Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်၌ ငွေကျပ်ဘီလျံ (၁၉ဝဝ)ကျော် တိုးမြှင့်သုံးစွဲရန်လျာထား

မျိုးကြီး (NP News) - ဧပြီ ၈

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သော ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်ထက် ငွေကျပ်ဘီလျံ (၁၉ဝဝ)ကျော်ကို ယခု ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်၌ တိုးမြှင့်သုံးစွဲရန်လျာထားကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၅,၆၃၅,၁ဝ၂ ဒသမ ဝ၅၈ သန်း ( ၅၆၃၅ ဘီလျံကျော်) သုံးစွဲရန် လျာထားကြောင်း ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြထားသည်။

ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၃,၇ဝ၃,၈၆၆ ဒသမ ၇၉၈ သန်း (၃၇ဝ၃ ဘီလျံကျော်) သုံးစွဲရန် လျာထားခဲ့ကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ်ဘီလျံ (၁၉ဝဝ) ကျော်ကို ပိုမိုတိုးမြှင့်သုံးစွဲရန် လျာထားခဲ့ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက အနိမ့်ဆုံးအဆင့်တွင် ရပ်တည်လျက်ရှိကြောင်း တွေ့ရှိရသည်။

အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ထက်      စင်္ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖီလစ်ပိုင်နိုင်ငံတို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနများ၏ သုံးစရိတ်များသည် ပိုမိုများပြားလျက်ရှိကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်အောက် လျော့နည်းသည့် အာဆီယံနိုင်ငံများသည် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၌ ပညာရေးဝန်ကြီးဌာနအနေဖြင့် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ် (၂၁၈၈) ဘီလျံကျော် သုံးစွဲရန်လျာထားပြီး ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် (၂၁၆၄) ဘီလျံကျော် သုံးစွဲရန်လျာထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်၌ သုံးစွဲမည့်အသုံးစရိတ်သည် ပြီးခဲ့သောဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ငွေကျပ် (၂၄)ဘီလျံကျော်နည်းခဲ့သည်ကို ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေများအရ တွေ့ရှိရသည်။

အလားတူ လက်ရှိဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သုံးစွဲရန်လျာထားသည့် အသုံးစရိတ်သည် ငွေကျပ် (၈၁၄)ဘီလျံကျော်ရှိပြီး ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ငွေကျပ် (၈၆၁)ဘီလျံကျော် သုံးစွဲရန်လျာထားခဲ့သည်ကို တွေ့ရှိရသည်။

zawgyi version













Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ အမျိုးသမီး တစ်ဦးသေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved