Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီဆိုင်တိုက်ပွဲကြောင့် နေအိမ်သီးသန့်ပင်လျှင် ကျပ် ဘီလျံ (၂၀) ကျော် ပြည်သူထိခိုက်ဆုံးရှုံး

မြူနစ် (NSS) - ဇွန် ၂

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် လူထုပိုင်နေအိမ် (၁၀ဝဝ) ကျော်ပျက်စီးခဲ့ရပြီး ငွေကျပ်ဘီလျံ (၂၀) ထက်မနည်း အကြောင်းမဲ့ဆုံးရှုံးနစ်နာခဲ့ရကြောင်း ဒေသခံများက ပြောသည်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) နှင့် PDF ပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှ စတင်ကာ ဆီဆိုင်မြို့နယ်၌ တိုက်ပွဲများကို စတင်ဖော်ဆောင်ခဲ့ကြသည်။ ထိုသို့ တိုက်ပွဲဖော်ဆောင်လာသည့်အတွက် PNLO ၊ KNDF ၊ PDFပူးပေါင်းအဖွဲ့များနှင့် တပ်မ တော်၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA) တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြသည်။

လက်ရှိတွင် ဆီဆိုင်မြို့ကို တပ်မတော်နှင့် PNA အဖွဲ့တို့က ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်သော် လည်း နှစ်ဖက်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဆီဆိုင်ဈေး၊ ဘုန်းကြီးကျောင်းများအပါအဝင် ဒေသခံပြည်သူလူထုပိုင်နေအိမ် (၁၀ဝဝ) ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ “ဆီဆိုင်မှာက ဈေးနဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးတာရှိတယ်။ လူနေအိမ်တွေလည်း ပျက်စီး တာ ရှိတယ်။ ရပ်ကွက်အလိုက်ဆိုရင်တော့ အိမ်ခြေပေါင်း (၁၀ဝဝ) ကျော်လောက် ပျက်စီးသွားတယ်။ ဆီဆိုင်မြို့ ဈေးနားမှာရှိတဲ့ အောင်ချမ်းသာရပ်ကွက်၊ အောင်သပြေရပ်ကွက်တွေမှာရှိတဲ့ အိမ်တွေက တော်တော် ပျက်စီးသွားတယ်။ မီးလောင်လို့ ပျက်စီးသွားတာကတော့ ဈေးပါတယ်။ အိမ်တွေလည်း ရှိတယ်။ လက်နက်ကြီးလက်နက်ငယ်တွေကြောင့် ပျက်စီးသွားတာတော့ နေရာတိုင်းလိုလိုမှာ ရှိတယ်။ စေတီပုထိုးတွေလည်း ပျက်စီးသွားတယ်” ဟု ဆီဆိုင်မြို့ခံ ပအိုဝ်းတိုင်းရင်းသားတစ်ဦးက NSS ကို ပြောသည်။

ဆီဆိုင်မြို့ပေါ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နစကအစိုးရ၊ PNA အဖွဲ့နှင့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဆီဆိုင်မြို့ပေါ်ရှိ ဒေသခံပြည်သူလူထုပိုင်နေအိမ် အလုံး (၁၀ဝဝ) ကျော်ပျက်စီးခဲ့ရပြီး ယင်းကဲ့သို့ ပျက်စီးသွားသော နေအိမ်များထဲတွင် တိုက်ခံအိမ်မှာ အလုံး (၂၀ဝ) ဝန်းကျင်နှင့် သစ်သားအိမ်မှာ အလုံး (၈၀ဝ)ဝန်းကျင်ရှိကြောင်းလည်း ဒေသခံများက ထပ်မံ ပြောသည်။ “ပျက်စီးသွားတဲ့ အိမ်တွေထဲမှာ အများစုကတော့ သစ်သားအိမ်တွေပါ။ တိုက်အိမ်တွေ ကတော့ နည်းပါတယ်။ တိုက်အိမ်က အကုန်လုံးပျက်စီးတာ ၂၀ဝ လောက်ရှိတယ်။တိုက်အိမ်တစ်လုံး ဖြစ်ဖို့အတွက် အခုကာလပေါက်ဈေးနဲ့ဆိုရင် အနည်းဆုံး သိန်း (၅၀ဝ)လောက် ကုန်နိုင်တယ်။ သစ်သား အိမ်တွေ ဆိုရင်တော့ သိန်း (၁၅၀)လောက် ကုန်ကျနိုင်တာပေါ့။ ဒါကတော့ အချောသပ်ပြီးပေါ့နော် အမိုး၊ အကာ အကုန်အပြီးအစီးပေါ့” ဟု ဆီဆိုင်မြို့ခံ ပအိုဝ်း တိုင်းရင်းသားတစ်ဦးက ဆိုသည်။

ဆီဆိုင်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဒေသခံပြည်သူလူ ထုပိုင် တိုက်ခံအိမ် (၂၀ဝ)ဝန်းကျင်ကို တစ်အိမ်လျှင် ငွေကျပ်သိန်း (၅၀ဝ)ခန့်ဖြင့် အကြောင်းမဲ့ဆုံးရှုံး နစ်နာခဲ့ရကြောင်း ပျမ်းမျှတွက်ကြည့်မည်ဆိုပါက စုစုပေါင်း ငွေကျပ်(၁၀)ဘီလျံထက်မနည်း ဒေသခံ လူထုက ဆုံးရှုံးနစ်နာခဲ့ရသည်ဟု ယူဆနိုင်သည်။အလားတူ ဆီဆိုင်မြို့ပေါ်ရှိ ဒေသခံပြည် သူလူထုပိုင် သစ်သားအိမ်အလုံး (၈၀ဝ) ဝန်းကျင် သည်လည်း နှစ်ဖက်တိုက်ပွဲများကြောင့် ပျက်စီးခဲ့ရပြီး သစ်သားအိမ်တစ်လုံးသည် အနည်းဆုံး ငွေကျပ် သိန်း (၁၅၀)ခန့် တန်ဖိုးရှိသည့်အတွက် ဒေသခံလူထုအနေဖြင့် ငွေကျပ် (၁၂)ဘီလျံထက်မနည်း အကြောင်းမဲ့ဆုံးရှုံး နစ်နာခဲ့ရသည်ဟု ယူဆနိုင်သည်။

ထို့ကြောင့် ဆီဆိုင်မြို့ပေါ်တွင် PNLO ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့ သော တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုအနေဖြင့် ငွေကျပ် (၂၂)ဘီလျံထက်မနည်း အကြောင်းမဲ့ဆုံးရှုံးနစ်နာခဲ့ရသည့် သဘောရှိသည်။ အဆိုပါတိုက်ပွဲများအတွင်း ဒေသခံအရပ်သား ပြည်သူ (၉၅) ဦး သေဆုံးခဲ့ရသကဲ့သို့ ရာနှင့်ချီသော အရပ် သားများမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဆီဆိုင်မြို့၌ တိုက်ပွဲများ ရပ်စဲသွားပြီဖြစ်သော်လည်း ဒေသခံတိုင်းရင်းသားပြည်သူ လူထုအနေဖြင့် စားဝတ်နေရေးအခက်အခဲအပြင် မိုင်းအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရလျက်ရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့အချိန်ကလည်း သီးနှံတွေ ရိတ်သိမ်းပြီးတဲ့အချိန်ဖြစ်တယ်။ သီးနှံတွေ မရောင်းရ ခင်မှာပဲ ပျက်စီးသွားတာမျိုးတွေလည်းရှိခဲ့တယ်။ သီးနှံနဲ့ပတ်သက်တာတွေလည်း ဆုံးရှုံးသွားတာပေါ့။ တိုက်ပွဲတွေကြောင့် လူထုရဲ့ဆုံးရှုံးမှုက တော်တော်ကြီးမားပါတယ်။ တချို့ဆိုရင် ဘာမှကို မရှိတော့တာ။ အသက်ရှင်ရုံလေးပဲ ရှိတော့တာ။ တိုက်ပွဲအတွင်းမှာ သေဆုံးတာက ၉၅ ဦးလောက် ရှိနေပြီ။ ဒဏ်ရာရတဲ့ လူကတော့ မနည်းပါဘူး။ တချို့ဆိုရင် တိုက်ပွဲပြီးတာတောင်မှ မိုင်းတွေနင်းမိလို့ ထိခိုက်တာတွေလည်း ရှိတယ်” ဟု ဆီဆိုင်မြို့ခံ ပအိုဝ်းတိုင်းရင်းသားတစ်ဦးက ဆက်လက်ပြောသည်။

ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးအတွက် နစကအစိုးရ၊ PNA အဖွဲ့နှင့် ဒေသခံများက ပူးပေါင်း ဆောင်ရွက်နေလျက်ရှိပြီး အခြေခံစားသောက်ကုန်၊ သွပ်နှင့် သစ်တို့ကိုလည်း ထောက်ပံ့ပေးနေမှုများ ရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် တိုက်ပွဲများ ထပ်မံမဖော်ဆောင်ရန်နှင့် လူထုမျက်နှာကို ကြည့်ရှုရန်လည်း ဒေသခံတိုင်းရင်းသားပြည်သူလူထုက တောင်းဆိုနေလျက်ရှိကြသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ အကျဉ်းသား ၇၅ ဦးစီ အပြန်အလှန်လဲလှယ် လွှတ်ပေး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved