Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်တာဂွန်လျှို့ဝှက်အဆင့် စာရွက်စာတမ်းများ ပေါက်ကြားစေသူ၏ ယူနစ်မှ အကြီးအကဲများကို ရာထူးမှ ဆိုင်းငံ့

Htay Oung (NP News) - ဧပြီ ၂၈

ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်အဆင့် စာရွက်စာတမ်းများကို ပေါက်ကြားစေသူ ဂျက်တိုင်ဆီရာ တာဝန်ထမ်းဆောင်နေတဲ့ ယူနစ်မှ အကြီးအကဲနှစ်ဦးကို အမေရိကန်လေတပ်မတော်က ရာထူးမှဆိုင်းငံလိုက်တယ်လို့ ဝါရှင်တန်မီဒီယာများရဲ့  ဖော်ပြချက်အရ သိရှိရပါတယ်။ သက်ဆိုင်ရာ ခွင့်ပြုမပါရှိပဲ တိုင်ဆီရာက ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ လျှို့ဝှက်အဆင့် ထောက်လှမ်းရေးအကဲဖြတ်မှုများရဲ့ အတိုင်းအ တာကို အမေရိကန်ကာကွယ်ရေးဌာနက  စုံစမ်းစစ်ဆေးနေတယ်လို့ RT သတင်းအေဂျင်စီက ဧပြီလ ၂၇ ရက်မှာ ဖော်ပြပါတယ်။

အမှတ် ၁ဝ၂ ထောက်လှမ်းရေး အကူတပ်စုရဲ့ တပ်မှူးနဲ့ အုပ်ချုပ်-ထောက်ပံ့-ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ တပ်ခွဲမှူးတို့ကို သူတို့ရဲ့ တာဝန်များမှ ခေတ္တအနားပေးလိုက်ပြီး၊ လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ ဝတ္ထုပစ္စည်းများကို ကိုင်တွယ်သုံးစွဲခွင့်မရှိကြောင်း တားမြစ်မိန့်ထုတ်ပြန်လိုက်တယ်လို့  စစ်ဘက်အရာရှိများကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့ CBS သတင်းမီဒီယာက ဖော်ပြပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂျက်တိုင်ဆီရာဟာ အောတစ်လေတပ် အခြေစိုက်စခန်းမှာ  သတင်းအချက်အလက်နည်းပညာ အထူးကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမေရိကန် လေတပ်မတော် စစ်ဆေးရေးဌာနချုပ်က ဆက်လက်စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်း တပ်မှူးများကို ရာထူးမှ ဆိုင်းငံ့ထားကြောင်း စုံစမ်းစစ်ဆေးမှု အရှိန်ရသည်နှင့်အမျှ ယူနစ်အတွင်း ရာထူးမှ ဆိုင်းငံ့ခံရသူ ပိုမိုများပြားလာပြီး တပ်မတော်မှ ထုတ်ပယ်ခံရနိုင်ဖွယ်ရှိကြောင်း၊ လေတပ်မတော် စစ်ဆေးရေးမှူးချုပ်ရုံးမှ တာ ဝန်ရှိသူတွေဟာ  အင်္ဂါနေ့မှာ မက်ဆာချူးဆက်ပြည်နယ် အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့တယ်လို့ သိရှိ ရပါတယ်။

အဲဒီအတောအတွင်း တရားစွဲဆိုခြင်းမတိုင်မီ တိုင်ဆီရာကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဖက်ဒရယ်အစိုးရ ရှေ့ နေများက မက်ဆာချူးဆက်ပြည်နယ် အမေရိကန်ခရိုင်တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ကြာ သပတေးနေ့ တရားရုံးကြားနာမှုမတိုင်မီ အစိုးရရှေ့နေများတင်သွင်းတဲ့  စာချွန်လွှာအရ ဂျက်တိုင်စီရာအမှုဟာ အမျိုးသား လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊  အာမခံ ရရှိပါက အမေရိကန်နိုင်ငံအပေါ် ရန်ဘက်ပြုသူများအနေနဲ့  သူ့ကို တရားစွဲဆိုခြင်းမှ အကာအကွယ်ပေးဖို့ ကြိုးပမ်းဖွယ်ရှိကြောင်း ယူဆနိုင်တဲ့အတွက် အလွန်အန္တရာယ်ကြီးမားကြောင်း စောဒကတက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအပေါ်ရန်လိုတဲ့ အစုအဖွဲ့တွေဟာ တရားခံထံ ဆက်သွယ်လာနိုင်စရာ ဆွဲဆောင်မှုများ ရှိနေ ကြောင်း၊ အခြားအချက်အလက်များကို ရယူရန်အတွက် တရားခံဖြစ်သူဟာ ရုပ်ပိုင်း သို့မဟုတ် အသိ ပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ အဲဒီ သတင်းအချက်အလက်များ ရရှိဖို့အတွက် တိုင်းပြည်က ထွက်ပြေးဖို့ နည်းလမ်းနဲ့ သူ့ကို ကူညီပံ့ပိုးပေးကြဖွယ်ရှိကြောင်း တင်ပြထားတယ်လို့ တရားရေးဌာနက ပြောဆိုပါတယ်။

တိုင်စီရာဟာ နှစ်ရှည်ထောင်ဒဏ်ကျခံရဖွယ်အမှုနဲ့ရင်ဆိုင်နေရပြီး အဲ့ဒီလို ပေါက်ကြားစေမှုအတွက် သူရ ရှိခဲ့တာ ခန့်မှန်းခြေအားဖြင့် အသားတင် ဒေါ်လာ ၁၉,ဝဝဝ သာရှိကြောင်း စာချွန်လွှာမှာ မှတ်ချက်ပြုထားပြီး၊ တရားခံကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် လျှောက်ထားကြောင်း သိရှိရပါတယ်။

အမေရိကန် လေတပ်မတော် “ပထမ ပညာသည်အုပ်စု“ တပ်သားတစ်ဦးဖြစ်သူဟာ ထောက်လှမ်းရေးဆိုင်ရာ လျှိုဝှက်အဆင့် အချက်အလက်များကို ကန့်သတ်အုပ်စုဖွဲ့  စကားပြောဆိုကြတဲ့ “Discord“ အင်တာနက် ပ လက်ဖောင်းပေါ်မှာ လပေါင်းများစွာကြာအောင် ပေါက်ကြားစေခဲ့သူဖြစ်တယ်လို့ သံသယ ရှိပါတယ်။ တကယ် တော့ အဲ့ဒီလို ပေါက်ကြားနေမှုဟာ အများထင်မှတ်ထားကြတာထက် အတော်စောနေပြီး အဲဒီမှတဆင့် အခြားဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်ကို အချက်အလက်များ ရောက်ရှိသွားခြင်းဖြစ်ပါတယ်။  ယခုလ စောစောပိုင်းရောက်မှ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေး ကျိုးပေါက်မှုအဖြစ် အုတ် အော်သောင်းနင်း ဖြစ်ခဲ့ရပါတယ်။  

ယူကရိန်းပဋိပက္ခကို အာရုံစိုက်နေဟန် တွေ့မြင်ရတဲ့ ပေါက်ကြားမှု အချက်အလက်တွေဟာ အစ္စရေး တောင်ကို ရီးယားနိုင်ငံတို့နဲ့လည်း ဆက်စပ်နေပါတယ်။ စာရွက်စာတမ်းများအရ ဝါရှင်တန်အနေနဲ့ သူ့ရဲ့ အရင်းနှီးဆုံး မဟာ မိတ်နိုင်ငံများအပေါ် သူလျှိုလုပ်နေကြောင်း ဖွင့်ချလိုက်သလို ဖြစ်သွားပါတယ်။

(Russia Today., 27 April 2023,” Leaders in alleged Pentagon leaker’s unit suspended – media”  ကို ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

ပင္တာဂြန္လွ်ိဳ႕ဝွက္အဆင့္ စာ႐ြက္စာတမ္းမ်ား ေပါက္ၾကားေစသူ၏ ယူနစ္မွ အႀကီးအကဲမ်ားကို ရာထူးမွ ဆိုင္းငံ့

Htay Oung (NP News) - ဧၿပီ ၂၈

ပင္တာဂြန္စစ္ဌာနခ်ဳပ္ရဲ႕ လွ်ိဳ႕ဝွက္အဆင့္ စာ႐ြက္စာတမ္းမ်ားကို ေပါက္ၾကားေစသူ ဂ်က္တိုင္ဆီရာ တာဝန္ထမ္းေဆာင္ေနတဲ့ ယူနစ္မွ အႀကီးအကဲႏွစ္ဦးကို အေမရိကန္ေလတပ္မေတာ္က ရာထူးမွဆိုင္းငံလိုက္တယ္လို႔ ဝါရွင္တန္မီဒီယာမ်ားရဲ႕  ေဖာ္ျပခ်က္အရ သိရွိရပါတယ္။ သက္ဆိုင္ရာ ခြင့္ျပဳမပါရွိပဲ တိုင္ဆီရာက ေပါက္ၾကားေစခဲ့တယ္ဆိုတဲ့ လွ်ိဳ႕ဝွက္အဆင့္ ေထာက္လွမ္းေရးအကဲျဖတ္မႈမ်ားရဲ႕ အတိုင္းအ တာကို အေမရိကန္ကာကြယ္ေရးဌာနက  စုံစမ္းစစ္ေဆးေနတယ္လို႔ RT သတင္းေအဂ်င္စီက ဧၿပီလ ၂၇ ရက္မွာ ေဖာ္ျပပါတယ္။

အမွတ္ ၁ဝ၂ ေထာက္လွမ္းေရး အကူတပ္စုရဲ႕ တပ္မႉးနဲ႔ အုပ္ခ်ဳပ္-ေထာက္ပံ့-ႀကီးၾကပ္ကြပ္ကဲေရးဆိုင္ရာ တပ္ခြဲမႉးတို႔ကို သူတို႔ရဲ႕ တာဝန္မ်ားမွ ေခတၱအနားေပးလိုက္ၿပီး၊ လွ်ိဳ႕ဝွက္အဆင့္ သတ္မွတ္ထားတဲ့ ဝတၳဳပစၥည္းမ်ားကို ကိုင္တြယ္သုံးစြဲခြင့္မရွိေၾကာင္း တားျမစ္မိန္႔ထုတ္ျပန္လိုက္တယ္လို႔  စစ္ဘက္အရာရွိမ်ားကို ကိုးကားၿပီး ဗုဒၶဟူးေန႔ CBS သတင္းမီဒီယာက ေဖာ္ျပပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ ဂ်က္တိုင္ဆီရာဟာ ေအာတစ္ေလတပ္ အေျခစိုက္စခန္းမွာ  သတင္းအခ်က္အလက္နည္းပညာ အထူးကြၽမ္းက်င္သူအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

အေမရိကန္ ေလတပ္မေတာ္ စစ္ေဆးေရးဌာနခ်ဳပ္က ဆက္လက္စုံစမ္းစစ္ေဆးေနစဥ္ ကာလအတြင္း တပ္မႉးမ်ားကို ရာထူးမွ ဆိုင္းငံ့ထားေၾကာင္း စုံစမ္းစစ္ေဆးမႈ အရွိန္ရသည္ႏွင့္အမွ် ယူနစ္အတြင္း ရာထူးမွ ဆိုင္းငံ့ခံရသူ ပိုမိုမ်ားျပားလာၿပီး တပ္မေတာ္မွ ထုတ္ပယ္ခံရႏိုင္ဖြယ္ရွိေၾကာင္း၊ ေလတပ္မေတာ္ စစ္ေဆးေရးမႉးခ်ဳပ္႐ုံးမွ တာ ဝန္ရွိသူေတြဟာ  အဂၤါေန႔မွာ မက္ဆာခ်ဴးဆက္ျပည္နယ္ အေျခစိုက္စခန္းကို ေရာက္ရွိလာခဲ့တယ္လို႔ သိရွိ ရပါတယ္။

အဲဒီအေတာအတြင္း တရားစြဲဆိုျခင္းမတိုင္မီ တိုင္ဆီရာကို ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ ဖက္ဒရယ္အစိုးရ ေရွ႕ ေနမ်ားက မက္ဆာခ်ဴးဆက္ျပည္နယ္ အေမရိကန္ခ႐ိုင္တရား႐ုံးကို ေလွ်ာက္ထားခဲ့ပါတယ္။ ၾကာ သပေတးေန႔ တရား႐ုံးၾကားနာမႈမတိုင္မီ အစိုးရေရွ႕ေနမ်ားတင္သြင္းတဲ့  စာခြၽန္လႊာအရ ဂ်က္တိုင္စီရာအမႈဟာ အမ်ိဳးသား လုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္မႈအျဖစ္ ဆက္လက္တည္ရွိေနေၾကာင္း၊  အာမခံ ရရွိပါက အေမရိကန္ႏိုင္ငံအေပၚ ရန္ဘက္ျပဳသူမ်ားအေနနဲ႔  သူ႔ကို တရားစြဲဆိုျခင္းမွ အကာအကြယ္ေပးဖို႔ ႀကိဳးပမ္းဖြယ္ရွိေၾကာင္း ယူဆႏိုင္တဲ့အတြက္ အလြန္အႏၲရာယ္ႀကီးမားေၾကာင္း ေစာဒကတက္ခဲ့တယ္လို႔ ဆိုပါတယ္။

အေမရိကန္ႏိုင္ငံအေပၚရန္လိုတဲ့ အစုအဖြဲ႕ေတြဟာ တရားခံထံ ဆက္သြယ္လာႏိုင္စရာ ဆြဲေဆာင္မႈမ်ား ရွိေန ေၾကာင္း၊ အျခားအခ်က္အလက္မ်ားကို ရယူရန္အတြက္ တရားခံျဖစ္သူဟာ ႐ုပ္ပိုင္း သို႔မဟုတ္ အသိ ပညာပိုင္းဆိုင္ရာ ပိုင္ဆိုင္ထားသူျဖစ္ေၾကာင္း၊ အဲဒီ သတင္းအခ်က္အလက္မ်ား ရရွိဖို႔အတြက္ တိုင္းျပည္က ထြက္ေျပးဖို႔ နည္းလမ္းနဲ႔ သူ႔ကို ကူညီပံ့ပိုးေပးၾကဖြယ္ရွိေၾကာင္း တင္ျပထားတယ္လို႔ တရားေရးဌာနက ေျပာဆိုပါတယ္။

တိုင္စီရာဟာ ႏွစ္ရွည္ေထာင္ဒဏ္က်ခံရဖြယ္အမႈနဲ႔ရင္ဆိုင္ေနရၿပီး အဲ့ဒီလို ေပါက္ၾကားေစမႈအတြက္ သူရ ရွိခဲ့တာ ခန႔္မွန္းေျခအားျဖင့္ အသားတင္ ေဒၚလာ ၁၉,ဝဝဝ သာရွိေၾကာင္း စာခြၽန္လႊာမွာ မွတ္ခ်က္ျပဳထားၿပီး၊ တရားခံကို ဆက္လက္ထိန္းသိမ္းထားဖို႔အတြက္ ေလွ်ာက္ထားေၾကာင္း သိရွိရပါတယ္။

အေမရိကန္ ေလတပ္မေတာ္ “ပထမ ပညာသည္အုပ္စု“ တပ္သားတစ္ဦးျဖစ္သူဟာ ေထာက္လွမ္းေရးဆိုင္ရာ လွ်ိဳဝွက္အဆင့္ အခ်က္အလက္မ်ားကို ကန္႔သတ္အုပ္စုဖြဲ႕  စကားေျပာဆိုၾကတဲ့ “Discord“ အင္တာနက္ ပ လက္ေဖာင္းေပၚမွာ လေပါင္းမ်ားစြာၾကာေအာင္ ေပါက္ၾကားေစခဲ့သူျဖစ္တယ္လို႔ သံသယ ရွိပါတယ္။ တကယ္ ေတာ့ အဲ့ဒီလို ေပါက္ၾကားေနမႈဟာ အမ်ားထင္မွတ္ထားၾကတာထက္ အေတာ္ေစာေနၿပီး အဲဒီမွတဆင့္ အျခားဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားေပၚကို အခ်က္အလက္မ်ား ေရာက္ရွိသြားျခင္းျဖစ္ပါတယ္။  ယခုလ ေစာေစာပိုင္းေရာက္မွ အေမရိကန္ႏိုင္ငံရဲ႕ လုံၿခဳံေရး က်ိဳးေပါက္မႈအျဖစ္ အုတ္ ေအာ္ေသာင္းနင္း ျဖစ္ခဲ့ရပါတယ္။  

ယူကရိန္းပဋိပကၡကို အာ႐ုံစိုက္ေနဟန္ ေတြ႕ျမင္ရတဲ့ ေပါက္ၾကားမႈ အခ်က္အလက္ေတြဟာ အစၥေရး ေတာင္ကို ရီးယားႏိုင္ငံတို႔နဲ႔လည္း ဆက္စပ္ေနပါတယ္။ စာ႐ြက္စာတမ္းမ်ားအရ ဝါရွင္တန္အေနနဲ႔ သူ႔ရဲ႕ အရင္းႏွီးဆုံး မဟာ မိတ္ႏိုင္ငံမ်ားအေပၚ သူလွ်ိဳလုပ္ေနေၾကာင္း ဖြင့္ခ်လိုက္သလို ျဖစ္သြားပါတယ္။

(Russia Today., 27 April 2023,” Leaders in alleged Pentagon leaker’s unit suspended – media”  ကို ဆီေလ်ာ္ေအာင္ ေကာက္ ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြခန်းပေါင်း (၁၂ဝ)ကျော်ပါဝင်မည့် UMFCCI MSME Fair 2023 ပြပွဲကျင်းပမည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved