Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန် နဲ့ ဆော်ဒီအာရေးဗျ နိုင်ငံကြား သံတမန်ဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်ဖို့ တရုတ် သမ္မတက အဓိကအခန်းကဏ္ဍမှ ပါဝင်ကြိုးပမ်းပေးခဲ့ဟုဆို

ဂျန်ဇက် (NP News) - မေ ၁

 တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဆော်ဒီအာရေးဗျ နဲ့ အီရန်နိုင်ငံကြား သံတမန်ဆက်ဆံရေပြန်လည်ထူထောင်နိုင်ဖို့ တွေ့ဆုံဆွေးနွေးနိုင်အောင် တိုက်ရိုက်ကြားဝင်ပတ်သက်ခဲ့ကြောင်းတရုတ် ထိပ်တန်းသံတမန်တစ်ဦးက ပြောပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဒီက "တရုတ်သမ္မတဟာ အီရန်၊ဆော်ဒီအာရေးဗျနိုင်ငံတို့က ခေါင်းဆောင်များနဲ့တွေ့ဆုံချိန်အတွင်းအပြန်အလှန်ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ တွန်းအားပေးခဲ့တယ်။ ဆော်ဒီအာရေးဗျ နဲ့အီရန်ကြား အပြန်အလှန်ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ တရုတ်သမ္မတက အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်"လို့ပြောပါတယ်။ 

လက်ရှိအချိန်မှာအရှေ့အလယ်ပိုင်းဒေသအတွင်း တည်ငြိမ်အေးချမ်းရေးတိုးမြှင့်နိုင်ဖို့ တရုတ်နိုင်ငံက ပိုမိုကြိုးပမ်းသွားမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။ ၎င်းက "တရုတ်နိုင်ငံဟာ အီရန် နဲ့ ဆော်ဒီအာရေးဗျ နိုင်ငံတို့ရဲ့အကျိုးစီးပွားးအတွက်မျှတတဲ့ ကြားဝင်ဆောင်ရွက်သူအဖြစ် လုပ်ဆောင်ခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ အတွက် ကူညီဆောင်ရွက်ပေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်" လို့ပြောပါတယ်။ 

အမေရိကန်နိုင်ငံဟာ ဆော်ဒီအာရေးဗျ နဲ့ နှစ်ပေါင်း ၇၅ နှစ်ကြာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ပေမယ့်လည်း ဆော်ဒီအာရေးဗျ နဲ့အီရန်ကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ခြင်းမျိုးမရှိကြောင်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် အီရန် နဲ့ ဆော်ဒီအာရေးဗျ နိုင်ငံတို့ဟာ ပြီးခဲ့တဲ့လမှာ သဘောတူညီမှုစာချုပ်လက် မှတ်ရေးထိုးခဲ့ပြီး သံရုံးများအပြန်အလှန်ဖွင့်လှစ်ဖို့ သဘာတူညီခဲ့ပါတယ်။ အီရန် နဲ့ ဆော်ဒီအာရေးဗျနိုင်ငံကြား သံတမန်ဆက်ဆံရေး အပြန်အလှန်တည်ဆောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခြင်းက တရုတ်နိုင်ငံအတွက်တော့ ကြီးမားတဲ့ နိုင်ငံခြားရေးမူဝါဒအောင်မြင်မှုမှတ်တိုင် တစ်ခုဖြစ်ခဲ့ပါတယ်။ 

အဆိုပါနှစ်နိုင်ငံကြား သဘောတူညီမှုပြန်လည်ရရှိခဲ့ခြင်းဟာ ယီမင်ပြည်တွင်းစစ်ပွဲအဆုံး သတ်နိုင်ဖို့လည်း အထောက်အပံ့ဖြစ်လာဖွယ်ရှိနေပါတယ်။ အီရန် နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတို့ဟာ ယီမင်စစ်ပွဲမှာအဓိက နိုင်ငံများအဖြစ် ပါဝင်လျက်ရှိနေခဲ့တာဖြစ်ပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - မေ ၁






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကွာလာလမ်ပူမှ ချန်နိုင်းလေဆိပ်သို့ရောက်ရှိလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ခရီးဆောင်အိတ်ထဲမှ မြွေ(၂၂)ကောင်တွေ့ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved