Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိမ်တိုင်ရာရောက်စားအုန်းဆီပို့စနစ် အိမ်ထောင်စု(၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးလာ

ယွန်း (NSS) - ဩဂုတ် ၁၃

အိမ်တိုင်ရောက်စနစ်ဖြင့် စားအုန်းဆီ ပို့ဆောင်ခြင်းကို စိတ်ဝင်စားသူများပြားနေသောကြောင့် အိမ်ထောင်စု(၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးပို့ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ NP News က ဆက်သွယ်‌မေး မြန်းထားချက်များအရ သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်တိုင်ရာရောက်စနစ်ဖြင့် စားအုန်းဆီများကို ရောင်းချပေးရန်စီစဉ်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်(၃၁)ရက်နေ့တွင် အော်ဒါများကို စတင်ကောက်ယူခဲ့ကြောင်း သိရ သည်။ ဆီများကိုဝယ်ယူနိုင်ရေးအတွက် Call Center ဖုန်းနံပါတ် ဝ၁-၂၃၉၉၂၂၂ ကို လိုင်းခွဲ(၇)လိုင်း ဖွင့်လှစ်၍ အော်ဒါလက်ခံခဲ့ရာ အော်ဒါအရေ အတွက်များပြားသည့်အတွက် လက်ရှိတွင် လိုင်းခွဲ (၁၀)လိုင်းအထိ တိုးချဲ့၍ အော်ဒါလက်ခံနေရကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ တစ်လလျှင် အိမ်ထောင် စု(၃၀ဝဝဝ)နီးပါးကို အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ရောင်းချရန်စီစဉ်ထားသော်လည်း စိတ်ဝင်စားသူ များပြားခြင်းကြောင့် အိမ်ထောင်စု(၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။ 

'စမ်းသပ်လအနေနဲ့တော့ တစ်ရက်ကို အိမ်ထောင်စု (၁၀ဝဝ) နဲ့ (၁၂၀ဝ)ကြားပို့ပါတယ်။ နောက် လတွေတော့ အိမ်ထောင်စု(၂၀ဝဝ)လောက်အထိကို မှန်းပါတယ်။ ခုရက်ပိုင်းတွေ ပို့တဲ့အခါမှာတော့ စိတ် ဝင်စားပြီးဝယ်ချင်တဲ့သူကလည်း များတယ်။ ဝယ်လို အားများလာတယ်။ Call Center ကိုဝင်တဲ့ဖုန်း အရေအတွက်က ၉၀ဝဝ၊ ၁၀ဝဝဝ အထိဖြစ်လာတယ်။ ထပ်ခါထပ်ခါခေါ်တာတွေလည်းပါတယ်။ အခုဆိုရင် Call Center မှာ အမှာစာလက်ခံတာကို လိုင်းခွဲ (၁၀)လိုင်းအထိချဲ့ထားတယ်။ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီးတော့ ပြင်ဆင်တာတွေတော့ လုပ်နေ ပါတယ်။ ထပ်တိုးပြီးတော့ ပို့ဖို့ကိုလည်း စီစဉ်ဆောင် ရွက်နေပါတယ်။ အရင်က တစ်လကိုအိမ်ထောင်စု (၃၀ဝဝဝ)ဝန်းကျင်ကနေ အိမ်ထောင်စု (၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးသွားမှာပါ}ဟု မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ကိုပိုင်ဖြိုးသန့်က ပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် စားအုန်းဆီများကို အော်ဒါတင်ပြီး သုံးရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးနေပြီး တစ်ချို့သောအော်ဒါတင်သူများသည် ဖုန်းနံပါတ် အမှားများဖြင့် ဆက်သွယ်မှုများလည်း ရှိနေကြောင်း သိရသည်။ ]ဒီနေ့အထိ အော်ဒါလက်ခံတဲ့အချိန်မှာ (၃၀ဝဝ)ကျော်လောက်မှာ မပို့ရသေးတာ အော်ဒါ (၇၀)လောက်ရှိပါသေးတယ်။ လက်ခံမယ့်သူတွေက မအားလို့ နောက်ရက်ကိုပြန်ချိန်းတာမျိုးတွေလည်း  ရှိတယ်။ အဲဒီထဲကနေမှ အော်ဒါ(၂၂)ခုလောက်ကတော့ ဖုန်းနံပါတ်အမှားတွေနဲ့ ဆက်သွယ်တာတွေ လည်းရှိပါတယ်။ ဖုန်းဆက်ပြီးမှာတယ် ပြီးရင် deli ပို့တဲ့အချိန်ကျရင် ဖုန်းဆက်လို့မရတော့တာမျိုးလည်း ရှိတယ်'ဟု ကိုပိုင်ဖြိုးသန့်က ဆက်လက်ပြောသည်။

အဆိုပါစနစ်အရ အိမ်ထောင်စုတစ်စုအတွက် တစ်လတစ်ကြိမ် ဆီ(၂)ပိဿာနှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ခကို ဝယ်ယူသူဘက်က ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။ ဈေးနှုန်းများကို နိုင်ငံတော်ကသတ်မှတ်သည့် ရည်òန်းဈေးနှုန်းအပေါ်တွင် ဘူးခွံဖိုးနှင့် ဘူးသွတ်ခသာထည့်၍ တွက်ချက်ထားပြီး စားအုန်းဆီနှစ်ပိဿာ အတွက် သယ်ယူပို့ဆောင်ခမပါ အပြီးအစီး ငွေကျပ် (၁၂၅၇၀)ကျသင့်မည်ဖြစ်ကြောင်း သိရသည်။   

စားအုန်းဆီမှာယူနိုင်သည့် Call Center ဖုန်းများဖြစ်သည့် 01-2399222 နှင့် 09-779778887 တို့သည် ဩဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်းက Technical Issue ဖြစ်ပေါ်ခဲ့သည့်အတွက် ဖုန်းခေါ်ဆို၍ မရနိုင်ကြောင်း ဩဂုတ်လ ၁ဝ ရက်မှစတင်ကာ ဖုန်းများ ပြန်လည်ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ဖေ့ဘွတ်စ် စာမျက်နှာတွင် အသိပေးကြေညာထားသည်ကို တွေ့ရသည်။ သို့သော်လည်း အဆိုပါ ဖုန်းနံပါတ်များသည် လက်ရှိအချိန်တွင် ခေါ်ဆို၍ မရခြင်းများရှိ နေကြောင်းလည်း ပြည်သူအချို့က NSS ထံ ဆက်သွယ် အကြောင်းကြားလာမှုများလည်း ရှိနေသည်။      


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစက၏ (၂၀၂၅)ရွေးကောက်ပွဲကို ကူညီပေးလိုကြောင်း ကမ်းလှမ်းထားသော နိုင်ငံ(၃)ခုထက်မနည်းရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved