ဇင်းကျိုက်ဘူတာ နှင့် ပေါင်ဘူတာကြားတွင် အဆန်အထူးရထားတွဲမှ နွားတစ်ကောင်အား တိုက်မိပြီး ဘီးချော်မှုဖြစ်ပွား
Pearl (NP News) - မေ ၁
အဆန်အထူးရထားတွဲသည် ဇင်းကျိုက်ဘူတာနှင့် ပေါင်ဘူတာကြားတွင် နွားတစ်ကောင်အားတိုက်မိပြီး ဘီးချော်မှုဖြစ်ပွားခဲ့ရာ ရထားလမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ယနေ့ (မေလ ၁ ရက်)၊ နံနက်(၉)နာရီ (၁၅)မိနစ် အချိန်ခန့်တွင် ဇင်းကျိုက်ဘူတာနှင့် ပေါင်ဘူတာကြားရှိ ရထားလမ်းမိုင်တိုင်အမှတ် ၁၅၅/၉-၁၁ ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာမှ မော်လမြိုင်ဘူတာသို့ ရထားစက်ခေါင်းအမှတ် (DF-1208) စက်ခေါင်းမောင်း ဦးကျော်လွင် နှင့် ရထားထိန်း ဦးစိုးဝဏ္ဏတို့ မောင်းနှင်လာသည့် အဆန်အထူးရထားတွဲသည် မိုင်းခံတွဲ(၁)တွဲ၊ သစ်ခွဲသားတွဲ(၁)တွဲ နှင့် နားနေတွဲ (၁)တွဲ၊ စုစုပေါင်း(၃)တွဲဖြင့် ချိတ်ဆက်၍ ထွက်ခွာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ နွားတစ်ကောင်အား တိုက်မိခဲ့ပြီး ရထား ၏ မိုင်းခံတွဲ WBHV-14574၊ ဘီးအမှတ် ၁-၂ သည် ရထားသံလမ်းနှင့်ကပ်လျက်အတွင်းသို့ ကျ၍ ဘီးအမှတ် ၇-၈ သည် အပြင်ကျကာ ဘီးချော်ခဲ့ကြောင်း အထက်ပါ သတင်းအရင်း အမြစ်မှ ဆိုသည်။
ဖြစ်စဉ်ကြောင့် နံနက် ၉ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် ရထားလမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ပြီးနောက် နံနက် (၁၁)နာရီခွဲအချိန်ခန့်တွင် ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
zawgyi version
ဇင္းက်ိဳက္ဘူတာ ႏွင့္ ေပါင္ဘူတာၾကားတြင္ အဆန္အထူးရထားတြဲမွ ႏြားတစ္ေကာင္အား တိုက္မိၿပီး ဘီးေခ်ာ္မႈျဖစ္ပြား
Pearl (NP News) - ေမ ၁
အဆန္အထူးရထားတြဲသည္ ဇင္းက်ိဳက္ဘူတာႏွင့္ ေပါင္ဘူတာၾကားတြင္ ႏြားတစ္ေကာင္အားတိုက္မိၿပီး ဘီးေခ်ာ္မႈျဖစ္ပြားခဲ့ရာ ရထားလမ္းပိုင္းအား ယာယီပိတ္ထားခဲ့ရေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ယေန႔ (ေမလ ၁ ရက္)၊ နံနက္(၉)နာရီ (၁၅)မိနစ္ အခ်ိန္ခန႔္တြင္ ဇင္းက်ိဳက္ဘူတာႏွင့္ ေပါင္ဘူတာၾကားရွိ ရထားလမ္းမိုင္တိုင္အမွတ္ ၁၅၅/၉-၁၁ ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ဇင္းက်ိဳက္ဘူတာမွ ေမာ္လၿမိဳင္ဘူတာသို႔ ရထားစက္ေခါင္းအမွတ္ (DF-1208) စက္ေခါင္းေမာင္း ဦးေက်ာ္လြင္ ႏွင့္ ရထားထိန္း ဦးစိုးဝဏၰတို႔ ေမာင္းႏွင္လာသည့္ အဆန္အထူးရထားတြဲသည္ မိုင္းခံတြဲ(၁)တြဲ၊ သစ္ခြဲသားတြဲ(၁)တြဲ ႏွင့္ နားေနတြဲ (၁)တြဲ၊ စုစုေပါင္း(၃)တြဲျဖင့္ ခ်ိတ္ဆက္၍ ထြက္ခြာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ထြက္ခြာလာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ ႏြားတစ္ေကာင္အား တိုက္မိခဲ့ၿပီး ရထား ၏ မိုင္းခံတြဲ WBHV-14574၊ ဘီးအမွတ္ ၁-၂ သည္ ရထားသံလမ္းႏွင့္ကပ္လ်က္အတြင္းသို႔ က်၍ ဘီးအမွတ္ ၇-၈ သည္ အျပင္က်ကာ ဘီးေခ်ာ္ခဲ့ေၾကာင္း အထက္ပါ သတင္းအရင္း အျမစ္မွ ဆိုသည္။
ျဖစ္စဥ္ေၾကာင့္ နံနက္ ၉ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္တြင္ ရထားလမ္းပိုင္းအား ေခတၱပိတ္ထားခဲ့ၿပီးေနာက္ နံနက္ (၁၁)နာရီခြဲအခ်ိန္ခန္႔တြင္ ျပဳျပင္ေဆာင္႐ြက္ၿပီးစီးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမရပူရမြို့မရဲစခန်း ၄ဝ (မမ)ဗုံးသီးဖြင့် (၂)ကြိမ် ပစ်ခတ်ခံရမှုကြောင့် ကလေးငယ်အပါအ ဝင် (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း