Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ လက်ပစ်ဗုံးဖောက်ခွဲကာ မိမိကိုယ်ကို အဆုံးစီရင်

မျိုးကြီး (NP News) - ဧပြီ ၁၁

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူသည် လက်ပစ်ဗုံးဖောက်ခွဲကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်စောအယ်ခူသည် ယနေ့(ဧပြီလ ၁၁ ရက်)၊ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထလော့ကျေးရွာရှိ ၎င်း၏နေအိမ်တွင်ပင် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း KNL/KNLA-PC ပြောခွင့်ရဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကိုပြောသည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ သူ့ကိုယ်သူ အဆုံးစီရင်သွားတာပေါ့နော်။ ဘယ်ပုံဘယ်နည်းလဲဆိုတော့ အမှန်တကယ် အဲဒီမှာရှိနေတဲ့ ကျွန်တော်တို့ တပ်မှူးတွေရဲ့ သတင်းပေးပို့ချက်အရကတော့ သူကိုင်တဲ့ လက်ပစ်ဗုံးနဲ့ပဲ သူ့ကိုယ်တိုင် ဖောက်ခွဲပြီးတော့ အဆုံးစီရင်တာပေါ့” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

ဗိုလ်ချုပ်စောအယ်ခူ အဆုံးစီရင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏စိတ်ခံစားချက်အပေါ် တိတိကျကျပြောဆိုနိုင်ရန် ခက်ခဲကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ဗိုလ်ချုပ်စောအယ်ခူသည် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအခံရှိပြီး ၎င်းရောဂါများအတွက် ဆေးဝါးများသောက်သုံးနေရသည်မှာ ကာလအတော်ကြာပြီဖြစ်ကာ ၎င်းအပေါ် စိတ်ဆင်းရဲမှုများ ရှိကောင်းရှိနိုင်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း ကရင်လက်နက်ကိုင်အဖွဲ့များကြား၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများ မဖြစ်ပွားရေး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နိုင်ရန် ကြားဝင်ကြိုးပမ်းမှုများကို ဗိုလ်ချုပ်စောအယ်ခူအ နေဖြင့် လုပ်ဆောင်ခဲ့မှုများရှိကြောင်း သိရသည်။

“အဲဒီတိုက်ခိုက်နေတဲ့ ဘက်နှစ်ဖက်ကနေပြီးတော့ ကြားမှာနေတဲ့သူ့အတွက်က ကျွန်တော်စိတ်ထင်ပေါ့လေ ဖိအားတွေလည်း အမျိုးမျိုးရှိကောင်းရှိနိုင်တယ်။ အဲဒီဖိအားတွေ အမျိုးမျိုးရှိနေတဲ့ အခြေအနေကြောင့်ပေါ့လေ။ သူ့အနေနဲ့ စိတ်ဖိစီးမှုလည်း တအားခံစားရမယ်လို့ သုံးသပ်ရတယ်။ အခုနက ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေကြောင့်သော်လည်းကောင်း၊ ဒီဖက်က ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုအခြေအနေအရသော်လည်းကောင်း ဒါမခံနိုင်တော့တဲ့အဆုံး သူ့အနေနဲ့ အဆုံးစီရင်သွားတယ်လို့ ဒါကျွန်တော်တို့ အပြင်ကနေ သုံးသပ်ရမိသလောက် သုံးသပ်ကြည့်တာပေါ့။ တကယ့်တကယ် သူ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်တွေကတော့ ကျွန်တော်တို့ အသေအချာပြောဖို့ကတော့ လက်တွေ့လည်း မဖြစ်နိုင်ဘူး လေ” ဟု KNU/KNLA-PC ပြောခွင့်ရက ဆိုသည်။

စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ ဆုံးပါးမှုသည် KNU/KNLA-PC အဖွဲ့အစည်းနှင့် ဒေသတွင်း၌ စစ်ဘေးစစ်ဒဏ်ကင်းဝေးရန် ကြိုးပမ်းဆောင်ရွက်နေမှုများအတွက် များစွာနစ်နာဆုံးရှုံးကာ စိတ်မကောင်းဖြစ်ရကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

zawgyi version

KNU/KNLA-PC စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာအယ္ခူ လက္ပစ္ဗုံးေဖာက္ခြဲကာ မိမိကိုယ္ကို အဆုံးစီရင္

မ်ိဳးႀကီး (NP News) - ဧၿပီ ၁၁

ကရင္အမ်ိဳးသားအစည္းအ႐ုံး/ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ၿငိမ္းခ်မ္းေရးေကာင္စီ (KNU/KNLA-PC)၏ စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာအယ္ခူသည္ လက္ပစ္ဗုံးေဖာက္ခြဲကာ မိမိကိုယ္ကို အဆုံးစီရင္ခဲ့ေၾကာင္း သတင္းရရွိသည္။

ဗိုလ္ခ်ဳပ္ေစာအယ္ခူသည္ ယေန႔(ဧၿပီလ ၁၁ ရက္)၊ နံနက္ ၉ နာရီခြဲအခ်ိန္ခန႔္တြင္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ ထေလာ့ေက်း႐ြာရွိ ၎၏ေနအိမ္တြင္ပင္ အဆုံးစီရင္ခဲ့ျခင္းျဖစ္ေၾကာင္း KNL/KNLA-PC ေျပာခြင့္ရဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကိုေျပာသည္။

“ဘယ္လိုျဖစ္တာလဲဆိုေတာ့ သူ႔ကိုယ္သူ အဆုံးစီရင္သြားတာေပါ့ေနာ္။ ဘယ္ပုံဘယ္နည္းလဲဆိုေတာ့ အမွန္တကယ္ အဲဒီမွာရွိေနတဲ့ ကြၽန္ေတာ္တို႔ တပ္မႉးေတြရဲ႕ သတင္းေပးပို႔ခ်က္အရကေတာ့ သူကိုင္တဲ့ လက္ပစ္ဗုံးနဲ႔ပဲ သူ႔ကိုယ္တိုင္ ေဖာက္ခြဲၿပီးေတာ့ အဆုံးစီရင္တာေပါ့” ဟု ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာသည္။

ဗိုလ္ခ်ဳပ္ေစာအယ္ခူ အဆုံးစီရင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎၏စိတ္ခံစားခ်က္အေပၚ တိတိက်က်ေျပာဆိုႏိုင္ရန္ ခက္ခဲေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္ေစာအယ္ခူသည္ ဆီးခ်ိဳ၊ ေသြးခ်ိဳႏွင့္ ေသြးတိုးေရာဂါအခံရွိၿပီး ၎ေရာဂါမ်ားအတြက္ ေဆးဝါးမ်ားေသာက္သုံးေနရသည္မွာ ကာလအေတာ္ၾကာၿပီျဖစ္ကာ ၎အေပၚ စိတ္ဆင္းရဲမႈမ်ား ရွိေကာင္းရွိႏိုင္ေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က သုံးသပ္ေျပာဆိုထားသည္။

ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ကရင္လက္နက္ကိုင္အဖြဲ႕မ်ားၾကား၌ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ယင္းတိုက္ပြဲမ်ား မျဖစ္ပြားေရး ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ႏိုင္ရန္ ၾကားဝင္ႀကိဳးပမ္းမႈမ်ားကို ဗိုလ္ခ်ဳပ္ေစာအယ္ခူအ ေနျဖင့္ လုပ္ေဆာင္ခဲ့မႈမ်ားရွိေၾကာင္း သိရသည္။

“အဲဒီတိုက္ခိုက္ေနတဲ့ ဘက္ႏွစ္ဖက္ကေနၿပီးေတာ့ ၾကားမွာေနတဲ့သူ႔အတြက္က ကြၽန္ေတာ္စိတ္ထင္ေပါ့ေလ ဖိအားေတြလည္း အမ်ိဳးမ်ိဳးရွိေကာင္းရွိႏိုင္တယ္။ အဲဒီဖိအားေတြ အမ်ိဳးမ်ိဳးရွိေနတဲ့ အေျခအေနေၾကာင့္ေပါ့ေလ။ သူ႔အေနနဲ႔ စိတ္ဖိစီးမႈလည္း တအားခံစားရမယ္လို႔ သုံးသပ္ရတယ္။ အခုနက ႐ုပ္ပိုင္းဆိုင္ရာ ေရာဂါအေျခအေနေၾကာင့္ေသာ္လည္းေကာင္း၊ ဒီဖက္က ျဖစ္ေပၚလာတဲ့ စိတ္ဖိစီးမႈအေျခအေနအရေသာ္လည္းေကာင္း ဒါမခံႏိုင္ေတာ့တဲ့အဆုံး သူ႔အေနနဲ႔ အဆုံးစီရင္သြားတယ္လို႔ ဒါကြၽန္ေတာ္တို႔ အျပင္ကေန သုံးသပ္ရမိသေလာက္ သုံးသပ္ၾကည့္တာေပါ့။ တကယ့္တကယ္ သူ႔ရင္ထဲမွာ ျဖစ္ေပၚေနတဲ့ စိတ္ခံစားခ်က္ေတြကေတာ့ ကြၽန္ေတာ္တို႔ အေသအခ်ာေျပာဖို႔ကေတာ့ လက္ေတြ႕လည္း မျဖစ္ႏိုင္ဘူး ေလ” ဟု KNU/KNLA-PC ေျပာခြင့္ရက ဆိုသည္။

စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ေစာအယ္ခူ ဆုံးပါးမႈသည္ KNU/KNLA-PC အဖြဲ႕အစည္းႏွင့္ ေဒသတြင္း၌ စစ္ေဘးစစ္ဒဏ္ကင္းေဝးရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈမ်ားအတြက္ မ်ားစြာနစ္နာဆုံးရႈံးကာ စိတ္မေကာင္းျဖစ္ရေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မော်လမြိုင် ခရီးစဥ် ပုံမှန်ပြေးဆွဲနေသည့် ရထား(၄)စင်းလုံးကို သင်္ကြန်ကာလအတွင်း တစ်ရက်ရပ်နားမည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved