Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန္တလေးမြို့သို့ ဝင်ရောက်ခိုလှုံသည့် စစ်ရှောင်ပြည်သူအချို့ အိမ်ငှားခဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို ရင်ဆိုင်နေကြရ

သန့်ဇင် (NSS) - ဇူလိုင် ၁၆

မန္တလေးမြို့သို့ဝင်ရောက်ခိုလှုံသည့် စစ်ရှောင်ပြည်သူအချို့ အိမ်ငှားခဈေးနှုန်းကြီးမြင့်ခြင်း ဒဏ်ကို ရင်ဆိုင်နေကြရကြောင်း စစ်ရှောင်ပြည်သူများအား လိုက်လံကူညီပေးနေသည့် မန္တလေးမြို့ခံတစ်ဦးက NSS သို့ပြောသည်။


MNDAA နှင့် TNLA အဖွဲ့က နောင်ချိုမြို့၊ ကျောက်မဲမြို့ နှင့် မိုးကုတ်မြို့တို့တွင် တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့သည့်အပြင် လားရှိုးမြို့နှင့်အနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရာတွင် စစ်ဘေးရှောင်အများအပြား သည် ၎င်းတို့အတွက် ဘေးကင်းမည်ဟု ယူဆသော မန္တလေးမြို့သို့ ဦးတည်တိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။

အလားတူစစ်ဘေးရှောင်ပြည်သူများသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းနှင့် မန္တလေးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဘေးကင်းသောနေရာအသီးသီးသို့ တိမ်းရှောင်နေကြရ ကြောင်းသိရသည်။ “ နေရာဒေသအသီးသီးကနေ စစ်ဘေးရှောင်လာတဲ့လူတွေထဲမှာ တချို့က အိမ်ငှား ဖို့ကို တော်တော်ကိုအခက်အခဲဖြစ်နေကြတာဗျ။ အဲဒါကြောင့် ဘုန်းကြီးကျောင်းတွေမှာတောင် ပြည့်နေ ကြပြီ။ ဘုန်းကြီးကျောင်းတွေမှာ ဆိုရင်လည်း အလွှာပေါင်းစုံကနေလာနေကြတာ။ တချို့ကလည်း သူတို့ နဲ့ ရင်းနှီးတဲ့ ဘုန်းကြီးကျောင်းလေးမှာ သွားပြီးနေကြတာတို့ တချို့ကလည်း စစ်ဘေးသာ ရှောင်လာကြတာ ပိုက်ဆံကလည်း မပါကြဘူးပေါ့။ အိမ်ငှားရမယ်ဆိုရင် တစ်လချင်းပေးလေးတွေနဲ့ အိမ်ရှင်တွေက ငှားရင် အဆင်ပြေကြတယ်။ ပါလာတဲ့ရွှေတိုငွေစလေးတွေ ရောင်းပြီး (၃)လလောက် တော့ကြိတ်မှိတ်ပြီးနေကြမယ်ပေါ့။ အဲဒါကိုမှ အိမ်ရှင်တချို့က ကောင်းပေမယ့် တချို့အိမ်ရှင်တွေက ပွဲစားတွေနဲ့လုပ်စားကြတာလည်း အများကြီးပါပဲ။ ပွဲစားတွေကလည်း ပွဲစားခ မရရင် လုပ်မပေးချင် ကြဘူး” ဟု စစ်ရှောင်ပြည်သူများအား လိုက်လံကူညီပေးနေသည့် မန္တလေးမြို့ခံတစ်ဦး ကပြောသည်။

ထို့ပြင် မန္တလေးမြို့၌ အိမ်ငှားရာတွင် ယခင်က လုံးချင်းအိမ်တစ်လုံးအတွက် ငှားရမ်းခမှာ တစ်လလျှင် ငွေကျပ်(၁၇၀ဝဝဝ)ပေးရပြီး လက်ရှိတွင်  ဈေးနှုန်း နှစ်ဆခန့်တက်သွားသည့်အပြင် ၃လ (သို့မဟုတ်) ၆ လစာချုပ်ချုပ်ဆိုမှသာ ငှားရမ်းပေးမည့် အိမ်ရှင်များလည်းရှိကြောင်း သိရသည်။

“ အိမ်ငှားခ ဈေးတင်တောင်းတာကလည်းရှိတယ်။ မန္တလေးမှာက အရင်တည်းက အိမ်ငှားခ ဈေးကြီးတယ်။ ပုံမှန်အိမ်ငှားခဈေးနှုန်းတွေက ၇ သောင်း၊ ၈ သောင်းပေါ့။ တချို့အိမ်ရှင်တွေက တော်ပါ တယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက်တည်းက ဒီဈေးပါပဲ။ စီးပွားရေးကျပ်တည်းနေတဲ့ကာလမှာလည်း ဒီဈေး ပါပဲ။ ဒါပေမဲ့ တချို့တွေက ပွဲစားတွေနဲ့ပေါင်းပြီး တစ်လချင်း ငွေမချေရတော့ဘဲ (၆)လတို့၊ (၃)လတို့ ဆိုပြီး ဖြစ်လာတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့ ဝင်ရောက်စစ်ဘေးရှောင်သူများသည် လည်း အိမ်ငှားခဈေးနှုန်းကြီးမြင့်ခြင်းအပြင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း လားရှိုးမြို့မှစစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ရှမ်းမြောက်ဘက်က စစ်ရှောင်လာတဲ့လူ တော်တော်များများက ရှမ်းတောင်ပိုင်းက တောင်ကြီးတို့၊ ရပ်စောက်တို့ဘက်မှာရှောင်ကြတာများတယ်။ မန္တလေးဘက်မှာလည်း ရှောင်ကြတာ တွေရှိတယ်။ ဘုန်းကြီး ကျောင်းတွေမှာလည်း လူတွေပြွတ်သိပ်နေတာပဲ။ တချို့ဆို အိမ်လေးသေး သေးလေးတွေနဲ့  အခန်းသေးသေးလေးတွေကိုတောင် မတန်တဆ ဈေးတွေပေးပြီး ငှားနေနေရတာ ရှိတယ်” ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာစိတ်ဖြင့် အကူအညီပေးသူများလည်းရှိနေပြီး တချို့က ၎င်းတို့၏လုပ်ငန်းများတွင် စစ်ဘေးရှောင်ပြည်သူများဝင် ရောက်လုပ်ကိုင်နိုင်ကြောင်း ဖိတ်ခေါ်စာများကို ၎င်းတို့၏လူမှုကွန်ရက်  Facebook  စာမျက်နှာများထက် တွင် အသီးသီးအသိပေးထားကြသည်ကိုလည်း တွေ့မြင်ရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေတိုးအဖွဲ့ နှင့် အစ္စရေးတို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို လက်မခံကြောင်း တူရကီသမ္မတပြော

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved