Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်ဒေသတို့၌ ဖြစ်ပေါ်နေဆဲ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် မေလအထိ ဖြစ်ပေါ်နိုင်ကြောင်း သတိပေး

မျိုးကြီး (NP News) - ဧပြီ ၈

မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်ဒေသတို့၌ ဖြစ်ပေါ်နေဆဲ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် လာမည့် မေလအထိ ဖြစ်ပေါ်နိုင်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတိပေးထားသည်။

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ နစက၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဧပြီလ ၇ ရက်တွင် အထက်ပါကဲ့သို့ သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလတွင် မဲခေါင်ဒေသခွဲနိုင်ငံများ၌ မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများ များပြားလာပြီး ၂ဝ၂၃ ခုနှစ် မတ်လ ၂၃ ရက်မှစ၍ မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနိုင်ငံတောင်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

မဲခေါင်ဒေသခွဲတွင် လာမည့် မေလအထိ ပူးပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ်ပေါ်မည်ဟု ခန့်မှန်းထားပြီး မီးလောင်ကျွမ်းသည့်နေရာ (Fire Hotspot)ဖြစ်ပေါ်မှု မြင့်တက်မည်ဖြစ်သည့်အတွက် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် မေလအထိ ဖြစ်ပေါ်နိုင်ကြောင်း ဝန်ကြီးဌာနက သတိပေးထားသည်။

မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့၏ နယ်နိမိတ်တစ်လျှောက်၌ လက်ရှိဖြစ်ပေါ်နေသော နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြေရှင်းရန်အတွက် Fire Hotspot များကို မြေပြင်၌ ကွင်းဆင်းဆန်းစစ်ခြင်း၊ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းကို လေ့လာဆန်းစစ်ခြင်း၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ခြင်း၊ ငြှိမ်းသတ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။

ထို့ပြင် Fire Hotspot အန္တရာယ်လျော့နည်းရေးအတွက် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့်ပေါင်းစပ်ကာ စီမံချက်များရေးဆွဲခြင်း၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ဆက်လက်ပြီး နယ်စပ်တစ်လျှောက်၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုင်း၊ လာအိုနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆိုထားသည်။

zawgyi version










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွေးမြစ်အတွင်း ရေယာဉ်(၁)စင်းမီးလောင်မှုဖြစ်ပွားပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved