Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းလိုအပ်နေသော စစ်လက်နက်ပစ္စည်းများကို အနောက်အုပ်စုနိုင်ငံများက အပြည့်အဝပေးပို့နိုင်ခြင်းမရှိသေးဟုဆို

Pika (NP News) - ဧပြီ ၂၂ 

အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများသည် ယူကရိန်းကလိုအပ်သော တင့်ကားများ၊ အမြောက်ကျည်များနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို အပြည့်အဝပေးပို့ခြင်းမျိုးမရှိသေးကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပေါက်ကြားလာသော အချက်အလက်များကို ကိုးကားပြီး New York Times သတင်းစာကဖော်ပြခဲ့သည်။

ရုရှားကို ထိုးစစ်ဆင်ရန်အတွက် ယူကရိန်းသည် တင့်ကား(၂၅၃)စီးလိုအပ်နိုင်ကြောင်း အမေရိကန်စစ်ဖက်ဆိုင်ရာတာဝန်ရှိသူများက ခန့်မှန်းထားခဲ့သော်လည်း ယူကရိန်းသည် ဖေဖော်ဝါရီလနှောင်းပိုင်းအထိ တင့်ကားအစီးရေ(၂ဝဝ)ခန့်သာ စုဆောင်းရရှိထားကြောင်းသိရသည်။ အဆိုပါတင့်ကားများအနက် (၁၄ဝ)မှာ ဆိုဗီယက်ခေတ်သုံးတင့်ကားများဖြစ်ပြီး အနောက်အုပ်စုနိုင်ငံများက ထုတ်လုပ်သည့်တင့်ကားအစီးရေ(၆ဝ)ခန့်ကိုလည်း ဧပြီလမှသာ လက်ခံရရှိနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းသို့ တင့်ကားများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ တိုက်လေယာဉ်များနှင့် အခြားလက်နက်များကို ထောက်ပံ့ပေးမည်ဆိုသည့် ကတိကဝတ်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အခက်အခဲများရှိနေကြောင်း New York Times သတင်းစာကဖော်ပြခဲ့သည်။

အမေရိကန်သည် ကတိပြုထားသည့်အတိုင်း M1 Abrams အမျိုးအစားတင့်ကားများကို ယူကရိန်းသို့ အလျင်အမြန်ပေးပို့ပေးရန် လုပ်ဆောင်နေကြောင်းလည်းသိရသည်။ ဗြိတိန်သည် British Challenger 2 အမျိုးအစား တင့်ကားများ ယူကရိန်းသို့ ပေးပို့ခဲ့ပြီးဖြစ်သော်လည်း ဂျာမနီသည် ၎င်းတို့နိုင်ငံထုတ် Leopard တင့်ကား အများစုကို ပေးပို့ရန်အတွက် ပြန်လည်ပြုပြင်မွမ်းမံနေရဆဲဖြစ်ကြောင်းသိရသည်။ ယူကရိန်းသို့ (၁၅၅)မီလီမီတာအမြောက်ကျည်များထောက်ပံ့မှုသည် မတ်လ(၁)ရက်တွင် (၉၈ဝဝ)အထိ ကျဆင်းသွားသော်လည်း အမေရိကန်သည် နောက်ထပ်(၁၂)ရက်အတွင်း အမြောက်ကျည်(၃ဝဝဝဝ)ခန့် ပေးပို့ခဲ့ကြောင်းသိရသည်။

ယူကရိန်းသည် အမြောက်ကျည်ဆန်များကို မရှိမဖြစ်လိုအပ်နေသော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စက်မှုလုပ်ငန်းများသည် ယူကရိန်း၏တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန်အတွက် နှစ်ပေါင်းများစွာအချိန်ယူရမည်ဖြစ်ကြောင်း the Timesသတင်းစာကဖော်ပြခဲ့သည်။ အမေရိကန်သည် ယူကရိန်းသို့ အကွာအဝေး(၁၄၀)ကီလိုမီတာခန့်သာ ရောက်ရှိနိုင်သော (GLSDB) ဒုံးကျည်များသာထောက်ပံ့ပေးရန် ကမ်းလှမ်းထားပြီး ၎င်းတို့ကိုတည်ဆောက်ရန်နှင့် ထုတ်လုပ်ရန်အတွက် လများစွာကြာနိုင်ကြောင်း the Times သတင်းစာကဖော်ပြခဲ့သည်။ သို့သော်လည်း ယူကရိန်းသည် (GLSDB)ဒုံးကျည်များကို အသုံးပြုပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသကဲ့သို့ အဆိုပါဒုံးကျည်များကို ရုရှား၏လေကြောင်းရန်ကာကွယ် ရေးစနစ်များက ကြားဖြတ်ဟန့်တားခဲ့ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။

zawgyi version


Pika (NP News) - ဧပြီ ၂၂ 





Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂွါတာနာမိုအကျဥ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ပိုမိုအိုမင်းလာသည့် ပုံစံများဖြစ်နေဟု ICRC ပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved