Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်အတွက် အကျိုးအမြတ်ထွက်စေခဲ့သော . . . (ဘာသာပြန်ဆောင်းပါး)

ဂျန်ဇက် (NSS) - ဇူလိုင် ၂၂

ဇူလိုင်(၁၃)ရက်နေ့က အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ဘက်သယ်ပါ့ခ်မြို့ ဆင်ခြေဖုံး အရပ်ဒေသမှာလုပ်ခဲ့တဲ့ မဲဆွယ် စည်းရုံးပွဲ တစ်ခုအတွင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းတဲ့အဖြစ်အပျက်ဟာ ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုမြင့်တက်စေခဲ့တဲ့ သတင်း တစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။

ဒီအဖြစ်ပျက်ဟာ အမေရိကန်နိုင်ငံမှာ နှစ်ပေါင်း (၄၀)ကျော်အတွင်း လက်ရှိသမ္မတ သို့မဟုတ် သမ္မတဟောင်းတစ်ဦးကို ပစ်ခတ်လုပ်ကြံတဲ့ အဖြစ်အပျက်အဖြစ် ပထမဆုံးအကြိမ် ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အဲဒီ မဲဆွယ်စည်းရုံးပွဲအတွင်း မိန့်ခွန်းပြောဆိုနေချိန် (၆) မိနစ်မှာ ပစ်ခတ် လုပ်ကြံခံရမှုကိုရင်ဆိုင်ခဲ့ရပြီး ညာဘက်နားရွက်အပေါ်ပိုင်းကို ကျည်ဆန်ထိမှန်ခဲ့ကာ အသက် အန္တရာယ် စိုးရိမ်ရတဲ့အခြေနေမျိုးမရှိခဲ့ဘူး။ ဒါပေမဲ့ အမေရိကန် နိုင်ငံသားတွေကတော့ နိုင်ငံရေး အကြမ်းဖက်မှုတွေကို ဆန့်ကျင့်ပြီးလုပ်ကြံသတ်ဖြတ်မှုတွေကို လက်မခံတဲ့အတွက် လက်ရှိအချိန်မှာ ဒေါ်နယ်ထရမ့် အပေါ် ယခင်ထက်ပိုပြီး သနားဂရုဏာဖြစ်မှုတွေ၊ စာနာမှုတွေ ဖြစ်လာနေပါတယ်။ 

ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာလအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကိုစိန်ခေါ်မယ့် အဓိကပြိုင်ဘက်တစ်ဦးဖြစ်နေရာ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရ အဖွဲ့နဲ့ လုံခြုံရေးတာဝန်ရှိသူတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူဖို့ပျက်ကွက် မှုတွေရှိခဲ့တယ်လို့ ပြင်းထန်တဲ့ဝေဖန်မှုတွေဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒေါ်နယ်ထရမ့်ကို ပစ် ခတ် လုပ်ကြံတဲ့ အသက် (၂၀)အရွယ်ရှိ သေနတ်သမားဖြစ်သူ သောမတ်စ်မက်သယူး ခရွတ်စ်ဆိုသူဟာ ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောဆိုတဲ့နေရာကနေ ပေ (၄၀ဝ)ကျော်အကွာရှိ အဆောက်အအုံအပေါ်ကနေ ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပါတယ်။ 

အဲဒီလူငယ် အဆောက်အအုံအပေါ်တက်ရောက်သွားတာကိုတွေ့မြင်သူတွေရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ အသိပေးတာတွေရှိခဲ့ပေမယ့် ရဲတပ်ဖွဲ့နဲ့  အထူးလျှို့ ဝှက်တပ်ဖွဲ့တွေဟာ ပစ်ခတ်မှုမဖြစ်ပွားအောင် ကြို တင် တားဆီးနိုင်ခြင်းမရှိဘဲ လုံခြုံရေး အားနည်းချက်တွေရှိခဲ့တယ်လို့ဆိုကြပါတယ်။ အကြီးတန်း ထောက်လှမ်းရေး အရာရှိတစ်ဦးကတော့ ခရွတ်စ်ကို အစောကတည်းက မသင်္ကာစရာအဖြစ် ရဲတွေက သိထားပြီးသားလို့ CNN ကို ပြောပါတယ်။

မဲဆွယ်စည်းရုံးပွဲကိုတက်ရောက်လာသူတစ်ဦးက “ ခရွတ်စ်ဟာ စစ်ဆေးရေးဂိတ်တစ်ခုအနား မှာ မသင်္ကာစရာအပြုအမူနဲ့ တွေ့ခဲ့တယ်။ အဲဒီအကြောင်းကို အနီးကပ်လုံခြုံရေးအဖွဲ့ဆီ အကြောင်း ကြားခဲ့တယ်” လို့ပြောပါတယ်။ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌဟောင်း တစ်ယောက်ကတော့ လျှို့ဝှက်လုံခြုံရေးအဖွဲ့မှာ လူအင်အားနည်းပါးနေတဲ့အတွက် ဇူလိုင် (၁၃) ရက်နေ့ ပြုလုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးပွဲလိုပွဲမျိုးကို အသေအချာလုံခြုံရေးယူနိုင်အောင် ဒေသခံ ရဲတွေကိုလည်း လေ့ကျင့်ပေးတာမျိုးလုပ်နိုင်ခဲ့ပုံ မရဘူးလို့ ဝေဖန်ထောက်ပြပါတယ်။

ဒေါ်နယ်ထရမ့်ကိုပစ်ခတ်လုပ်ကြံတဲ့ သေနတ်သမားဟာ လုံခြုံရေးအဖွဲ့ထဲက လက်ဖြောင့်တပ် သားက ပစ်ခတ်လို့သေဆုံးသွားခဲ့ရပေမယ့် ဒီဖြစ်စဉ် ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတာကို အမေရိကန်ဖက် ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FBI) က အတိအကျ မသိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်လုပ် ကြံခံရမှုဖြစ်စဉ်ဟာ ကမ္ဘာမှာ လုံခြုံရေးစနစ် ကောင်း မွန်တယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအဖွဲ့တွေဟာ ကြိုတင်လက်ဦးမှုမရယူနိုင်တဲ့အခြေအနေကို လှစ်ဟပြသလိုမျိုးဖြစ်ခဲ့ရပါတယ်။ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်လုပ်ကြံခဲ့တဲ့ အသက် (၂၀)အရွယ်ရှိ ခရွတ်စ် ဟာ ပန်ဆေဗေးနီးယားပြည်နယ် ဘတ်တလာမြို့မှာနေထိုင်တဲ့လူငယ်တစ်ဦးဖြစ်ပြီး အေအာရ်-၁၅ အမျိုး အစား ဆမီအော်တို မောင်းပြန်ရိုင်ဖယ်နဲ့ပစ်ခတ်ခဲ့ တာလို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားပါတယ်။ အဲဒီပစ်ခတ်မှုကြောင့်ပဲ ပရိသတ်ထဲက လူတစ်ဦး သေဆုံးပြီး နောက်ထပ်လူနှစ်ဦးလည်း စိုးရိမ်ဒဏ် ရာတွေရခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်လုပ်ကြံခဲ့တဲ့မက်သယူးခရွတ်စ်ဆိုသူဟာ ပြည် နယ်အတွင်းမှာ မှုခင်းရာဇဝတ်မှုကျူးလွန်တတ်တဲ့ လူငယ်မျိုးမဟုတ်ဘဲ အနေ‌အေးတဲ့လူငယ်တစ်ဦးဖြစ် ရာ ဒေါ်နယ်ထရမ့် ဘာကြောင့်လုပ်ကြံပစ်ခတ်ခဲ့ရသလဲဆိုတာကို ဒေသခံတွေကြားမှာလည်း စိတ်ဝင်စား မှုမြင့်တက်နေပါတယ်။ 

လက်ရှိအချိန်မှာ လုပ်ကြံဖို့ကြိုးပမ်းခဲ့တဲ့ လူငယ်ဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အတွက် ၎င်းဟာ ဘာကြောင့် ဒေါ်နယ် ထရမ့်ကို လုပ်ကြံခဲ့ရသလဲဆိုတာကို အတိအကျ မသိ သေးဘူးလို့ အမေရိကန် ပြည်တွင်းထောက်လှမ်းရေး အဖွဲ့(FBI) က ပြောပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (FBI) ကတော့ ခရွတ်စ်ဟာ “ သမ္မတဟောင်းကိုလုပ်ကြံဖို့ ကြိုးပမ်းမှုမှာ ပါဝင်သူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်ပြီးပြုလုပ်နေတယ်။ အဲဒီလူငယ်ဟာ အခုလိုပြု လုပ်ဖို့ စေ့ဆော်စေတဲ့အကြောင်းရင်းနဲ့ တခြားလူ ပါဝင်မှုရှိ မရှိကို စုံစမ်းနေပါတယ်။ ဒီလို နောက်ကွယ် ကအကြောင်းရင်းကို စုံစမ်းတာကလည်း လနဲ့ချီကြာ မြင့်နိုင်ပြီး စုံစမ်းစစ်ဆေးသူတွေဟာ ခရွတ်စ် အခုလို ပြုလုပ်စေခဲ့တဲ့နောက်ကွယ်ကအကြောင်းရင်းကိုသိနိုင်အောင် မနားတမ်းလုပ် ဆောင်သွားမယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်တွင်းထောက်လှမ်းရေး နဲ့လုံခြုံရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေ၊ ဖြေဆိုချက် တွေဟာ တိကျမှု၊ ရေရာမှုမရှိဘဲဖြစ်နေရာ ရီပတ်ဘလီကန်ပါတီလွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင် များအပြင် အမေရိကန်ပြည်သူတွေဟာ အမေရိကန် လုံခြုံရေးအဖွဲ့တွေကို ဝေဖန်ပြစ်တင်မှု အရှိန်မြင့် တက် လာနေပါတယ်။ တခြားတစ်ဖက်မှာတော့ ရီပတ်ဘလီကန် ပါတီကိုအားပေးသူတွေရော ထောက်ခံသူတွေ ပါအပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် သ နားကရုဏာဖြစ်ရမှုတွေ၊ ကိုယ်ချင်းစာနာမှုတွေ ပိုမို ဖြစ်လာနေပါတယ်။ 

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း (၁၀ဝ) ကျော်သာလိုတော့ချိန်မှာဖြစ်ပွား တဲ့ ဒီပစ်ခတ်လုပ်ကြံမှုဟာ သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကိုအနိုင်ရအောင် အကျိုးကျေးဇူးတွေ ဖြစ်လာဖွယ်ရှိနေပါတယ်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခေါင်းဆောင်တွေကလည်း သမ္မတဟောင်း ဒေါ်နယ် ထရမ့်အပေါ် ပစ်ခတ်လုပ်ကြံခဲ့တဲ့အဖြစ်အပျက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို အားပေးစကားအသီးသီးပြောဆိုကာ ဝန်းရံပေးခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့စီစဉ်ခဲ့ပြီးနောက်ပိုင်း သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ ဖိအားပေး မှုအမျိုးမျိုးရင်ဆိုင်ခဲ့ရပြီး ရွေးကောက်ပွဲတောင် ပါဝင် ယှဉ်ပြိုင်နိုင်ပါ့မလားဆိုတာ သံသယဖြစ် ပွားမှုတွေရှိခဲ့ဖူး ပါတယ်။ ဘာကြောင့်လဲဆိုရင် အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ အမေရိ ကန်သမ္မတရွေး ကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့စီစဉ်ခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိ ကန်အစိုးရအဖွဲ့ရဲ့ ဖိအားတွေ၊ စွဲချက်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒေါ်နယ် ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီ ရဲ့သမ္မတလောင်းဖြစ်သလို လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲမလုပ်ခင် အချိန်အထိ အမေရိကန်အစိုးရရဲ့ စွဲချက်ပေါင်း အနည်းဆုံး (၃၁)ခုရင်ဆိုင် ခဲ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲအပြီးမှာတော့ ဒေါ်နယ်ထရမ့် အတွက် ကံကောင်းခြင်းတွေ တစ်ခုပြီးတစ်ခုဖြစ်လာခဲ့ ပြီး ၎င်းအပေါ်စွဲဆိုထားတဲ့စွဲချက်တွေကို တရားရုံးတချို့က ပြန်လည်ပယ်ဖျက်ပေးခဲ့တာတွေရှိခဲ့ပါတယ်။ 

ဒါ့ပြင် ဇူလိုင် (၁၃)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲအတွင်းပစ်ခတ်လုပ်ကြံခံရမှုဟာ ဒေါ် နယ်ထရမ့်အတွက် ကြီးမားတဲ့အကျိုးအမြတ်များစွာ ရရှိစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာ(၄)ရက်နေ့မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွင်း ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်း ဖြစ်သလို လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိနေချိန်မှာ ဂျိုးဘိုင်ဒန် ဟာ လက်ရှိသမ္မတဆိုတဲ့ လုပ်ပိုင်ခွင့်တွေ ကိုအသုံးပြုပြီး ပြိုင်ဘက်ဒေါ်နယ်ထရမ့် ကိုဖိအားပေး နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ အသက်(၈၁)နှစ်အ ရွယ်ရှိ ဂျိုးဘိုင်ဒန်ဟာ မကြာသေးမီကကျင်းပခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှုမရှိတဲ့အတွက် ဂျိုးဘိုင်ဒန်ရဲ့အသက် အရွယ်နဲ့အတူ စိတ်ပိုင်းဆိုင်ရာအခြေနေတွေနဲ့ ကျန်း မာကြံ့ခိုင်မှုပိုင်းတွေကို မေးခွန်းထုတ်မှုတွေမြင့် တက် လာခဲ့ပါတယ်။ 

ဒီမိုကရက်တစ်ပါတီတာဝန်ရှိသူတွေအပြင် ဒီမိုကရက်တစ်ပါတီကို ငွေကြေးကူညီပေးနေသူ တွေကိုယ်တိုင်က ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းစာရင်းက ပယ်ဖျက်ဖို့ ဖိအားပေးတောင်းဆိုတာတွေရှိ ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်အတွက် ဖိအားတွေ၊ စိန်ခေါ်မှုတွေ ရှိနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ကို ပစ်ခတ်လုပ်ကြံ ဖို့ ကြိုးပမ်းတဲ့ဖြစ်စဉ်ဟာ ဂျိုးဘိုင်ဒန်အတွက် ဖိအားတွေ ထပ်မံဖြစ်လာစေခဲ့ပေမယ့် ဒေါ်နယ်ထရမ့် အတွက်တော့ နိုဝင်ဘာ(၄)ရက်နေ့အတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် တစ်ကျော့ပြန် ရွေးကောက်ခံရဖို့ ကြီးမားတဲ့အကျိုးကျေးဇူးတွေဖြစ်စေခဲ့တယ်လို့ သုံးသပ်တင်ပြ လိုက်ပါတယ်။        



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လျှပ်စစ်မီး(၆)နာရီနီးပါး ပြန်ရနေသော်လည်း ဆန်ကြိတ်ခွဲမှုလုပ်ငန်းများ စိုးရိမ်နေ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved