Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အခြားနိုင်ငံများအတွက် စံပြုဖွယ်ဖြစ်လာနေပြီလား (ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး (NSS) - ဇူလိုင် ၁၉

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် မကြာသေးမီက ၎င်း၏ တတိယမြောက် ဝန်ကြီးချုပ်သက်တမ်းအ တွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည်လည်း မကြာသေး မီကပင် သူ၏ စတုတ္ထမြောက်ဝန်ကြီးချုပ်သက်တမ်းအတွက် အနိုင်ရရှိထားခဲ့သူဖြစ်သည်။ ဝန်ကြီးချုပ် နှစ်ဦးတို့၏ ရှိရင်းစွဲဆက်ဆံရေးအရရော၊ နှစ်နိုင်ငံနီးစပ်မှု သမိုင်းကြောင်းအရပါ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးမှာ ခိုင်မာသည့်ဆက်ဆံရေးအဖြစ် ဆက်လက်ရှိနေမည်မှာသေချာသည်။ နှစ်နိုင်ငံ ဆက်ဆံ ရေးမှာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုကျော်လွန်သည့် အချုပ်အခြာအာဏာ၊ တန်းတူ ရည်တူရှိမှု၊ ယုံကြည်မှုနှင့် နားလည်မှုတို့အပေါ်တွင်အခြေခံသော နယ်ပယ်စုံ မိတ်ဖက်ဖြစ်မှု ဟုလည်း ဆိုနိုင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒတွင် အရေးကြီးနေရာ၌ တည်ရှိသည်။ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့သည် နှစ်နိုင်ငံကြားတွင် သမိုင်းကြောင်းအရရော၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအရပါ နက်နက်ရှိုင်းရှိုင်းဆက်နွှယ်မှုများရှိသည်။ ဘင်္ဂလား ဒေ့ရှ်ဝန်ကြီး ချုပ်ရှိတ်ဟာစီနာသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက် နေ့မှ ၂၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ၎င်းတို့၏ ဝန်ကြီးချုပ် သက်တမ်း သစ်အဖြစ်(၅)နှစ်တာဝန် ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆက်လက်တည်ဆောက်ရန် ရည်ရွယ်ထားကြပုံရသည်။ 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတုတ္ထမြောက် စတင် တာဝန်ထမ်းဆောင်ချိန်မှစ၍ အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့ သည်။ အခြားတောင်အာရှနိုင်ငံများ၊ အိန္ဒိယသမုဒ္ဒရာဒေသ ခေါင်းဆောင်များသည် ဝန်ကြီးချုပ်မိုဒီအား ၎င်းတို့၏ နိုင်ငံအသီးသီးဆီ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။ ထိုအချိန်တွင် အိန္ဒိယဝန်ကြီး ချုပ် မိုဒီသည်  ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအား ပထမဆုံး နိုင်ငံတော် ဧည့်သည်တော်အဖြစ် ဖိတ်ခေါ် ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီသည် ယခင်သက်တမ်း နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့စဉ်က တည်ရှိခဲ့သောပုံစံများနှင့်ခွဲထွက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် နိပေါနိုင်ငံ သို့ သွားရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မော်လ်ဒိုက်နှင့် သီရိလင်္ကာနိုင်ငံသို့သွားရောက်ခဲ့သည်။

ဝန်ကြီးချုပ်မိုဒီ၏ လက်ရှိအရွေ့သည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒအရ ဘင်္ဂလား ဒေ့ရှ် နှင့်ဆက်ဆံရေးအပေါ်တွင် အလေးထားကြောင်း ပြသခြင်းလည်းဖြစ်သည်။ နှစ်ဖက် ပူးတွဲကြေညာ ချက် ထုတ်ပြန်ပွဲအခမ်းအနားတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း ဦးစားပေး မူဝါဒ၊ Act East Policy? အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု(Vision Sagar) နှင့် အင်ဒိုပစိဖိတ်မျှော်မှန်းချက် အကောင်အထည်ဖော်ရမည့် စက်ဝန်းအတွင်းတွင်ရှိနေကြောင်း ဝန်ကြီးချုပ်မိုဒီကပြောကြားခဲ့သည်။ အလားတူ အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ အရေးပါသည့် အိမ်နီးချင်းနိုင်ငံ၊ ယုံကြည်ရသည့်မိတ်ဆွေနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ နှင့်ဆက်ဆံရေးအပေါ် အလေးအနက် တန်ဖိုးထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲကာလ အတွင်း အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြသည့် ကျဆုံးသူရဲကောင်းများအား အလေးအမြတ်ပြုကြောင်းလည်း ပြောဆိုခဲ့သည်။ 

    ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး ဖွံ့ဖြိုးရေးမိတ်ဖက်ဖြစ်ပြီး လွန်ခဲ့သည့် ရှစ်နှစ် တာကာလအတွင်း အိန္ဒိယနိုင်ငံမှချေးငွေ အမေရိကန် ဒေါ်လာ ၈ ဘီလျံ လက်ခံရရှိခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အခြေခံအဆောက်အအုံစီမံချက်များအတွက်လည်း ချေးငွေ အကူအညီများ ထောက်ပံ့ပေးခဲ့သည်။ အိန္ဒိယနိုင်ငံသည် ဘင်္လားဒေ့ရှ်နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် လည်း အများဆုံးရင်းနှီးမြှုပ်နှံထားသူဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိပေါနိုင်ငံပြီးလျှင် အိန္ဒိယနိုင်ငံမှ ရေနံပိုက်လိုင်းနှင့်ချိတ်ဆက်သည့် ဒုတိယမြောက်  SAARC(South Asian Association for Regional Cooperation) နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် တရုတ်နိုင်ငံသို့မသွားမီ တစ်လပင်မလိုတော့သည့် အချိန်တွင် အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ခြင်းဖြစ်ရာ အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးအပေါ် မည်မျှ အလေး ထားသည်ကို ဖော်ပြနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teesta မြစ်ပေါ်တွင် ရေ ကြောင်း ထိန်းသိမ်းရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်ရည်မှန်းထားသည်။ တရုတ်နိုင်ငံသည်  Teesta မြစ်ပေါ်တွင်ဆောင်ရွက်မည့် ရေကြောင်း ထိန်းသိမ်းရေးစီမံကိန်းကို လက်တွေ့တိုင်းတာသည့် စစ်တမ်းတစ်ခု အောင်မြင်စွာပြီးစီးသွားချိန်တွင် အိန္ဒိယနိုင်ငံကလည်း Teesta မြစ်ပေါ်တွင်ပင် အလားတူ စီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်ရေးအတွက် လေ့လာမှုတစ်ခုပြုလုပ်လိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်းတွင်လည်း အဆိုပါကိစ္စ အပေါ် ဆွေးနွေးခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် Teesta မြစ်ရေ မျှဝေသုံးစွဲမှုနှင့်ပတ်သက်၍ အိန္ဒိယ နိုင်ငံနှင့် ကာလရှည်ပြဿနာတစ်ရပ် အဖြစ်တည်ရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် Teesta မြစ်ပေါ်တွင် စီမံကိန်းတစ်ခုဆောင်ရွက်လိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အခက်အခဲမရှိကြောင်း၊  Teesta မြစ်ရေ ကို အမြဲတမ်း မျှဝေသုံးစွဲမှု နှင့်ပတ်သက်၍မူ ဆွေးနွေးရန်ပင်မလိုအပ်ကြောင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာ က သူ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အပြီး သတင်းမီဒီယာတစ်နှင့်တွေ့ဆုံမေးမြန်း ခန်းတွင်ပြောဆိုသွားခဲ့သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းတွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ ဆိပ်ကမ်းများ၊ ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံရန်လည်း တိုက်တွန်းခဲ့သည်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အဝါမီလိပါတီ သည် ၂၀ဝ၉ ခုနှစ် အာဏာရရှိချိန်မှစ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံအား အကာအကွယ်ယူထားသည့် အိန္ဒိယ စစ်သွေးကြွအုပ်စု များနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ၏ စိုးရိမ်မှုကိုဖြေရှင်းနိုင်ရန် တစ်စိုက်မတ်မတ်ကြိုးပမ်းခဲ့သည်။ ပြင်ပဖိအားများရှိနေသည့်တိုင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အိန္ဒိယခရီးစဉ်သည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြားတွင် ခိုင်မာသည့်နိုင်ငံရေး နှင့်မဟာဗျူဟာမြောက်ဆက်ဆံရေးရှိနေကြောင်း သက်သေထူနေသည့်အချက်ဖြစ်သည်။ 

ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ အိန္ဒိယခရီးစဉ်သည် နှစ်နိုင်ငံလုံးအတွက်အကျိုးရှိစေခဲ့သည့် ခရီးစဉ် တစ်ခု ဖြစ်ပြီး နားလည်မှုစာချွန်လွှာ(၁၀)စောင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အဆိုပါ နားလည်မှုစာချွန် လွှာတွင် လမ်းပန်းဆက်သွယ်မှု၊ စီးပွားရေး၊ စွမ်းအင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကာကွယ် ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်။ နှစ် နိုင်ငံတို့သည် ပုံမှန်ထုတ်နေကျ joint statement ထုတ်ရမည့်အစား vision statement  ကို ထုတ်ပြန်ခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် လမ်းပန်း ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကြောင့် ရရှိလာမည့် ဒေသတွင်းနှင့် အိမ်နီးချင်းနှစ်နိုင်ငံတို့၏ ဖွံ့ဖြိုးရေး၊ ကြွယ်ဝချမ်းသာမှု နှင့် ငြိမ်းချမ်းရေးအတွက် မျှော်မှန်းချက်များ ကိုလည်း မျှဝေခဲ့ကြသည်။ vision statement  တွင် နှစ်နိုင်ငံ ပြည်သူများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လျင်မြန် ချောမွေ့စွာ စီးဆင်းနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ နှင့် ဘက်စုံ သယ်ယူပို့ဆောင်ရေးတို့ကိုလွှမ်းခြုံသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချိတ်ဆက်မှုများမြှင့်တင်ရေးကို လည်း ကတိကဝတ်ပြုခဲ့ကြသည်။ ထို့ပြင် စွမ်းအင်နှင့် ဒီဂျစ်တယ် ဆိုင်ရာ ချိတ်ဆက်မှုတို့လည်းပါဝင် သည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံပြည်သူများအား အကျိုးရှိအောင် ဆောင်ကြဉ်းပေးရာတွင် ခေတ်မီ နည်းပညာတို့၏ အရေးပါသည့်အခန်းကဏ္ဍကိုပါ မျှော်မှန်းလျာထားခဲ့ကြသည်။ ခေါင်းဆောင် နှစ်ဦး တို့သည်  Shared Vision for India-Bangladesh Digital Partnership and Shared Vision for India -Bangladesh Green Partnership for a Sustainable Future တို့ကနေတစ်ဆင့် မိတ်ဖက် ဖြစ် အောင် ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြသည်။ အဆိုပါမျှော်မှန်းချက်များသည် အိန္ဒိယနိုင်ငံ၏ Viksit Bharat ၂၀၄၇ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏  Smart Bangladesh Vision ၂၀၄၁ တို့နှင့် လည်း လိုက်လျောညီထွေမှုရှိသည်။ 

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်တစ်နိုင်ငံအဖြစ်  Indo-Pacific Oceans Initiative တွင်ပါဝင်ကြောင်း ကြေညာခဲ့သည်။ နှစ်နိုင်ငံတို့သည် လွတ်လပ်သော၊ ပွင့်လင်းသော၊ အားလုံး ပါဝင်သော၊ လုံခြုံပြီး စည်းမျဉ်းအခြေပြုသည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေရေးအတွက် ကတိပြု ကြောင်းလည်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။ ပြည်ဝင်ဗီဇာကိစ္စမှာလည်း ပြည်သူအချင်းချင်း ဆက် ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အိန္ဒိယအစိုးရကလည်း ဆေးဝါးကုသရန်အတွက် အိန္ဒိယနိုင်ငံသို့ လာရောက်သည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို e-Medical visa  သက်တမ်းတိုးပေးကြောင်းကြေညာခဲ့သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကာကွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်လည်း ကြိုးပမ်းနေကြသည်။ ထို့ပြင် ရေကြောင်းလုံခြုံရေး၊ သမုဒ္ဒရာကိုအခြေခံသည့် စီးပွားရေး၊ အာကာသနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင် ရွက်မှုတိုးချဲ့ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်။ တရုတ်နိုင်ငံ သည် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဓိကလိုအပ်သည့်ကုန်ကြမ်းအများစုမှာ တရုတ်နိုင်ငံမှရရှိသည်။ တရုတ်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးတစ်ရပ်ရှိနေစေရေး ထိန်းသိမ်းရခြင်း သည် အိန္ဒိယ၊ အမေရိကန်နိုင်ငံတို့နှင့် သံတမန်ရေးနှင့်ကုန်သွယ်မှုဆက်ဆံရေး ဟန်ချက်ညီရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်လုပ် ငန်းသည် နိုင်ငံခြားငွေ(၈၀)ရာခိုင်နှုန်းကျော်ရရှိနေပြီး ကုန်ကြမ်းရရှိမှုမှာ တရုတ်နိုင်ငံအပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။ 

အိန္ဒိယနိုင်ငံဘက်အမြင်ဖြင့် ကြည့်ပါက ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဖွံ့ဖြိုးလိုသည့်ဆန္ဒများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပုံရသည်။ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံ ဆက်ဆံရေးတွင် နားလည်မှုလွဲစေနိုင်သည့် ပြင်ပအင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို ကန့်သတ် လိုခြင်းလည်းဖြစ်သည်။ အလားတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများ၏ ဖွံ့ဖြိုးရေးအ ကူအညီယူရာတွင် သတိကြီးစွာ ထိတွေ့ဆက်ဆံခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက် ထိလွယ် ရှလွယ်ကိစ္စများကို ထည့်သွင်းစဉ်းစားကြောင်း ထင်ရှားအောင်ပြသခဲ့ခြင်းပင်ဖြစ်သည်။ တစ်နိုင်ငံ၏ ထိလွယ်ရှလွယ်ကိစ္စများကို တစ်နိုင်ငံက စဉ်ဆက်မပြတ်အသိအမှတ်ပြုထားခြင်းသည် နှစ်နိုင်ငံဆက် ဆံရေး၏အနာဂတ်အတွက် အလွန်အရေးကြီးသည်။ မည်သို့ပင်ဖြစ်စေ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ အိန္ဒိယ ခရီးစဉ်သည် ဒေသတွင်း တည်ငြိမ်ရေး၊ သာတူညီမျှ ကြွယ်ဝချမ်းသာရေးအတွက် လက်တွဲလုပ် ဆောင်ခြင်း နှင့် ခိုင်မာသည့်ဆက်ဆံရေးဖြစ်လာစေရန် အပြန်အလှန် ကတိကဝတ်ပြုမှုများ ရရှိစေခဲ့ခြင်း သည် သိသာထင်ရှားသည့်ရလဒ်တစ်ခုဖြစ်သည်။ အိန္ဒိယ-ဘင်္ဂ လားဒေ့ရှ်ဆက်ဆံရေးကာ အစဉ်တစိုက် ချောမွေ့နေခြင်းမျိုးကား မဟုတ်ပါ။  Teesta မြစ်ရေခွဲဝေသုံးစွဲရေးသဘောတူညီမှုမှာ အဆုံးမသတ် နိုင်သေးပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေသည့် လူဝင်မှုကိစ္စမှာလည်း နှစ်နိုင်ငံ ဆက်ဆံရေးတွင် နှစ်ပေါင်းများစွာ အဖုအထစ်ဖြစ်နေသည့်ကိစ္စတစ်ရပ် ဖြစ်သည်။ 

  သို့သော် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကိုလည်း လျစ်လျူရှုထား၍မရနိုင်ပါ။ ဝန်ကြီးချုပ်မိုဒီနှင့် ရှိတ်ဟာစီနာတို့သည် ၎င်းတို့၏ နှစ်နိုင်ငံပြည်သူများအ တွက် သိသာထင်ရှားသည့်ရလဒ်များ ထွက်လာစေရန် အာရုံစိုက်ဆောင်ရွက်နေကြသည်။ အပြန်အလှန် လေးစားမှု၊ အပြန်အလှန်အကျိုးစီးပွားကြည့်မှုနှင့် အပြန်အလှန်ငဲ့ညှာမှုတို့အပေါ် အခြေခံသည့် အိမ်နီး ချင်းနှစ်နိုင်ငံကြားမိတ်ဖက်ဖြစ်မှုသည် အခြားနိုင်ငံများအတွက် စံပြုဖွယ်ရာတစ်ခုဖြစ်လာနေသည်ဟု ဆိုပါက လွန်ရာကျမည်လား မပြောတတ်ပါ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပခုက္ကူမြို့နယ်အတွင်း၌ ပရဟိတကားများနှင့် PDF များ အချိတ်အဆက်ရှိနေပြီး တစ်ဖက်လှည့်နည်းဖြင့် ကူညီမှုများရှိနေကြောင်း သတင်းထွက်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved