Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သူပုန်တို့ထိန်းချုပ်ထားသည့် ယီမင်မြို့တော်တွင် ဆော်ဒီ၊ အိုမန်သံတမန်များနှင့် ဟူသီခေါင်းဆောင်တို့ ငြိမ်းချမ်းရေးဆွေးနွေး

Htay Oung (NP News) - ဧပြီ ၁ဝ

ဆော်ဒီအာရေးဗျနဲ့  အိုမန်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့တွေဟာ ယီမင်နိုင်ငံမြို့တော် “ဆာနာ” မှာ ဟူသီအရာရှိများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဟူသီအစိုးရပိုင်မီဒီယာက တနင်္ဂနွေနေ့(ဧပြီလ ၉ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။ ဆော်ဒီအနေနဲ့ အိမ်နီးချင်း ယီမင်နိုင်ငံရဲ့ ကာလရှည်ကြာရှည် ဖြစ်ပွားနေတဲ့စစ်ပွဲမှာ သူ့ရဲ့ စစ်ရေးပါဝင်ပတ်သက်မှုကို အဆုံးသတ်ဖို့အတွက် အမြဲတမ်း အပစ်အခတ်ရပ်စဲရေး ကြိုး ပမ်းနေတယ်လို့ Reuters က ယနေ့(ဧပြီလ ၁ဝ ရက်)တွင် ရေးသားပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေး အားထုတ်မှုများနဲ့အပြိုင်လုပ်ဆောင်နေတဲ့ ဆော်ဒီနဲ့ဟူသီတို့အကြား အိုမန်က ညှိနှိုင်းပေးမှုမှာ တိုးတက်မှုရရှိကြောင်း ယခုခရီးစဉ်က ဖော်ပြနေပါတယ်။ တရုတ်နိုင်ငံက ကနဦး ကြားဝင်စေ့စပ်ခဲ့တဲ့ သဘောတူညီချက်အရ  နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ရန် အစဉ် အလာ ပြိုင်ဘက် ဆော်ဒီအာရေးဗျနဲ့ အီရန်တို့က သဘောတူညီခဲ့ကြပြီးနောက် ငြိမ်းချမ်းရေးအစပျိုးမှုများ အရှိန်အဟုန်ရရှိလာခဲ့ကြောင်း တွေ့မြင်နေရပါတယ်။

ယီမင်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိုမန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံအတွင်း လက်နက်စွဲကိုင်တိုက်ခိုက်နေကြတဲ့ အင်အားစုများအကြား သဘောထားကွဲလွဲမှုများကို ကျဉ်းမြောင်းစေပြီး အီရန်၊ ဆော်ဒီအာရေးဗျနဲ့ အမေရိကန်တို့အကြား ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ နိုင်ငံ့အနောက်တောင်ပိုင်း ပင်လယ်နီဆိပ်ကမ်းမြို့ကို ရောက်ရှိလာတဲ့ သံတမန်တွေဟာ ဆားနားသမ္မတနန်းတော်မှာ ဟူသီနိုင်ငံရေးကောင်စီ ဥသျှောင် မာဒီ_အယ်လ်_မာရှတ်နဲ့ တွေ့ဆုံခဲ့ကြောင်း ဟူသီတို့ပိုင် SABA သတင်းဌာနက ဖော်ပြပါတယ်။

မိမိတို့အနေနဲ့ "ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေး" ကို ရှာဖွေနေကြောင်း၊ ယီမင်ပြည်သူများကလည်း " အနှောင်အဖွဲ့ကင်းရှင်းတဲ့ လွတ်လပ်ရေးကို လိုလားကြောင်း" နှစ်ဖက်စလုံးက ရန်လိုမှုများ အဆုံးသတ်ရေး၊  ဆော်ဒီဦးဆောင်အင်အားများက ယီမင်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့ထားမှုများကို ရုတ်သိမ်းရေးအတွက် ညှိနှိုင်းသွားမှာဖြစ်ကြောင်း ဟူသီနိုင်ငံရေးအဖွဲ့ရဲ့ ရပ်တည်ချက်ကို သမ္မတ မာရှတ်က ထပ်လောင်း ပြောဆိုပါတယ်။

ဆော်ဒီ-ဟူသီ ဆွေးနွေးမှုဟာ ဟူသီတို့ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းများနဲ့ ဆာနာလေဆိပ်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ရေး၊ ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများ ပေးဆောင်ရေး၊ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများနဲ့ နိုင်ငံခြားတပ်ဖွဲ့များ ပြည်တွင်းမှ ထွက်ခွာမယ့် အချိန်ဇယားကိစ္စအတွက် အလေး ထား ဆွေးနွေးဖို့ရှိကြောင်း ဟူသီသတင်းရင်းမြစ်များမှတဆင့် သိရှိရပါတယ်။

ယီမင်စစ်ပွဲဟာ (ရှီအာ) အီရန်နဲ့ (ဆွန်နီ) ဆော်ဒီအာရေးဗီးယားတို့အကြား #ကိုယ်စားပြု_စစ်ပွဲ များစွာအနက် တစ်ခုအဖြစ် လူသိများပါတယ်။ အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီ(သူပုန်) တွေဟာ ဆော်ဒီကျောထောက်နောက်ခံပြု (ယီမင်) အစိုးရကို ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်နှောင်းပိုင်း ဆားနားမြိုမှ မောင်းထုတ်ခဲ့ပါတယ်။ အကျင့်ပျက်ခြစားတဲ့စနစ်နဲ့ ပြည်ပရန်လိုမှုများကို အုံကြွဆန့်ကျင်တယ်လို့ ပြောဆိုပြီး အာဏာသုံးရပ် ကျင့်သုံးသူ ( အစိုးရ) အဖြစ် ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်ကတည်းက ဟူသီတို့ဟာ ဆော်ဒီဦးဆောင် စစ်မဟာမိတ်အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်နေခဲ့ပါတယ်။ ပဋိပက္ခမှာ လူပေါင်းသောင်းချီ သေဆုံးခဲ့ကြရပြီး ယီမင်လူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် မှီခိုအသက်ရှင်နေရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ပါတယ်။

စစ်မက်ဖြစ်ပွားနေသူများအကြား နှစ်ဖက်သဘောတူထားတဲ့ “အပြန်အလှန် အကျဉ်းသားလဲလှယ်ရေး” မတိုင်မီ စောစောပိုင်းမှာ ဆော်ဒီအကျဉ်းသားတစ်ဦးနဲ့ လဲလှယ်ဖို့အတွက် ဆော်ဒီအာရေးဗီးယားမှ ပြန်လွှတ်ပေးလိုက်သူ (၁၃) ဦးကို လက်ခံခဲ့ကြောင်း ဟူသီအရာရှိတစ်ဦးက အတည်ပြုပါတယ်။

ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ တက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့လ ဆွစ်ဇာလန်နိုင်ငံ ဆွေးနွေးပွဲမှာ အကျဉ်းသား (၈၈၇)ဦးကို လွှတ်ပြန်လွှတ်ပေးရန် (ဆော်ဒီကျောထောက်နောက်ခံ) ယီမင်အစိုးရနဲ့  ဟူ သီတို့အကြား သဘောတူညီခဲ့ကြကြောင်း။ အကျဉ်းသား (၁၃)ဦးဟာ အဲ့ဒီသဘောတူညီချက်ရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း ဆာနားပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

အကျဉ်းသားလဲလှယ်ရေးကိစ္စအပါအဝင် ဟူသီတို့ ထိန်းချုပ်ထားတဲ့ ဆားနားမြို့ရောက် ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာသတင်းရဲ့ မေတ္တာရပ်ခံချက်ကို ဆော်ဒီအာရေးဗီးယားအစိုးရ သတင်းမီဒီယာရုံးက ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။ 

(Reuters., 10 April 2023,” Saudi, Omani envoys hold peace talks with Houthi leaders in Sanaa” ကိုဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

သူပုန္တို႔ထိန္းခ်ဳပ္ထားသည့္ ယီမင္ၿမိဳ႕ေတာ္တြင္ ေဆာ္ဒီ၊ အိုမန္သံတမန္မ်ားႏွင့္ ဟူသီေခါင္းေဆာင္တို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြး

Htay Oung (NP News) - ဧၿပီ ၁ဝ

ေဆာ္ဒီအာေရးဗ်နဲ႔  အိုမန္ႏိုင္ငံတို႔မွ ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ယီမင္ႏိုင္ငံၿမိဳ႕ေတာ္ “ဆာနာ” မွာ ဟူသီအရာရွိမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း ဟူသီအစိုးရပိုင္မီဒီယာက တနဂၤေႏြေန႔(ဧၿပီလ ၉ ရက္)မွာ သတင္းထုတ္ျပန္ပါတယ္။ ေဆာ္ဒီအေနနဲ႔ အိမ္နီးခ်င္း ယီမင္ႏိုင္ငံရဲ႕ ကာလရွည္ၾကာရွည္ ျဖစ္ပြားေနတဲ့စစ္ပြဲမွာ သူ႔ရဲ႕ စစ္ေရးပါဝင္ပတ္သက္မႈကို အဆုံးသတ္ဖို႔အတြက္ အၿမဲတမ္း အပစ္အခတ္ရပ္စဲေရး ႀကိဳး ပမ္းေနတယ္လို႔ Reuters က ယေန႔(ဧၿပီလ ၁ဝ ရက္)တြင္ ေရးသားပါတယ္။

ကုလသမဂၢအဖြဲ႕ႀကီးရဲ႕ ၿငိမ္းခ်မ္းေရး အားထုတ္မႈမ်ားနဲ႔အၿပိဳင္လုပ္ေဆာင္ေနတဲ့ ေဆာ္ဒီနဲ႔ဟူသီတို႔အၾကား အိုမန္က ညႇိႏႈိင္းေပးမႈမွာ တိုးတက္မႈရရွိေၾကာင္း ယခုခရီးစဥ္က ေဖာ္ျပေနပါတယ္။ တ႐ုတ္ႏိုင္ငံက ကနဦး ၾကားဝင္ေစ့စပ္ခဲ့တဲ့ သေဘာတူညီခ်က္အရ  ႏွစ္ႏိုင္ငံဆက္ဆံေရး ျပန္လည္ထူေထာင္ရန္ အစဥ္ အလာ ၿပိဳင္ဘက္ ေဆာ္ဒီအာေရးဗ်နဲ႔ အီရန္တို႔က သေဘာတူညီခဲ့ၾကၿပီးေနာက္ ၿငိမ္းခ်မ္းေရးအစပ်ိဳးမႈမ်ား အရွိန္အဟုန္ရရွိလာခဲ့ေၾကာင္း ေတြ႕ျမင္ေနရပါတယ္။

ယီမင္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ အိုမန္ႏိုင္ငံဟာ အိမ္နီးခ်င္းႏိုင္ငံအတြင္း လက္နက္စြဲကိုင္တိုက္ခိုက္ေနၾကတဲ့ အင္အားစုမ်ားအၾကား သေဘာထားကြဲလြဲမႈမ်ားကို က်ဥ္းေျမာင္းေစၿပီး အီရန္၊ ေဆာ္ဒီအာေရးဗ်နဲ႔ အေမရိကန္တို႔အၾကား ပိုမိုက်ယ္ျပန႔္စြာ ခ်ိတ္ဆက္ႏိုင္ဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ ႏိုင္ငံ့အေနာက္ေတာင္ပိုင္း ပင္လယ္နီဆိပ္ကမ္းၿမိဳ႕ကို ေရာက္ရွိလာတဲ့ သံတမန္ေတြဟာ ဆားနားသမၼတနန္းေတာ္မွာ ဟူသီႏိုင္ငံေရးေကာင္စီ ဥေသွ်ာင္ မာဒီ_အယ္လ္_မာရွတ္နဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း ဟူသီတို႔ပိုင္ SABA သတင္းဌာနက ေဖာ္ျပပါတယ္။

မိမိတို႔အေနနဲ႔ "ဂုဏ္သိကၡာရွိေသာ ၿငိမ္းခ်မ္းေရး" ကို ရွာေဖြေနေၾကာင္း၊ ယီမင္ျပည္သူမ်ားကလည္း " အေႏွာင္အဖြဲ႕ကင္းရွင္းတဲ့ လြတ္လပ္ေရးကို လိုလားေၾကာင္း" ႏွစ္ဖက္စလုံးက ရန္လိုမႈမ်ား အဆုံးသတ္ေရး၊  ေဆာ္ဒီဦးေဆာင္အင္အားမ်ားက ယီမင္ဆိပ္ကမ္းမ်ားအေပၚ ပိတ္ဆို႔ထားမႈမ်ားကို ႐ုတ္သိမ္းေရးအတြက္ ညႇိႏႈိင္းသြားမွာျဖစ္ေၾကာင္း ဟူသီႏိုင္ငံေရးအဖြဲ႕ရဲ႕ ရပ္တည္ခ်က္ကို သမၼတ မာရွတ္က ထပ္ေလာင္း ေျပာဆိုပါတယ္။

ေဆာ္ဒီ-ဟူသီ ေဆြးေႏြးမႈဟာ ဟူသီတို႔ထိန္းခ်ဳပ္ထားတဲ့ ဆိပ္ကမ္းမ်ားနဲ႔ ဆာနာေလဆိပ္ကို အျပည့္အဝ ျပန္လည္ဖြင့္လွစ္ေရး၊ ျပည္သူ႔ဝန္ထမ္းမ်ားအတြက္ လုပ္ခလစာမ်ား ေပးေဆာင္ေရး၊ ျပန္လည္ထူေထာင္ေရး ႀကိဳးပမ္းမႈမ်ားနဲ႔ ႏိုင္ငံျခားတပ္ဖြဲ႕မ်ား ျပည္တြင္းမွ ထြက္ခြာမယ့္ အခ်ိန္ဇယားကိစၥအတြက္ အေလး ထား ေဆြးေႏြးဖို႔ရွိေၾကာင္း ဟူသီသတင္းရင္းျမစ္မ်ားမွတဆင့္ သိရွိရပါတယ္။

ယီမင္စစ္ပြဲဟာ (ရွီအာ) အီရန္နဲ႔ (ဆြန္နီ) ေဆာ္ဒီအာေရးဗီးယားတို႔အၾကား #ကိုယ္စားျပဳ_စစ္ပြဲ မ်ားစြာအနက္ တစ္ခုအျဖစ္ လူသိမ်ားပါတယ္။ အီရန္နဲ႔ မဟာမိတ္ဖြဲ႕ထားတဲ့ ဟူသီ(သူပုန္) ေတြဟာ ေဆာ္ဒီေက်ာေထာက္ေနာက္ခံျပဳ (ယီမင္) အစိုးရကို ၿပီးခဲ့တဲ့ ၂ဝ၁၄ ခုႏွစ္ေႏွာင္းပိုင္း ဆားနားၿမိဳမွ ေမာင္းထုတ္ခဲ့ပါတယ္။ အက်င့္ပ်က္ျခစားတဲ့စနစ္နဲ႔ ျပည္ပရန္လိုမႈမ်ားကို အုံႂကြဆန႔္က်င္တယ္လို႔ ေျပာဆိုၿပီး အာဏာသုံးရပ္ က်င့္သုံးသူ ( အစိုးရ) အျဖစ္ ယီမင္ေျမာက္ပိုင္းကို ထိန္းခ်ဳပ္ခဲ့ပါတယ္။


၂ဝ၁၅ ခုႏွစ္ကတည္းက ဟူသီတို႔ဟာ ေဆာ္ဒီဦးေဆာင္ စစ္မဟာမိတ္အဖြဲ႕ကို ဆန႔္က်င္တိုက္ခိုက္ေနခဲ့ပါတယ္။ ပဋိပကၡမွာ လူေပါင္းေသာင္းခ်ီ ေသဆုံးခဲ့ၾကရၿပီး ယီမင္လူဦးေရရဲ႕ ၈ဝ ရာခိုင္ႏႈန္းဟာ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားအေပၚ မွီခိုအသက္ရွင္ေနရတဲ့ အေျခအေနကို ဆိုက္ေရာက္ခဲ့ပါတယ္။

စစ္မက္ျဖစ္ပြားေနသူမ်ားအၾကား ႏွစ္ဖက္သေဘာတူထားတဲ့ “အျပန္အလွန္ အက်ဥ္းသားလဲလွယ္ေရး” မတိုင္မီ ေစာေစာပိုင္းမွာ ေဆာ္ဒီအက်ဥ္းသားတစ္ဦးနဲ႔ လဲလွယ္ဖို႔အတြက္ ေဆာ္ဒီအာေရးဗီးယားမွ ျပန္လႊတ္ေပးလိုက္သူ (၁၃) ဦးကို လက္ခံခဲ့ေၾကာင္း ဟူသီအရာရွိတစ္ဦးက အတည္ျပဳပါတယ္။

ကုလသမဂၢနဲ႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီတို႔ တက္ေရာက္ခဲ့တဲ့ ၿပီးခဲ့တဲ့လ ဆြစ္ဇာလန္ႏိုင္ငံ ေဆြးေႏြးပြဲမွာ အက်ဥ္းသား (၈၈၇)ဦးကို လႊတ္ျပန္လႊတ္ေပးရန္ (ေဆာ္ဒီေက်ာေထာက္ေနာက္ခံ) ယီမင္အစိုးရနဲ႔  ဟူ သီတို႔အၾကား သေဘာတူညီခဲ့ၾကေၾကာင္း။ အက်ဥ္းသား (၁၃)ဦးဟာ အဲ့ဒီသေဘာတူညီခ်က္ရဲ႕ တစိတ္တပိုင္းျဖစ္ေၾကာင္း ဆာနားေျပာေရးဆိုခြင့္ရွိသူက ရွင္းျပပါတယ္။

အက်ဥ္းသားလဲလွယ္ေရးကိစၥအပါအဝင္ ဟူသီတို႔ ထိန္းခ်ဳပ္ထားတဲ့ ဆားနားၿမိဳ႕ေရာက္ ကိုယ္စားလွယ္အဖြဲ႕နဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ႐ိုက္တာသတင္းရဲ႕ ေမတၱာရပ္ခံခ်က္ကို ေဆာ္ဒီအာေရးဗီးယားအစိုးရ သတင္းမီဒီယာ႐ုံးက ျပန္လည္ေျဖဆိုျခင္း မရွိပါဘူး။ 

(Reuters., 10 April 2023,” Saudi, Omani envoys hold peace talks with Houthi leaders in Sanaa” ကိုဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မည်သည့်အခက်အခဲများ ကြုံတွေ့နေရသည်ဖြစ်စေ အကယ်ဒမီပေးပွဲကို ခမ်းခမ်းနားနား ကျင်းပသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved