Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းစစ်ပွဲ ထောက်ပံ့သူ ချက်အစိုးရနှုတ်ထွက်ပေးရေး လူထုသိန်းချီ ထပ်မံဆန္ဒပြ

Htay Oung (NP News) - ဧပြီ ၂ဝ

ဥရောပ ချက်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ကန့်ကွက်ဆန့်ကျင်သူတို့ဟာ အစိုးရအဖွဲ့ နှုတ်ထွက်ပေးဖို့ ပရာ့ဂ်မြို့တော်မှာ လူသိန်းချီစုဝေးပြီး ထပ်မံဆန္ဒပြခဲ့ကြတယ်လို့ AP က ဧပြီလ ၁၇ ရက်မှာ ရေးသားပါတယ်။

PRO လို့ လူသိများတဲ့ နိုင်ငံရေးပါတီသစ်တစ်ခုရဲ့ “ဆင်းရဲနွမ်းပါးမှု ဆန့်ကျင်ရေး” အစီအစဉ်အရ မြို့တော် “ဝင် စစ်လက်စ်“ ရင်ပြင်မှာ ခုလို လူထုအစည်းအဝေး ကျင်းပခြင်းဟာ မတ်လ ၁၁ ရက်နေ့နောက်ပိုင်း ဒုတိယ အကြိမ်ဖြစ်ပါတယ်။ လူအင်အား ဘယ်လောက်ပါ၀င်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းခြင်း မရှိပေမဲ့ ပထမအကြိမ်ထက် လူပိုများပြီး လမ်းမကြီးနဲ့ ရင်ပြင်တစ်ခုလုံး အပြည့်ဖြစ်နေတာ တွေ့မြင်ရပါတယ်။ 

ငွေကြေးဖောင်းပွမှု မြင့်တက်လာတဲ့ ကိစ္စအတွက် ဥရောပသမဂ္ဂနှင့် လက်ယာယိမ်း အလယ်အလတ်ဝါဒီ ချက် အစိုးရအပေါ် ဆန္ဒပြသူများ၊ လူထုအ စည်းအဝေး ဟောပြောသူများနဲ့ လူကြိုက်များတဲ့ အုပ်စုခေါင်းဆောင် “ဂျင်းဒရစ်_ရက်ဂ်ျ“ တို့က ပြစ်တင် ရှုတ်ချကြပြီး လက်ရှိ ငါးပါတီညွန့်ပေါင်းအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ကြပါတယ်။

“ ကျွန်တော်တို့ လိုလားတာက အစိုးရအဖွဲ့ ချက်ချင်း နှုတ်ထွက်ပေးဖို့ပါ “ လို့ ရက်ဂ်ျက လူထုကြီးကို ပြောပြပါ တယ်။ ရှေ့နေအဖြစ် အသက်မွေးသူ ရက်ဂ်ျဟာ ချက်ဘောလုံးအသင်းရဲ့ လက်ထောက်အကြီးအကဲဟောင်း တစ်ဦး ဖြစ်ပါတယ်။

“တရားဥပဒေ၊ ပြန်လှန်လေးစားခြင်းနဲ့ ကျွမ်းကျင်တတ်မြောက်မှု“ လို့ အတိုကောက်အဓိပ္ပါယ်ရတဲ့ သူတို့ပါတီ ဟာ ပါလီမန်မှာ နေရာရထားခြင်းတော့ မရှိပါဘူး၊ သူတို့အနေနဲ့ ဆန္ဒပြပွဲတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ အသင့်ရှိနေကြောင်း ရက်ဂ်ျက ပြောပါတယ်။ 

ချက်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ မကြာသေးမီလများအတွင်း ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီလတွင် ၁၆ ဒသမ ၇ ရာခိုင်နှုန်း နဲ့ မတ်လမှာ ၁၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပေမဲ့ ဂဏန်း (၂)လုံးအထိ မြင့်မားနေဆဲပဲ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲ နောက်ဆက်တွဲ ဥရောပ စွမ်းအင်အကျပ်အတည်းအပေါ် စီမံကိုင်တွယ်ပုံကို ဝေဖန်ရှုတ်ချကြပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကထက် လောင်းစာဆီစျေးနှုန်းများ မြင့်တက်လာခြင်းကို ကန့်ကွက်ကြတယ်လို့ Reuters က ဖော်ပြပါတယ်။

သတင်းမှားများနဲ့ လမ်းကြောင်းလွှဲ သတင်းအတုများကို လျှော့ချရေးကို အကြောင်းပြပြီး လွတ်လပ်စွာ ပြောဆို ခွင့်အပေါ် တားဆီးပ်ိတ်ပင်နေတဲ့ ချက်နိုင်ငံအစိုးရရဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ဆန0္ဒပြသူတွေက တောင်း ဆိုနေကြပါတယ်။ ယူကရိန်းကို တိုက်ခိုက်နေတဲ့  ရုရှားအပေါ် ချက်အစိုးရရဲ့ ရပ်တည်ချက်ကို ရှုတ်ချနေပေမဲ့ သူတို့ဟာ မော်စကို လိုလားသူတွေ မဟုတ်ဖူးလို့ ရက်ဂ်ျက ငြင်းဆိုပါတယ်။

ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်ပြီးကတည်းက ချက်သမ္မတနိုင်ငံဟာ ကိယက်ဗ်ကို အခိုင်အမာ ထောက် ခံခဲ့ပါတယ်။ လူဦးရေ (၁၁)သန်းခန့်နေထိုင်ပြီး ဥရောပအလယ်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံငယ်ဟာ ယူကရိန်းစစ် တပ်အတွက် လက်နက်များ ထောက်ပံ့ပေးနေပြီး ဒုက္ခသည် ၅ဝဝ,ဝဝဝ ခန့်ကိုလည်း လက်ခံပေးထားပါတယ်။ 

ယူကရိန်းလိုလားတဲ့ ရပ်တည်ချက်အပေါ် ထောက်ခံသူ ကာကွယ်ရေးဝန်ကြီး ဂျန်နာ_ဆာနိုရှိုဗာဟာ ချက်နိုင်ငံ အတွက် အကြီးမားဆုံး လုံခြုံရေးအန္တရာယ် ကောင်ကြီး ဖြစ်တယ်လို့ ရက်ဂ်ျနာက ဆိုပါတယ်။ နေတိုးစစ်စာ ချုပ် အဖွဲ့မှ ချက်နိုင်ငံ နှုတ်ထွက်ဖို့ လူထုအစည်းအဝေး ချီတက်ကြသူအချို့က လက်မှတ်ရေးထိုးကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက  အစိုးရရုံးများရှေ့  ချီတက်ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပါတယ်။ ချက်ဝန်ကြီးချုပ် ပီတာ_ဖီအာလာဟာ လောလောဆယ် အာရှနိုင်ငံများထံ အလည်အပတ် ရောက်ရှိနေပါတယ်။

ဥရောပရှိ အခြားနိုင်ငံများနည်းတူ ချက်သမ္မတနိုင်ငံမှာလည်း ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ယူက ရိန်း အစိုးရကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံရဲ့ ဘတ်ဂျက်ဟာ လိုငွေပြမှု ကြီးထွားလာခဲ့ပြီး မြင့်မားတဲ့ စွမ်းအင် စျေးနှုန်းတွေဟာ အိမ်သုံးစရိတ်ကို ထိခိုက်နစ်နာလာစေခဲ့ပါတယ်။

အထူးသဖြင့် ငွေကြေးဖောင်းပွမှုနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေဟာ ပင်စင်စားများအတွက် အန္တရာယ်ဖြစ်လာ ရပြီး ဆန္ဒပြပွဲငယ်များ မကြာခဏ ဖြစ်ပေါ်စေခဲ့ပါတယ်။

ချက်နိုင်ငံ “ကင်တားရုပ်သံ“ ရဲ့ မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းအရ ငါးပါတီ ညွန့်ပေါင်း အစိုးရ အပေါ် လူထုထောက်ခံမှုဟာ ကျဆင်းသွားခဲ့ပါတယ်။  အဓိက အတိုက်အခံ ၀န်ကြီးချုပ်ဟောင်းရဲ့ ANO ပါတီ အပေါ် ထောက်ခံမှု ၂၉ ရာခိုင်နှုန်းတိုးမြင့်လာချိန်မှာ ညွန့်ပေါင်းအစိုးရဟာ ၂ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တွေ့မြင်နေရပါတယ်။

(AP., 16 April 2023,” Thousands of Czechs turn out for anti-government protest” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

ယူကရိန္းစစ္ပြဲ ေထာက္ပံ့သူ ခ်က္အစိုးရႏႈတ္ထြက္ေပးေရး လူထုသိန္းခ်ီ ထပ္မံဆႏၵျပ

Htay Oung (NP News) - ဧၿပီ ၂ဝ

ဥေရာပ ခ်က္ႏိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈ ျမင့္တက္လာမႈကို ကန႔္ကြက္ဆန္႔က်င္သူတို႔ဟာ အစိုးရအဖြဲ႕ ႏႈတ္ထြက္ေပးဖို႔ ပရာ့ဂ္ၿမိဳ႕ေတာ္မွာ လူသိန္းခ်ီစုေဝးၿပီး ထပ္မံဆႏၵျပခဲ့ၾကတယ္လို႔ AP က ဧၿပီလ ၁၇ ရက္မွာ ေရးသားပါတယ္။

PRO လို႔ လူသိမ်ားတဲ့ ႏိုင္ငံေရးပါတီသစ္တစ္ခုရဲ႕ “ဆင္းရဲႏြမ္းပါးမႈ ဆန႔္က်င္ေရး” အစီအစဥ္အရ ၿမိဳ႕ေတာ္ “ဝင္ စစ္လက္စ္“ ရင္ျပင္မွာ ခုလို လူထုအစည္းအေဝး က်င္းပျခင္းဟာ မတ္လ ၁၁ ရက္ေန႔ေနာက္ပိုင္း ဒုတိယ အႀကိမ္ျဖစ္ပါတယ္။ လူအင္အား ဘယ္ေလာက္ပါ၀င္ေၾကာင္း ရဲတပ္ဖြဲ႕က ခန္႔မွန္းျခင္း မရွိေပမဲ့ ပထမအႀကိမ္ထက္ လူပိုမ်ားၿပီး လမ္းမႀကီးနဲ႔ ရင္ျပင္တစ္ခုလုံး အျပည့္ျဖစ္ေနတာ ေတြ႕ျမင္ရပါတယ္။ 

ေငြေၾကးေဖာင္းပြမႈ ျမင့္တက္လာတဲ့ ကိစၥအတြက္ ဥေရာပသမဂၢႏွင့္ လက္ယာယိမ္း အလယ္အလတ္ဝါဒီ ခ်က္ အစိုးရအေပၚ ဆႏၵျပသူမ်ား၊ လူထုအ စည္းအေဝး ေဟာေျပာသူမ်ားနဲ႔ လူႀကိဳက္မ်ားတဲ့ အုပ္စုေခါင္းေဆာင္ “ဂ်င္းဒရစ္_ရက္ဂ္်“ တို႔က ျပစ္တင္ ရႈတ္ခ်ၾကၿပီး လက္ရွိ ငါးပါတီၫြန႔္ေပါင္းအစိုးရအဖြဲ႕ ႏုတ္ထြက္ေပးဖို႔ ထပ္ခါတလဲလဲ ေတာင္းဆိုခဲ့ၾကပါတယ္။

“ ကြၽန္ေတာ္တို႔ လိုလားတာက အစိုးရအဖြဲ႕ ခ်က္ခ်င္း ႏႈတ္ထြက္ေပးဖို႔ပါ “ လို႔ ရက္ဂ္်က လူထုႀကီးကို ေျပာျပပါ တယ္။ ေရွ႕ေနအျဖစ္ အသက္ေမြးသူ ရက္ဂ္်ဟာ ခ်က္ေဘာလုံးအသင္းရဲ႕ လက္ေထာက္အႀကီးအကဲေဟာင္း တစ္ဦး ျဖစ္ပါတယ္။

“တရားဥပေဒ၊ ျပန္လွန္ေလးစားျခင္းနဲ႔ ကြၽမ္းက်င္တတ္ေျမာက္မႈ“ လို႔ အတိုေကာက္အဓိပၸါယ္ရတဲ့ သူတို႔ပါတီ ဟာ ပါလီမန္မွာ ေနရာရထားျခင္းေတာ့ မရွိပါဘူး၊ သူတို႔အေနနဲ႔ ဆႏၵျပပြဲေတြကို အရွိန္အဟုန္ျမႇင့္တင္ဖို႔ အသင့္ရွိေနေၾကာင္း ရက္ဂ္်က ေျပာပါတယ္။ 

ခ်က္ႏိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈဟာ မၾကာေသးမီလမ်ားအတြင္း က်ဆင္းခဲ့ၿပီး ေဖေဖာ္ဝါရီလတြင္ ၁၆ ဒသမ ၇ ရာခိုင္ႏႈန္း နဲ႔ မတ္လမွာ ၁၇ ဒသမ ၆ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့ေပမဲ့ ဂဏန္း (၂)လုံးအထိ ျမင့္မားေနဆဲပဲ ျဖစ္ပါတယ္။ ယူကရိန္းစစ္ပြဲ ေနာက္ဆက္တြဲ ဥေရာပ စြမ္းအင္အက်ပ္အတည္းအေပၚ စီမံကိုင္တြယ္ပုံကို ေဝဖန္ရႈတ္ခ်ၾကၿပီး လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကထက္ ေလာင္းစာဆီေစ်းႏႈန္းမ်ား ျမင့္တက္လာျခင္းကို ကန္႔ကြက္ၾကတယ္လို႔ Reuters က ေဖာ္ျပပါတယ္။

သတင္းမွားမ်ားနဲ႔ လမ္းေၾကာင္းလႊဲ သတင္းအတုမ်ားကို ေလွ်ာ့ခ်ေရးကို အေၾကာင္းျပၿပီး လြတ္လပ္စြာ ေျပာဆို ခြင့္အေပၚ တားဆီးပ္ိတ္ပင္ေနတဲ့ ခ်က္ႏိုင္ငံအစိုးရရဲ႕ လုပ္ရပ္ေတြကို ရပ္တန္႔ေပးဖို႔ ဆန0ၵျပသူေတြက ေတာင္း ဆိုေနၾကပါတယ္။ ယူကရိန္းကို တိုက္ခိုက္ေနတဲ့  ႐ုရွားအေပၚ ခ်က္အစိုးရရဲ႕ ရပ္တည္ခ်က္ကို ရႈတ္ခ်ေနေပမဲ့ သူတို႔ဟာ ေမာ္စကို လိုလားသူေတြ မဟုတ္ဖူးလို႔ ရက္ဂ္်က ျငင္းဆိုပါတယ္။

ယူကရိန္းကို ႐ုရွားတပ္ေတြ က်ဴးေက်ာ္ၿပီးကတည္းက ခ်က္သမၼတႏိုင္ငံဟာ ကိယက္ဗ္ကို အခိုင္အမာ ေထာက္ ခံခဲ့ပါတယ္။ လူဦးေရ (၁၁)သန္းခန္႔ေနထိုင္ၿပီး ဥေရာပအလယ္ပိုင္း ကုန္းတြင္းပိတ္ႏိုင္ငံငယ္ဟာ ယူကရိန္းစစ္ တပ္အတြက္ လက္နက္မ်ား ေထာက္ပံ့ေပးေနၿပီး ဒုကၡသည္ ၅ဝဝ,ဝဝဝ ခန႔္ကိုလည္း လက္ခံေပးထားပါတယ္။ 

ယူကရိန္းလိုလားတဲ့ ရပ္တည္ခ်က္အေပၚ ေထာက္ခံသူ ကာကြယ္ေရးဝန္ႀကီး ဂ်န္နာ_ဆာႏိုရႈိဗာဟာ ခ်က္ႏိုင္ငံ အတြက္ အႀကီးမားဆုံး လုံၿခဳံေရးအႏၲရာယ္ ေကာင္ႀကီး ျဖစ္တယ္လို႔ ရက္ဂ္်နာက ဆိုပါတယ္။ ေနတိုးစစ္စာ ခ်ဳပ္ အဖြဲ႕မွ ခ်က္ႏိုင္ငံ ႏႈတ္ထြက္ဖို႔ လူထုအစည္းအေဝး ခ်ီတက္ၾကသူအခ်ိဳ႕က လက္မွတ္ေရးထိုးၾကပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက  အစိုးရ႐ုံးမ်ားေရွ႕  ခ်ီတက္ဆႏၵျပဖို႔ စီစဥ္ခဲ့ၾကပါတယ္။ ခ်က္ဝန္ႀကီးခ်ဳပ္ ပီတာ_ဖီအာလာဟာ ေလာေလာဆယ္ အာရွႏိုင္ငံမ်ားထံ အလည္အပတ္ ေရာက္ရွိေနပါတယ္။

ဥေရာပရွိ အျခားႏိုင္ငံမ်ားနည္းတူ ခ်က္သမၼတႏိုင္ငံမွာလည္း ေငြေၾကးေဖာင္းပြမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ယူက ရိန္း အစိုးရကို ေထာက္ပံ့ေပးေနတဲ့ ႏိုင္ငံရဲ႕ ဘတ္ဂ်က္ဟာ လိုေငြျပမႈ ႀကီးထြားလာခဲ့ၿပီး ျမင့္မားတဲ့ စြမ္းအင္ ေစ်းႏႈန္းေတြဟာ အိမ္သုံးစရိတ္ကို ထိခိုက္နစ္နာလာေစခဲ့ပါတယ္။

အထူးသျဖင့္ ေငြေၾကးေဖာင္းပြမႈနဲ႔ ဆက္ႏြယ္တဲ့ ျပႆနာေတြဟာ ပင္စင္စားမ်ားအတြက္ အႏၲရာယ္ျဖစ္လာ ရၿပီး ဆႏၵျပပြဲငယ္မ်ား မၾကာခဏ ျဖစ္ေပၚေစခဲ့ပါတယ္။

ခ်က္ႏိုင္ငံ “ကင္တား႐ုပ္သံ“ ရဲ႕ မၾကာေသးမီက ေကာက္ယူခဲ့ေသာ စစ္တမ္းအရ ငါးပါတီ ၫြန္႔ေပါင္း အစိုးရ အေပၚ လူထုေထာက္ခံမႈဟာ က်ဆင္းသြားခဲ့ပါတယ္။  အဓိက အတိုက္အခံ ၀န္ႀကီးခ်ဳပ္ေဟာင္းရဲ႕ ANO ပါတီ အေပၚ ေထာက္ခံမႈ ၂၉ ရာခိုင္ႏႈန္းတိုးျမင့္လာခ်ိန္မွာ ၫြန္႔ေပါင္းအစိုးရဟာ ၂ဝ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေၾကာင္း ေတြ႕ျမင္ေနရပါတယ္။

(AP., 16 April 2023,” Thousands of Czechs turn out for anti-government protest” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရပ်စောက်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအတွင်း (၂)နာရီ‌ကြာ မီးလောင်မှုဖြစ်ပွားခဲ့ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved