Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး KNU ဥက္ကဋ္ဌအဖြစ်မှအနားယူခဲ့ပြီး ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ
NP News - မေ ၂
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ (၁ဝ)ဦးမြောက်ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။
KNU ၏ (၁၇)ကြိမ်မြောက်ညီလာခံကို ဧပြီလ ၂၄ ရက်မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဥက္ကဋ္ဌအသစ်ကို ညီလာခံမှတစ်ဆင့် ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ပြောသည်။
ယခင် KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် (၁၇)ကြိမ်မြောက် ညီလာခံသို့ ကိုယ် တိုင်တက်ရောက်ခဲ့သော်လည်း ဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်အရွေးချယ်ခံခြင်းမရှိဘဲ အနားယူသွားပြီဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေတို့အရ ဥက္ကဋ္ဌနေရာအတွက် ထပ်မံကာ ဝင်ရောက်အရွေးချယ်မခံခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
“ကရင်ပြည်နယ်ရဲ့ အနာဂတ်က သူတို့ရွေးချယ်လိုက်တဲ့အပေါ်မှာ အာဏာရရှိလာတဲ့ ကရင်ခေါင်းဆောင်တွေရဲ့ ဆောင်ရွက်မှု၊ ရှေ့ဆက်ဆောင်ရွက်တာ ငြိမ်းငြိမ်းချမ်းချမ်း၊ သင့်သင့် မြတ်မြတ်ဖြစ်အောင် ကြိုးပမ်းပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းသွားမှာပေါ့။ သင့်မြတ်သွားမှာပေါ့။ မငြိမ်းမချမ်းဆောင်ရွက်လို့ရှိရင်လည်း မငြိမ်းမချမ်းဖြစ်သွားမှာ ပဲပေါ့။ မငြိမ်းချမ်းတဲ့ဟာကိုကျတော့ ကျွန်တော်ထင်တယ် လူတွေအားလုံးကတော့ မနှစ်သက်ကြဘူးလို့ပဲ ထင်တယ်” ဟု KNU အဖွဲ့အစည်း၌ အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။
KNU ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်းသည် လက်ရှိတွင် KNU ၏ (၁ဝ)ဦးမြောက် ဥက္ကဋ္ဌအဖြစ် ညီလာခံမှ ရွေးချယ်လိုက်ပြီဖြစ်သည်။
KNU အဖွဲ့အစည်းအတွင်း၌ တပ်မတော်အား အမြစ်ပြတ်ချေမှုန်းလိုသည့်အဖွဲ့နှင့် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးလိုသည့်အဖွဲ့ဟူ၍ (၂)ဖွဲ့ ကွဲနေလျက်ရှိကြောင်းလည်း ပြောဆိုမှုများရှိနေသည်။
zawgyi version
NP News - မေ ၂
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
ပုဒ်မ ၅ဝ၅(က)ဖြင့် ထောင်ကျနေသည့် အကျဉ်းသား(၂ဝဝဝ)ကျော်ကို နစကမှ ပြစ်ဒဏ်များလျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပေး
RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US
Copyright © News Services Station | All Right Reserved