နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် ကား(၂)စီးကို ကားတစ်စီးကနောက်မှဝင်တိုက်မိရာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ(၈)ဦးဒဏ်ရာရ

သန့်ဇင် (NSS) - ဇူလိုင် ၁၆
နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ရပ်ထားသည့် Light Truck ကား(၂) စီးကို ကားတစ်စီးကနောက်မှဝင်တိုက်မိရာ တစ်ဦးပွဲချင်းပြီးသေဆုံးကာ (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည့် ယနေ့(ဇူလိုင်လ ၁၆ ရက်)၊ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်က နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၁)နှင့် (၇၈/၂)ကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက Light Truck (၂)စီးက ရပ်ထားတာကို နောက်ကနေပြီး Nissan Condor ကဝင်တိုက်တာ။ Light Truck တွေကလည်း ယာဉ်မရပ်ရနေရာမှာ အမြန်လမ်းပေါ်မေးတင်ပြီးရပ်ထားတာမှာ အနောက်က ကားကဝင်တိုက် တာပါ။ မိုးလည်းရွာထားတော့ အရှိန်လည်း မထိန်းနိုင်ဖြစ်သွားတာလည်းပါမှာပါ”ဟု ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Light Truck ကားပေါ်ရှိ အသက် (၃၀) နှစ်ဝန်းကျင်အရွယ် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၂)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“Light Truck ယာဉ်မောင်းတစ်ယောက်ကပွဲချင်းပြီးဆုံးတယ်။ Light Truck က အမျိုးသမီး(၂)ဦးက စိုးရိမ်ရတယ်။ ကျန်တဲ့ကျား(၆)ယောက်လည်း ထိခိုက်ဒဏ်ရာတွေရတယ်။ အဲဒီနားက ယာဉ်တိုက်မှုဖြစ်တယ်။ ကုန်းလည်းမက်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို မြို့ချောင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့သို့ ဝင်ရောက်ခိုလှုံသည့် စစ်ရှောင်ပြည်သူအချို့ အိမ်ငှားခဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို ရင်ဆိုင်နေကြရ
RELATED POSTS
14 Mar 2025 | မှုခင်း,နိုင်ငံတကာ
26 Nov 2024 | မှုခင်း,ပြည်တွင်း
26 Nov 2024 | မှုခင်း,ပြည်တွင်း