းေထာင္၌ ေထာင္ဒဏ္က်ခံေနရသည့္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္ သန္းဦးသည္ ကြယ္လြန္ဆုံးပါးသြားေၾကာင္း သတင္းရရွိသည္။

ဝန္ႀကီးေဟာင္းဦးေအာင္သန္းဦးသည္ ယေန႔(ေမ ၃ ရက္) နံနက္အေစာပိုင္းတြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း အင္းစိန္အ က်ဥ္းေထာင္ႏွင့္နီးစပ္ေသာ သတင္းအရင္းက NP News ကို ေျပာဆိုထားသည္။

ကနဦးသတင္းအခ်က္မ်ားအရ စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးသည္ အသက္ရႈလမ္းေၾကာင္းပိုးႏွင့္ ဦးေႏွာက္ တြင္းပိုးဝင္ျခင္းမ်ားေၾကာင့္ အင္းစိန္ေဆး႐ုံသို႔ အေရးေပၚတင္ပို႔ကုသေပးစဥ္အခ်ိန္တြင္ ကြယ္လြန္ဆုံးပါးသြားျခင္းျဖစ္ ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

လက္ရွိ နစကလက္ထက္၌ ရန္ကုန္တိုင္းအစိုးရအဖြဲ႕တြင္ စီးပြားေရးရာဝန္ႀကီးအျဖစ္ တာဝန္ထမ္းခဲ့ေသာ ဦးေအာင္သန္းဦး သည္ ကြန္လြယ္ခ်ိန္တြင္ အသက္(၅၆)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ စီးပြားေရးရာဝန္ႀကီးဦးေအာင္သန္းဦး ကြယ္လြန္ဆုံးပါးသြားမႈႏွင့္ပတ္သက္၍ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က လက္ရွိအခ်ိန္ထိ တစ္စုံတစ္ရာျပန္လည္ေျဖၾကားျခင္းမ်ိဳး မရွိေသးေပ။

စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးအား နစက၏ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က အဂတိအမႈမ်ား ျဖင့္ အမႈဖြင့္ကာ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

၎သည္ ႏိုင္ငံေရးရာထူးရွိခဲ့စဥ္အခ်ိန္တြင္ ေဆာက္လုပ္ေရးကုမၸဏီပိုင္ရွင္တစ္ဦးမွ ေျမကြက္ေလွ်ာက္ထား ျခင္းမ်ားႏွင့္ ပတ္သက္၍ ေပးအပ္သည့္ ေငြက်ပ္သိန္း(၅ဝဝဝ) ကို ၎၏ေနအိမ္၌ (၆)ႀကိမ္ခြဲကာ လက္ခံခဲ့ျခင္းသည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳၿပီး လက္ခံခဲ့ျခင္းျဖစ္ေၾကာင္း ေကာ္မရွင္က ေျပာဆိုခဲ့သည္။

ထို႔ျပင္ ဦးေအာင္သန္းဦးသည္ ေျမလြတ္၊ ေျမ႐ိုင္းလုပ္ကိုင္ခြင့္ရရွိသူ (၈)ဦး၊ အစိုးရပိုင္ေျမမ်ားဝယ္ယူခြင့္ရရွိသူ (၃)ဦး ႏွင့္ အျခားနည္းအသုံးျပဳခြင့္ရရွိသူတစ္ဦးထံမွ လူမႈပတ္ဝန္းက်င္ အက်ိဳးျပဳလုပ္ငန္းစဥ္အတြက္ က်ပ္သိန္း ၉၅ဝဝ ေက်ာ္အား ေကာက္ခံရယူခဲ့ရာတြင္ ျမန္မာ့စီးပြားေရးဘဏ္၌ အျခားစာရင္းရွင္ ဖြင့္လွစ္ေဆာင္႐ြက္ရမည္ျဖစ္ေသာ္လည္း အဆိုပါ ေငြမ်ားကို ျမန္မာ့ေရွ႕ေဆာင္ဘဏ္တြင္ ၎အမည္ျဖင့္ ဖြင့္လွစ္ထားသည့္ ေငြစာရင္းႏွစ္ခုသို႔ ထည့္သြင္းခဲ့ျခင္း၊ ခ်က္လက္မွတ္မ်ားကို သိမ္းဆည္းထားျခင္းတို႔သည္ တည္ဆဲဥပေဒ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကိုေဖာက္ဖ်က္၍ ႏိုင္ငံေတာ္ ၏ ေငြေၾကးမ်ား နစ္နာဆုံးရႈံးေစခဲ့သည္ဟုလည္း ေကာ္မရွင္က ထုတ္ျပန္ထားသည္။

အဆိုပါ အဂတိမႈမ်ားျဖင့္ စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးသည္ တရား႐ုံးမွ ေထာင္ဒဏ္ႏွစ္(၂ဝ) အထိ ျပစ္ ဒဏ္ခ်မွတ္ျခင္းကို ခံခဲ့ရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ မေလ ၃ ရက်၊ ကဆုန်လပြည့်နေ့တွင် ‌ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးများ လာရောက်ဖူးမြှော်ကြသည့် မြင်ကွင်းများ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved