Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်ဝန်ကြီးချုပ်သစ်နှင့် ၎င်းရင်ဆိုင်ရမည့် စိန်ခေါ်မှုများ (ဘာသာပြန်ဆောင်းပါး)

ALynn (NSS) - ဇူလိုင် ၂ဝ

ယူကေ၏ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ လပေါင်းများစွာကတည်းက ကြိုတင်ဟော ကိန်းများ ထွက်ပေါ်ထားသော်လည်း ဇူလိုင်လ ၄ ရက် ကကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၏ ရလဒ်မှာ အံ့မခန်းပင်ဖြစ်နေသည်။ ယင်းမှာ ကွန်ဆာဗေး တစ်ပါတီ၏ နှစ်ပေါင်း ၁၉၀ သမိုင်းအတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်အဖြစ်ဖော်ပြနေပါသည်။ ကွန်ဆာဗေးတစ်ပါတီသည် ပါလီမန်အမတ်နေရာ ၂၅၀ နှင့် မဲဝေစုတစ်ဝက်နီးပါး ဆုံးရှုံးခဲ့ရသည်။ ယခုနှစ်များအတွင်း ဝန်ကြီးချုပ်ဟောင်းတစ်ဦး (Liz Truss)၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၉ ဦး (ကာကွယ်ရေး၊ ပညာ ရေးနှင့် တရားမျှတမှုဆိုင်ရာ ဝန်ကြီးများ အပါအဝင်) နှင့် အခြားသော ထင်ရှားသည့် ကွန်ဆာဗေးတစ်ခေါင်း ဆောင်များသည် ထင်မှတ်မထားဘဲ ထုတ်ပယ်ခံခဲ့ရသည်။ ဤသည်မှာ ကွန်ဆာဗေးတစ်ပါတီ၏ ကျရှုံး ခန်းအတွက် အရိပ်အယောင်များဖြစ် နေပြီး ယခုအခါ ဝန်ကြီးချုပ်  Rishi Sunak  က ကွန်ဆာဗေးတစ်ပါတီမှ နောက်ဆုံးဝန်ကြီးချုပ် ဖြစ်သွားခဲ့သည်။ 

ကွန်ဆာဗေးတစ်ပါတီ ကျရှုံးရခြင်း၏ အကြောင်းရင်းများမှာ သိသာထင်ရှားနေသည်။ ဥရောပ သမဂ္ဂ မှထွက်ခွာခြင်း၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် သိသိသာသာ ကျဆင်းလာခြင်း၊ အဖွဲ့ အစည်းများ၏ ယိုယွင်းပျက်စီးနေခြင်း၊ တစ်ခါတစ်ရံ ဆိုးရွားလှသော ခေါင်းဆောင်များ၏ အုပ်ချုပ်မှု များဖြင့်လည်ပတ်နေခြင်း၊ အထူးသဖြင့် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန် ဆင်၏ ကိုးယိုးကားယား အုပ်ချုပ်မှုပုံစံများနှင့် ဝန်ကြီး ချုပ်ဟောင်း  Truss ၏ ဆိုးရွားသောစီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် များကြောင့် ကွန်ဆာဗေးတစ်ပါတီ အလျင်အမြန်ကျရှုံးသွားရခြင်းလည်းဖြစ်သည်။

အခြားတစ်ဖက်တွင်မူ လေဘာပါတီခေါင်း ဆောင် Keir Starmer သည် ခန့်မှန်းထားသည့် အတိုင်း အမတ်နေရာ ၄၁၃ နေရာဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပြီး ကွန်ဆာဗေးတစ်တို့၏ ၁၄ နှစ် ကြာအုပ်ချုပ်မှုကို အဆုံးသတ်ခဲ့သည်။ လေဘာပါတီ သည် ၂၀၁၉ ခုနှစ်တုန်းက ဘောရစ်ဂျွန်ဆင်၏ Brexit ကို အပြီးသတ်မည်ဟူသော ဆွဲဆောင်မှုရှိသည့် မဲဆွယ်ကတိတို့ကြောင့် ရှုံးနိမ့်ခဲ့ရဖူးသည်။ သို့ သော် ယခုအခါ လေဘာပါတီက မဲဆန္ဒနယ်အများစု၏ ထောက်ခံမှုကိုပြန်လည်သိမ်းပိုက်လာနိုင်ခဲ့သည်။ စကော့တလန်အမျိုးသားပါတီက ရာစုနှစ် တစ်လျှောက်လုံးအနိုင်ရခဲ့သော စကော့တလန်တွင်လည်း လေဘာပါတီ၏လွှမ်းမိုးမှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ဝေလပြည်နယ်တွင် နေရာ ၃၂ နေရာ အနက် ၂၇ နေရာကိုလည်း အနိုင်ရရှိခဲ့သည်။

အီတလီနှင့် ပြင်သစ်တို့မှသည် နယ်သာလန်နှင့် ဆွီဒင်တို့အထိ ဥရောပဒီမိုကရေစီနိုင်ငံအများစု တွင် လက်ယာစွန်းဘက်သို့ လမ်းကြောင်းပြောင်းသွားသော်လည်း ယူကေတွင် ဗဟိုလက်ဝဲယိမ်းပါတီ ဖြစ်သည့် လေဘာပါတီက အနိုင်ရရှိခဲ့သောကြောင့် အနည်းငယ် စိတ်သက်သာရာရစရာဖြစ်နေသည်။ လေဘာပါတီကို ဦးဆောင်သော Starmer သည် ဆွဲဆောင်မှုမရှိသော်လည်း လက်တွေ့ကျသူဖြစ်သည်။ ယခုအခါ Starmer  သည် အာဏာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနိုင်သော်လည်း ရှေ့ဆက် လျှောက်မည့်လမ်းမှာ အခက်အခဲများစွာရှိနေသေးသည်။ တိုင်းပြည်ကို ဆုတ်ယုတ်သွားစေသော လူမှုရေးနှင့် နိုင်ငံရေးအခြေခံအုတ်မြစ်များကို ပြန်လည်တည်ဆောက်ရန် လိုအပ်လိမ့်မည်။ ထို့ပြင် အကြီးမားဆုံး အကျပ်အတည်း ဖြစ်သည့် Brexit ၏ နောက်ဆက်တွဲ စီးပွား‌ရေးနှေးကွေးမှုကို Starmer အနေဖြင့် အရေးတယူဖြေရှင်းရန် လိုအပ်မည်ဖြစ်သည်။ လူနေမှုအဆင့်အတန်းမှာ ထိတ်လန့် တုန်လှုပ်  ဖွယ်ကောင်းလောက်အောင် ကျဆင်းနေပြီး လူတန်းစားအလွှာကွဲပြားခြားနားမှု အကြီးအကျယ်ဖြစ် လာကာ အင်္ဂလန်တောင်ပိုင်းနှင့် အခြားသော ယူကေ၏အစိတ်အပိုင်းများကြား ကွာဟ ချက်မှာ မြင့်မား လာခဲ့သည်။ ပြည်သူ့ဝန်ဆောင်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပြိုလဲလာသည်နှင့်အမျှ ဗြိတိသျှတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာအချို့ကို ဖျက်ဆီးရန် ခြိမ်းခြောက်လာနေသည်။

အစိုးရ၏အခြေခံစနစ်များတွင် အဆင့်ဆင့် ပြုပြင်ပြောင်းလဲမှုများမရှိဘဲ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ငှာ မစွမ်းသာပါ။ ပြည်သူ့ဝန်ဆောင်မှုများကို ဖြည့်ဆည်းရန်နှင့် ရင်းနှီးမြှုပ်နှံမှုတွင် လိုငွေ ပြမှုများကိုဖြည့်တင်းရန် လိုအပ်သည့်အခွန်ဘဏ္ဍာငွေ မြှင့်တင်ရေးအတွက် အခွန်တိုးမြှင့်မှုကို ရှောင်ရှား လိုသော်လည်း ကွန်ဆာဗေးတစ်များက ချမှတ်ထားသော ဘဏ္ဍာရေးကန့်သတ်ချက်များအတိုင်း လေဘာ ပါတီ က လက်ခံကျင့်သုံးသွားမည်ဖြစ်သည်။ နိုင်ငံအတွင်းတွင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အ တည်းများကို တစ်ပြိုင်တည်းခံစားနေရသောကြောင့် ခေါင်းဆောင်သစ်အနေဖြင့် လုံးဝပြုပြင်ပြောင်းလဲ ရေးထက် အကျပ်အတည်း စီမံခန့်ခွဲမှုအပိုင်းကို ဦးစားပေး၍ လုပ်ဆောင်သွားနိုင်ခြေရှိနေသည်။

လေဘာပါတီ၏ မဲဆွယ်စည်းရုံးမှုတွင် ထင်ရှားသောအရာတစ်ခုမှာ ပါတီ၏ စည်းရုံးပြောဆိုမှုများ ထဲတွင်  Brexit  အကြောင်း လုံးဝမပါဝင်ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ Brexit  နှင့်ပတ်သက်၍ နှုတ်ဆိတ်နေခြင်းသည် ပညာရှိဆန်သောလုပ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းမှာ မဲဆန္ဒရှင် ၁၃ ရာခိုင်နှုန်းသည် အီးယူနှင့်ဆက်နွှယ်နေသောကိစ္စရပ်များကို နိုင်ငံရင်ဆိုင်နေရသည့် အရေးအကြီးဆုံး ပြဿနာများထဲမှ တစ်ခုအဖြစ် ရှုမြင်နေကြခြင်းကြောင့်ဖြစ်သည်။ ၂၀၁၆ Brexit  ဆန္ဒခံယူပွဲ၌ ဘောရစ် ဂျွန်ဆင်နှင့် ၎င်း၏ကွန်ဆာဗေးတစ်အပေါင်းအပါများက အီးယူမှ ခွဲထွက်ပြီး “ ကြီးမြတ်သောဗြိတိန် ”အဖြစ်သို့ ပြန်လည်ရောက်ရှိစေရမည်ဟုကြွေးကြော်ကာ မဲဆန္ဒရှင်အများစုကို ဆွဲဆောင်ခဲ့သည်။ သို့ သော် ထိုအမြင်သည် ဗြိတိန်၏လွှမ်းမိုးနိုင်စွမ်းကို ယခင်ကထက် ပိုမိုသေးသိမ်အောင် ဖန်တီးလိုက်သလို ဖြစ်သွားခဲ့သည်။ ထိုအမြင်မှာ ရူးသွပ်သည်ဟုထင်ရသော်လည်း ထိုအချိန်က ပြန်လည်နိုးကြားလာသော အင်္ဂလိပ်အမျိုးသားရေးဝါဒက ဗြိတိန်အား အီးယူမှ နုတ်ထွက်ရန် တွန်းအားပေးခဲ့သည်။ ထို့ကြောင့်လည်း ဤအဆိုပြုချက်က ဘောရစ်ဂျွန်ဆင်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိစေခဲ့ပြီး ကွန်ဆာဗေးတစ်ပါတီကို ပါလီမန်အမတ်အများစုရ ရှိစေခဲ့ခြင်းလည်းဖြစ်သည်။

Brexit  ၏ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ဗြိတိန်၏ ကုန်စည် တင်ပို့မှုတွင် ကျဆင်းလာသည်ကိုတွေ့ရှိရပြီး နှစ်စဉ် ၁ ဒသမ ၁ ရာခိုင်နှုန်းလောက်သာ တိုးတက်ခဲ့ ကြောင်း တွေ့ရသည်။ ယင်းမှာ ဗြိတိန်အနေဖြင့် ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသော ဈေးကွက်ကိုစွန့်ခွာ ရန်ရွေးချယ်ခြင်း၏ အကျိုးဆက်များပင်ဖြစ်သည်။ ဗြိတိန်အနေဖြင့်  Brexit  မတိုင်မီကအတိုင်း ဈေး ကွက်ကို ထိန်းသိမ်းထားနိုင်မည်ဆိုပါက ၎င်း၏ပို့ကုန်သည် ၂၀၁၉ နှင့် ၂၀၂၂ ခုနှစ်ကြားတွင် ယခုလို ဒေါ်လာ ၄ ဘီလျံလောက် အထိကျုံ့သွားမည့်အစား ဒေါ်လာ ၆၄ ဘီလျံအထိ တိုးတက်လာမည် ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

ယခုအခါ Starmer သည် တိုင်းပြည်၏ စီးပွားရေးအကျပ်အတည်းများကိုဖြေရှင်းနိုင်ရန်အလို့ငှာ အီးယူအဖွဲ့နှင့် ဆက်စပ်နေသောပြဿနာများကို ဦးစွာရင်ဆိုင်ရတော့မည်ဖြစ်သည်။ လေဘာပါတီ အနေဖြင့် ပထမဦးစွာ အရေးပေါ် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍကိုမြှင့်တင်ရန် လိုအပ်သည်။ ခက်သည်မှာ ဗြိတိန်ဈေးကွက်အနေဖြင့် ကျန်ကမ္ဘာ့အစိတ်အပိုင်းများနှင့် ကုန်သွယ်မှုကဏ္ဍမှာ မဖွံ့ဖြိုးသောကြောင့် ဗြိတိန်သည် ၂၀၁၉ ခုနှစ်ကတည်းက ဥရောပဈေးကွက်များကိုသာ မှီခိုလာခဲ့ရသည်။ ထို့ကြောင့် အစိုးရ သည် အီးယူနှင့် ၎င်း၏ကုန်သွယ်မှုအတွက် ထိခိုက်စေသည့်အရာများကို ပြန်လည်ကုစားရန်လိုအပ် သည်။  Starmer သည် ဤအခြေအနေကို သိရှိနားလည်းပြီးဖြစ်သော်လည်း လက်တွေ့တွင် ဗြိတိန်အား အီးယူ၏ဈေးကွက် သို့မဟုတ် ၎င်း၏ အကောက်ခွန် သမဂ္ဂသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေခြင်း ထက် အခြားသောနည်းလမ်းများကို ပြောင်းလဲကျင့်သုံးဖို့ အသေအချာစဉ်းစားရဦးမည်ဖြစ်သည်။

Starmer အနေဖြင့် အာဏာနှင့် သာယာဝပြောရေးအကြား ခိုင်မာသောချိတ်ဆက်မှုအဖြစ် ယူကေ ပြည်ထောင်စု၏ စည်းလုံးညီညွတ်မှုကိုလည်း ထိန်းသိမ်းထားဖို့လိုအပ်မည်ဖြစ်သည်။ ယေဘုယျအားဖြင့် အင်္ဂလန်မြောက်ပိုင်းဒေသ၊ စကော့တလန်၊ ဝေလ နယ်နှင့် မြောက်အိုင်ယာလန်တို့သည် ပြည်ထောင်စု ၏ အဆင်းရဲဆုံးအစိတ်အပိုင်းများဖြစ်နေသည်။ ထိုကဲ့သို့ လူတန်းစားအလွှာ ကွာခြားချက်များမှတစ်ဆင့် ပြည်ထောင်စုအပေါ် မကျေနပ်ချက်များသည် ခွဲထွက်ရေးလမ်းကြောင်းများဆီသို့ ကူးပြောင်းသွားနိုင်ခြေ ရှိသည်။ ထိုကွာဟချက်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် လန်ဒန်ရှိ တစ်ဦးချင်း GDP သည် (၇၃ဝဝဝ) ဒေါ်လာဖြစ်ပြီး (၃၈ဝဝဝ) ဒေါ်လာသာ ရှိသော စကော့တလန်နှင့် အင်္ဂလန် အရှေ့ပိုင်းတို့ထက် ၉၀ ရာခိုင်နှုန်းနီးပါးမြင့်မားနေသည်။ ဝန်ဆောင် မှုစီးပွားရေးကို ဆက်လက်မြင့်မားအောင် ပြုလုပ်နေချိန်တွင် Brexit ကြောင့်ထုတ်ကုန်တင်ပို့မှုအပိုင်းတွင် ကျဆင်းနေခြင်းက ဒေသတွင်းမညီမျှမှုများကို ပိုမိုဆိုးရွားလာစေသည်။ အင်္ဂလန်နိုင်ငံအတွင်း၌ အရှေ့ တောင်နှင့် မြောက်ဘက်အကြား ချမ်းသာကြွယ်ဝမှု ကွာဟချက်သည် ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦး လျှင်(၂၉၀ဝဝဝ) ဒေါ်လာသို့ရောက်ရှိသွားနိုင်သည်ဟု မျှော်မှန်းထားကြသည်။

Starmer အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပြည်သူလူထု စိတ်ကျေနပ်လောက် အောင် မစွမ်းဆောင်နိုင်ပါက အမျိုးသားရေးဝါဒက တစ်ဖန် နိုးကြားလာနိုင်ပြီး ပြည်ထောင်စုအတွင်း ကြုံတွေ့နေရသော အကျပ်အတည်းများသည်လည်း ဝရုန်းသုန်းကားအခြေအနေသို့ ဦးတည်သွားနိုင် သည်။ ထို့နောက် လက်ယာစွန်းများ၏ ရှေးရိုးစွဲအမျိုးသား‌ရေး ဝါဒများက တစ်ဖန်ခေါင်းထောင် လာရုံ သာမက ဗြိတိန်အား ဥရောပတွင် တစ်သီးတသန့်ဖြစ်အောင်ပင် အကျိုးဆက်များဖြစ်ပေါ်လာနိုင်ပါသည်။ ထိုကဲ့သို့ လက်ယာယိမ်းနိုင်ငံရေးဖြစ်စဉ်များသည် စကော့တလန်၊ မြောက်အိုင်ယာလန်နှင့် ဝေလနယ် တို့အား ခွဲထွက်ရေးဆီသို့လည်းကူးပြောင်းသွားစေနိုင်သည်။ သို့ဖြစ်ပါသောကြောင့် ဗဟိုလက်ဝဲယိမ်းများ ရွေးကောက်ပွဲတွင် တစ်ဖန်ပြန်လည်အနိုင်ရရှိလာခြင်းက ယူကေအား ပြန်လည်ကယ်တင်ရန်အတွက် အခွင့်အရေးပေးလာသလို ဖြစ်နေသည်။ အီးယူမှ နုတ်ထွက်ပြီးကတည်းက စီးပွားရေး၊ လူမှုရေးဆိုင်ရာ အဘက်ဘက်မှပြိုလဲလာခဲ့သလို ထိုအချိန်ကတည်းက အစဉ်အဆက် အာဏာရလာသော ခေါင်းဆောင် များသည်လည်း ယင်းအကျပ်အတည်းများကို မဖြေရှင်းနိုင်သည့်အပြင် ပိုမိုဆိုးရွားစေသည့် အခြေအနေ များကိုသာဖန်တီးခဲ့ကြသည်။ Starmer က ၎င်းအနေဖြင့် လေဘာပါတီက အာဏာကိုဆုပ်ကိုင်လာနိုင်ပြီ ဖြစ်သည့်အတွက် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရဲရဲဝံ့ဝံ့လုပ်ဆောင်သွားနိုင်တော့ မည်ဟု ကြွေးကြော်ထားသည်။ ၎င်း၏ အပြောနှင့် တကယ့်လက်တွေ့လုပ်ရပ် တစ်ထပ်တည်းကျ/ မကျ ကိုမူ ယခုအချိန်တွင် ဝေဖန်သုံးသပ်ဖို့ စောနေလွန်းပြီး ဗြိတိန်ကို တစ်ချိန်ကလို ခမ်းနားကြီးကျယ်ပြီး ဩဇာလွှမ်းမိုးနိုင်သည့် အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ကြမည့် လေဘာပါတီ၏ လုပ်ရပ် များကိုမူ ဆက်စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း  ရေးသားလိုက်ရသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေအိမ်တွင် တစ်ဦးတည်းနေထိုင်သော အသက်(၆၀)ကျော်အရွယ်အမျိုးသမီးတစ်ဦး ဓားထိုးခံရ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved