မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၁ဝ)ဘီးကားတစ်စီး လမ်းဘေးထိုးကျခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့
Pearl (NP News) - ဧပြီ ၃ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၁ဝ)ဘီးကားတစ်စီး လမ်းချော်ကာလမ်းဘေးထိုးကျခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၃ဝ ရက်) ၊ နေ့လည် (၂)နာရီ အချိန်ခန့်တွင် သီပေါမြို့နယ်၊ ကုံးမုံရွာနှင့် နမ့်အွန်ရွာကြား ကုန်းဆင်းတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါ(၁ဝ)ဘီးကားသည် လမ်းချော်ကာ ဘေးသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။
"နေ့လည် ၂ နာရီလောက်က ဖြစ်တာ။ မိုးတွေကလည်း ရွာနေတော့ ကားက လမ်းဘေးကို ချော်သွားတာ။ ကားပေါ်ဘယ်နှယောက်ပါလဲတော့ မသိဘူး။ (၁ဝ)ဦး ဒဏ်ရာရတယ်။ (၂)ဦးလောက်ကတော့ ခေါင်းထိသွားတော့ နည်းနည်း စိုးရိမ်ရတယ်ပြောရမှာပေါ့" ဟု နယ်စည်းမခြား ပရဟိတ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား သီပေါဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးထားကြောင်းသိရသည်။
ထို့ပြင် ယမန်နေ့ (ဧပြီလ ၂၉ ရက်) ၊ နံနက် (၁၁)နာရီ အချိန်ခန့်တွင်လည်း သီပေါမြို့နယ် ကုန်းသာနဲ့ စံလောင်းကျေးရွာကြား၌ ကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်းအား သီပေါဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ (၁ဝ)ဘီးကားတစ္စီး လမ္းေဘးထိုးက်ခဲ့ရာ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့
Pearl (NP News) - ဧၿပီ ၃ဝ
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ (၁ဝ)ဘီးကားတစ္စီး လမ္းေခ်ာ္ကာလမ္းေဘးထိုးက်ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၃ဝ ရက္) ၊ ေန႔လည္ (၂)နာရီ အခ်ိန္ခန႔္တြင္ သီေပါၿမိဳ႕နယ္၊ ကုံးမုံ႐ြာႏွင့္ နမ့္အြန္႐ြာၾကား ကုန္းဆင္းတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မိုးမ်ားသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အဆိုပါ(၁ဝ)ဘီးကားသည္ လမ္းေခ်ာ္ကာ ေဘးသို႔ထိုးက်သြားခဲ့ေၾကာင္း သိရသည္။
"ေန႔လည္ ၂ နာရီေလာက္က ျဖစ္တာ။ မိုးေတြကလည္း ႐ြာေနေတာ့ ကားက လမ္းေဘးကို ေခ်ာ္သြားတာ။ ကားေပၚဘယ္ႏွေယာက္ပါလဲေတာ့ မသိဘူး။ (၁ဝ)ဦး ဒဏ္ရာရတယ္။ (၂)ဦးေလာက္ကေတာ့ ေခါင္းထိသြားေတာ့ နည္းနည္း စိုးရိမ္ရတယ္ေျပာရမွာေပါ့" ဟု နယ္စည္းမျခား ပရဟိတ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသူ (၁ဝ)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လက္ရွိတြင္ ၎တို႔အား သီေပါေဆး႐ုံ အေရးေပၚဌာနသို႔ ပို႔ေဆာင္ေပးထားေၾကာင္းသိရသည္။
ထို႔ျပင္ ယမန္ေန႔ (ဧၿပီလ ၂၉ ရက္) ၊ နံနက္ (၁၁)နာရီ အခ်ိန္ခန႔္တြင္လည္း သီေပါၿမိဳ႕နယ္ ကုန္းသာနဲ႔ စံေလာင္းေက်း႐ြာၾကား၌ ကားႏွင့္ ဆိုင္ကယ္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူ အမ်ိဳးသားမွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ၎အား သီေပါေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လဲချားမြို့နယ်အတွင်း SSPP/SSA စစ်ကြောင်းယာဉ်တန်းကို RCSS မှ မိုင်း(၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ဟုဆို
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း