Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျာမနီနိုင်ငံက မြန်မာနိုင်ငံအပေါ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ဆက်လက်ပေးသွားမယ်လို့ဆို

ဂျန်ဇက် (NP News) - ဧပြီ ၂၂

ယခုနှစ်မှာလည်း  မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ထောက်ပံ့ပေးခြင်းများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး တာဝန်ခံအကြီးအကဲကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး တာဝန်ခံအကြီးအကဲ York Schuegraf ဟာ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ဒုတိယအကြီးအကဲဖြစ်သူ Ms Danielle Parry နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ကတိပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး တာဝန်ခံအကြီးအကဲက ဂျာမနီနိုင်ငံအနေနဲ့ ကုလသမဂ္ဂ OCHA က တာဝန်ယူဆောင်ရွက်နေတဲ့  မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF)မှာ 

၂ဝ၂၂ ခုနှစ်တွင် ယူရို ၁၂ သန်းကို ထည့်ဝင်ပံ့ပိုးပေးခဲ့ကြောင်း၊ ၂ဝ၂၃ ခုနှစ်မှာလည်း ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် နဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သူအရေအတွက် များလာခဲ့ကြောင်းသိရပါတယ်။ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သူများကို ကူညီထောက်ပံ့ပေးဖို့ စီစဉ်လျက်ရှိနေရာ ဂျပန်၊ အမေရိကန် နဲ့ ဂျာမနီနိုင်ငံတို့က လူသားချင်းဆိုင်ရာစာနာမှုအကူညီများအများဆုံး ကူညီပံ့ပိုးထားကြောင်းသိရပါတယ်။ 

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ဒုတိယအကြီးအကဲဖြစ်သူ Ms Danielle Parry နဲ့ ဂျာမနီသံရုံးတာဝန်ခံ အကြီးအကဲ York Schuegraf တို့ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ သိသိသာသာ မြင့်မားလာမှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် ဆက်လက်ကြုံတွေ့နေရသည့် အခက်အခဲများအကြောင်းကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ဂ်ာမနီႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ဆက္လက္ေပးသြားမယ္လို႔ ဆို 

ဂ်န္ဇက္ (NP News) - ဧၿပီ ၂၂

ယခုႏွစ္မွာလည္း  ျမန္မာျပည္သူမ်ားအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ေထာက္ပံ့ေပးျခင္းမ်ားကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔  ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ာမနီသံ႐ုံး တာဝန္ခံအႀကီးအကဲကေျပာပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ာမနီသံ႐ုံး တာဝန္ခံအႀကီးအကဲ York Schuegraf ဟာ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံးရဲ႕ ဒုတိယအႀကီးအကဲျဖစ္သူ Ms Danielle Parry နဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ကတိျပဳခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ာမနီသံ႐ုံး တာဝန္ခံအႀကီးအကဲက ဂ်ာမနီႏိုင္ငံအေနနဲ႔ ကုလသမဂၢ OCHA က တာဝန္ယူေဆာင္႐ြက္ေနတဲ့  ျမန္မာႏိုင္ငံဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈ ရန္ပုံေငြ (MHF)မွာ 

၂ဝ၂၂ ခုႏွစ္တြင္ ယူ႐ို ၁၂ သန္းကို ထည့္ဝင္ပံ့ပိုးေပးခဲ့ေၾကာင္း၊ ၂ဝ၂၃ ခုႏွစ္မွာလည္း ကူညီေထာက္ပံ့ေပးမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ေနရပ္စြန႔္ခြာထြက္ေျပးသူအေရအတြက္ နဲ႔ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္သူအေရအတြက္ မ်ားလာခဲ့ေၾကာင္းသိရပါတယ္။ ကုလသမဂၢဟာ ျမန္မာႏိုင္ငံရွိ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီလိုအပ္သူမ်ားကို ကူညီေထာက္ပံ့ေပးဖို႔ စီစဥ္လ်က္ရွိေနရာ ဂ်ပန္၊ အေမရိကန္ နဲ႔ ဂ်ာမနီႏိုင္ငံတို႔က လူသားခ်င္းဆိုင္ရာစာနာမႈအကူညီမ်ားအမ်ားဆုံး ကူညီပံ့ပိုးထားေၾကာင္းသိရပါတယ္။ 

ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံးရဲ႕ဒုတိယအႀကီးအကဲျဖစ္သူ Ms Danielle Parry နဲ႔ ဂ်ာမနီသံ႐ုံးတာဝန္ခံ အႀကီးအကဲ York Schuegraf တို႔ဟာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း ျမန္မာႏိုင္ငံတစ္ဝွမ္း လူသားခ်င္းစာနာေထာက္ထားမႈ လိုအပ္ခ်က္မ်ား သိသိသာသာ ျမင့္မားလာမႈေတြနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေဆာင္႐ြက္ခ်က္မ်ား လုပ္ေဆာင္ရာတြင္ ဆက္လက္ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားအေၾကာင္းကို အဓိကထားေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တက်ရောက်လာမည့် အကယ်ဒမီရရှိထားသူများအား ရွှေရင်ထိုးများပေးအပ်မည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved