Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြမ်းဖက်မှုဖြစ်စဉ်များရှိနေသော တိုင်းပြည်သည် တိုးတက်မှုနှောင့်နှေးနေမည်ဟု တပ်ချုပ်ပြော

မျိုးကြီး (NP News) - ဧပြီ ၁၈

အကြမ်းဖက်မှုဖြစ်စဉ်များရှိနေသော တိုင်းပြည်သည် တိုးတက်မှုနှောင့်နှေးနေမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျောင်းနေအရွယ်များအနေဖြင့် အတန်းပညာမြင့်မားရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက တိုင်းပြည်သာယာဝပြောမှုအကျိုးရလဒ်ကို ရရှိစေလိမ့်မည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

“ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ တိုင်းပြည်ငြိမ်းချမ်းမှုရှိရေးဟာ မဖြစ်မနေလိုအပ်ပါတယ်။ အကြမ်း ဖက်မှုဖြစ်စဉ်တွေရှိနေတဲ့ တိုင်းပြည်တွေဟာ တိုးတက်မှုနှောင့်နှေးနေမှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည် ထောင်စုအကျိုးကိုကြည့်ပြီး သမာသမတ်ရှိစွာ၊ ရိုးသားမှုရှိစွာညှိနှိုင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မယ်ဆိုရင် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုတဲ့အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာ မလွဲမသွေဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်” ဟု တပ်ချုပ်က ပြောသည်။

ထို့ပြင် အနာဂတ်ကာလတွင် နိုင်ငံသားတိုင်း ကျန်းမာရေးအရ ဘေးကင်းလုံခြုံကောင်းမွန်သည့် ပတ်ဝန်း ကျင်ဖြစ်စေရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်းနှင့် နိုင်ငံသားများ ကျန်းမာပြီး အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စားရေရိက္ခာ ဖူလုံရေးသည် အရေးကြီးကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် နစကအနေဖြင့် စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံသားများ၏ အဓိကအသက်မွေးမြူရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ကာ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ ၂ဝ၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းများရှိခဲ့ပြီး ၂ဝ၂၂ ခုနှစ်၌ ကုန်ထုတ်လုပ်မှုများ ကောင်းမွန်လာခြင်း၊ နယ်စပ်ကုန်သွယ်မှုများ အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံ၏စီးပွားရေးမှာ အနုတ်လက္ခဏာမှ အပေါင်း (၃)ရာခိုင်နှုန်းနီးပါးတိုးတက်လာခဲ့သည်ဟု တပ်ချုပ်က ဆိုထားသည်။


“ထုတ်ကုန်တွေပိုမိုတင်ပို့နိုင်ဖို့ ကျွန်တော်တို့ပြည်သူတွေက ပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေကထက် စီးပွားရေးတိုးတက်မှုအား ပိုကောင်းလာမယ်လို့ ကျွန်တော်အပြည့်အဝ ယုံကြည်ပါတယ်။ မိသားစုတစ်ခုရဲ့အသက်ဟာ မိသားစုစိတ်ဓာတ်ဖြစ်သလို ပြည်ထောင်စုတစ်ခုရဲ့အသက်ဟာလည်း ပြည်ထောင်စုစိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးမှီခိုရှင်သန်ရာ ပြည်ထောင်စုရဲ့အရိပ်အာဝါသကို အသက်သဖွယ် မြတ်နိုးတန်ဖိုးထားပြီး စုပေါင်းဆောင်ရွက်ကြရင် နိုင်ငံ့တိုးတက်မှုအရှိန်အဟုန်ကောင်းတွေဟာ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့သွားလိုတဲ့ ပန်းတိုင်ကို မဖြစ်မနေ ရောက်ရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။


ထို့ကြောင့် ၁၃၈၅ ခုနှစ် နှစ်သစ်ဦးအချိန်ကာလ၌ နှစ်ဟောင်း၏ အားနည်းချက်ကို ပြုပြင်ကာ အားသာချက်များကို မြှင့်တင်ပြီး နိုင်ငံ့အကျိုးအတွက် ပေးဆပ်သယ်ပိုးဆောင်ရွက်သွားကြရန် တပ်ချုပ်က ထပ်မံတိုက်တွန်းထားသည်။

zawgyi version

အၾကမ္းဖက္မႈျဖစ္စဥ္မ်ားရွိေနေသာ တိုင္းျပည္သည္ တိုးတက္မႈေႏွာင့္ေႏွးေနမည္ဟု တပ္ခ်ဳပ္ေျပာ


မ်ိဳးႀကီး (NP News) - ဧၿပီ ၁၈


အၾကမ္းဖက္မႈျဖစ္စဥ္မ်ားရွိေနေသာ တိုင္းျပည္သည္ တိုးတက္မႈေႏွာင့္ေႏွးေနမည္ဟု နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။


၎က ျမန္မာသကၠရာဇ္ ၁၃၈၅ ခုႏွစ္ ႏွစ္သစ္ကူးအခါသမယတြင္ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကားေျပာရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။


ေက်ာင္းေနအ႐ြယ္မ်ားအေနျဖင့္ အတန္းပညာျမင့္မားေရးကို အမ်ိဳးသားေရးစိတ္ဓာတ္ျဖင့္ ေဆာင္႐ြက္ပါက တိုင္းျပည္သာယာဝေျပာမႈအက်ိဳးရလဒ္ကို ရရွိေစလိမ့္မည္ဟုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။


“ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ရာမွာ တိုင္းျပည္ၿငိမ္းခ်မ္းမႈရွိေရးဟာ မျဖစ္မေနလိုအပ္ပါတယ္။ အၾကမ္း ဖက္မႈျဖစ္စဥ္ေတြရွိေနတဲ့ တိုင္းျပည္ေတြဟာ တိုးတက္မႈေႏွာင့္ေႏွးေနမွာျဖစ္ပါတယ္။ တိုင္းျပည္နဲ႔ ျပည္ ေထာင္စုအက်ိဳးကိုၾကည့္ၿပီး သမာသမတ္ရွိစြာ၊ ႐ိုးသားမႈရွိစြာညႇိႏႈိင္းေဆာင္႐ြက္ ႀကိဳးပမ္းအားထုတ္မယ္ဆိုရင္ “ေရွ႕သို႔ခ်ီမည္ ပန္းတိုင္ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုတဲ့အတိုင္း ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးဟာ မလြဲမေသြျဖစ္ေပၚလာမွာပဲျဖစ္ပါတယ္” ဟု တပ္ခ်ဳပ္က ေျပာသည္။


ထို႔ျပင္ အနာဂတ္ကာလတြင္ ႏိုင္ငံသားတိုင္း က်န္းမာေရးအရ ေဘးကင္းလုံၿခဳံေကာင္းမြန္သည့္ ပတ္ဝန္း က်င္ျဖစ္ေစေရးအတြက္ ႀကိဳးပမ္းလုပ္ေဆာင္ေနေၾကာင္းႏွင့္ ႏိုင္ငံသားမ်ား က်န္းမာၿပီး အသက္ရွင္ရပ္တည္ႏိုင္ေရးအတြက္ စားေရရိကၡာ ဖူလုံေရးသည္ အေရးႀကီးေၾကာင္းလည္း ၎က ဆိုသည္။


ထို႔ေၾကာင့္ နစကအေနျဖင့္ စားေရရိကၡာဖူလုံေရးအတြက္ ႏိုင္ငံသားမ်ား၏ အဓိကအသက္ေမြးျမဴေရးလုပ္ငန္းျဖစ္ေသာ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကိုအေျခခံသည့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို အမ်ိဳးသားေရးရည္မွန္းခ်က္အျဖစ္ ခ်မွတ္ကာ အားေပးျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိသည္။


ျမန္မာႏိုင္ငံ၌ ၂ဝ၂၁ ခုႏွစ္အတြင္း စီးပြားေရးအက်ပ္အတည္းမ်ားရွိခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္၌ ကုန္ထုတ္လုပ္မႈမ်ား ေကာင္းမြန္လာျခင္း၊ နယ္စပ္ကုန္သြယ္မႈမ်ား အတိုင္းအတာတစ္ခုအထိ ဖြင့္လွစ္လာႏိုင္ျခင္းတို႔ေၾကာင့္ ႏိုင္ငံ၏စီးပြားေရးမွာ အႏုတ္လကၡဏာမွ အေပါင္း (၃)ရာခိုင္ႏႈန္းနီးပါးတိုးတက္လာခဲ့သည္ဟု တပ္ခ်ဳပ္က ဆိုထားသည္။


“ထုတ္ကုန္ေတြပိုမိုတင္ပို႔ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ျပည္သူေတြက ပိုမိုႀကိဳးပမ္းေဆာင္႐ြက္ခဲ့ရင္ ဒီႏွစ္ဟာ ယခင္ႏွစ္ေတြကထက္ စီးပြားေရးတိုးတက္မႈအား ပိုေကာင္းလာမယ္လို႔ ကြၽန္ေတာ္အျပည့္အဝ ယုံၾကည္ပါတယ္။ မိသားစုတစ္ခုရဲ႕အသက္ဟာ မိသားစုစိတ္ဓာတ္ျဖစ္သလို ျပည္ေထာင္စုတစ္ခုရဲ႕အသက္ဟာလည္း ျပည္ေထာင္စုစိတ္ဓာတ္ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အားလုံးမွီခိုရွင္သန္ရာ ျပည္ေထာင္စုရဲ႕အရိပ္အာဝါသကို အသက္သဖြယ္ ျမတ္ႏိုးတန္ဖိုးထားၿပီး စုေပါင္းေဆာင္႐ြက္ၾကရင္ ႏိုင္ငံ့တိုးတက္မႈအရွိန္အဟုန္ေကာင္းေတြဟာ ရပ္တန႔္ေနမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔သြားလိုတဲ့ ပန္းတိုင္ကို မျဖစ္မေန ေရာက္ရွိမယ္လို႔ ယုံၾကည္ပါတယ္” ဟု ၎က ေျပာသည္။


ထို႔ေၾကာင့္ ၁၃၈၅ ခုႏွစ္ ႏွစ္သစ္ဦးအခ်ိန္ကာလ၌ ႏွစ္ေဟာင္း၏ အားနည္းခ်က္ကို ျပဳျပင္ကာ အားသာခ်က္မ်ားကို ျမႇင့္တင္ၿပီး ႏိုင္ငံ့အက်ိဳးအတြက္ ေပးဆပ္သယ္ပိုးေဆာင္႐ြက္သြားၾကရန္ တပ္ခ်ဳပ္က ထပ္မံတိုက္တြန္းထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးမှ ဟိုပင်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ငွေကျပ်သိန်း (၆၉ဝဝ)ကျော်တန်ဖိုးရှိသော ဘိန်းဖြူများ ဖမ်းဆီးရမိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved