Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစကဥက္ကဋ္ဌ နှင့် မစ္စတာဘန်ကီမွန်းတို့ မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံ

မျိုးကြီး (NP News) - ဧပြီ ၂၄

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၊ The Elders အဖွဲ့ဒုတိယဥက္ကဋ္ဌ မစ္စတာဘန်ကီမွန်းတို့သည် ယနေ့(ဧပြီလ ၂၄ ရက်)၊ နံနက် ၁ဝ နာရီတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌနှင့် မစ္စတာဘန်ကီမွန်းတို့အကြား အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို အတည်ပြုပြောဆိုခဲ့သည်။

“အဓိကတော့ မြန်မာနိုင်ငံရဲ့နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ အပြန်အလှန်အမြင်ချင်းဖလှယ်ပြီး အပြုသဘောဆောင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်” ဟု နစကပြောခွင့်ရက ဆိုသည်။

နစက၏ ဖိတ်ခေါ်ကမ်းလှမ်းချက်အရ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၊ The Elders အဖွဲ့ဒုဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းသည် ဧပြီလ ၂၃ ရက်တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ် သည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကအနေဖြင့် လက်ရှိ နိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသည့်အခြေအနေမှန်များကို ပြောခွင့်၊ ရှင်းပြခွင့်ရရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုခဲ့သည်။

“ကျွန်တော်တို့အနေနဲ့က ကမ္ဘာမှာလည်း အချို့သော မီဒီယာတွေက ထုတ်လွှင့်မှုတွေ၊ အချို့သောအဖွဲ့အစည်းတွေရဲ့ ထုတ်လွှင့်မှုတွေကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို မသိရှိတာတွေ၊ တစ်ဖက်သတ်မြင်တာတွေရှိတယ်။ မြန်မာနိုင်ငံအနေနဲ့က လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ လုပ်ဆောင်နေတဲ့ဟာတွေကို အဖြစ်မှန်အတိုင်း ပြောပြခွင့်၊ ရှင်းပြခွင့် ရရှိခဲ့ပါတယ်”ဟု နစကပြောခွင့်ရက ဆိုသည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် တောင်းဆိုမှုရှိနိုင်ကြောင်း သုံး သပ်ပြောဆိုနေမှုများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းအနေဖြင့် တောင်းဆိုမှု မရှိသကဲ့သို့ တွေ့ဆုံမှုလည်း မရှိခဲ့ကြောင်း ထည့်သွင်းပြောဆိုထားသည်။

မစ္စတာဘန်ကီမွန်းအနေဖြင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဦးသိန်းဆွေတို့နှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည့်အပြင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ထံသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း နစက ပြောခွင့်ရက ဆက်လက်ပြောဆိုထားသည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် (၂)ရက်သာကြာမြင့်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရသည်။

zawgyi version

နစကဥကၠ႒ ႏွင့္ မစၥတာဘန္ကီမြန္းတို႔ ျမန္မာႏိုင္ငံ၏ အေျခအေနမွန္မ်ားကို ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ သမၼတေဟာင္း ဦးသိန္းစိန္ထံ သြားေရာက္ေတြ႕ဆုံ

မ်ိဳးႀကီး (NP News) - ဧၿပီ ၂၄

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ေဟာင္း၊ The Elders အဖြဲ႕ဒုတိယဥကၠ႒ မစၥတာဘန္ကီမြန္းတို႔သည္ ယေန႔(ဧၿပီလ ၂၄ ရက္)၊ နံနက္ ၁ဝ နာရီတြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံ၌ ျဖစ္ေပၚေနသည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ နစကဥကၠ႒ႏွင့္ မစၥတာဘန္ကီမြန္းတို႔အၾကား အျပန္အလွန္အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News ကို အတည္ျပဳေျပာဆိုခဲ့သည္။

“အဓိကေတာ့ ျမန္မာႏိုင္ငံရဲ႕ေနာက္ဆုံးျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီးေတာ့ အျပန္အလွန္အျမင္ခ်င္းဖလွယ္ၿပီး အျပဳသေဘာေဆာင္ ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့တာပဲျဖစ္ပါတယ္” ဟု နစကေျပာခြင့္ရက ဆိုသည္။

နစက၏ ဖိတ္ေခၚကမ္းလွမ္းခ်က္အရ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ေဟာင္း၊ The Elders အဖြဲ႕ဒုဥကၠ႒ မစၥတာ ဘန္ကီမြန္းသည္ ဧၿပီလ ၂၃ ရက္တြင္ ေနျပည္ေတာ္သို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္ သည္။

မစၥတာဘန္ကီမြန္း၏ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း နစကအေနျဖင့္ လက္ရွိ ႏိုင္ငံအတြင္း၌ ျဖစ္ေပၚေနသည့္အေျခအေနမွန္မ်ားကို ေျပာခြင့္၊ ရွင္းျပခြင့္ရရွိခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာဆိုခဲ့သည္။

“ကြၽန္ေတာ္တို႔အေနနဲ႔က ကမာၻမွာလည္း အခ်ိဳ႕ေသာ မီဒီယာေတြက ထုတ္လႊင့္မႈေတြ၊ အခ်ိဳ႕ေသာအဖြဲ႕အစည္းေတြရဲ႕ ထုတ္လႊင့္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အေျခအေနမွန္ကို မသိရွိတာေတြ၊ တစ္ဖက္သတ္ျမင္တာေတြရွိတယ္။ ျမန္မာႏိုင္ငံအေနနဲ႔က လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရရဲ႕ လုပ္ေဆာင္ေနတဲ့ဟာေတြကို အျဖစ္မွန္အတိုင္း ေျပာျပခြင့္၊ ရွင္းျပခြင့္ ရရွိခဲ့ပါတယ္”ဟု နစကေျပာခြင့္ရက ဆိုသည္။

၎၏ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႕ဆုံရန္ ေတာင္းဆိုမႈရွိႏိုင္ေၾကာင္း သုံး သပ္ေျပာဆိုေနမႈမ်ားအေပၚ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၎အေနျဖင့္ ေတာင္းဆိုမႈ မရွိသကဲ့သို႔ ေတြ႕ဆုံမႈလည္း မရွိခဲ့ေၾကာင္း ထည့္သြင္းေျပာဆိုထားသည္။

မစၥတာဘန္ကီမြန္းအေနျဖင့္ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ႏိုင္ငံျခားေရးဝန္ႀကီးဦးသိန္းေဆြတို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့သည့္အျပင္ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ထံသို႔ သြားေရာက္ေတြ႕ဆုံခဲ့ေၾကာင္း နစက ေျပာခြင့္ရက ဆက္လက္ေျပာဆိုထားသည္။

မစၥတာဘန္ကီမြန္း၏ ျမန္မာႏိုင္ငံခရီးစဥ္သည္ (၂)ရက္သာၾကာျမင့္ခဲ့ၿပီး ယေန႔ညေနပိုင္းတြင္ ျမန္မာႏိုင္ငံမွ ျပန္လည္ထြက္ခြာသြားၿပီးျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုင်းဖြတ်မြို့နယ်တွင် ကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျခဲ့ပြီး လူ(၃)ဦးသေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved