Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်နိုင်ငံရဲ့ ယာယီသမ္မတအဖြစ် တာဝန်ယူမယ့် မိုဟာမက်မိုခါဘာက အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ဖန်တီးပေးနိုင်မလား (ဘာသာပြန်ဆောင်းပါး)

ဂျန်ဇက်(NSS) - မေ ၃၁

အီရန်ရွေးကောက်ခံသမ္မတ အီဘရာဟင်ရိုင်စီဟာ မေလ ၂၀ ရက်နေ့မှာ နိုင်ငံအရှေ့ပိုင်း အ ဇာဘိုင်ဂျန်ပြည်နယ်ကိုသွားရောက်ချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ပြီးနောက် အီရန်ဒုတိယသမ္မတ မိုဟာမက်မိုခါဘာက အီရန်နိုင်ငံရဲ့ယာယီသမ္မတအဖြစ်တာဝန်ယူသွားမှာဖြစ်ပါ တယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီဟာ သမ္မတ အီဘရာဟင် ရိုင်စီသေဆုံးခဲ့ပြီးနောက်ရက်ပိုင်းအကြာမှာပဲ ဒုတိယ သမ္မတအဖြစ်တာဝန်ယူနေတဲ့ မိုဟာမက် မိုခါဘာကို ယာယီသမ္မတအဖြစ်တာဝန်ယူဖို့ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အီရန် ယာယီသမ္မတ အဖြစ်တာဝန်ယူမယ့် မိုဟာမက်မိုခါဘာဟာ ဘယ်လိုလူမျိုးစား မျိုးဖြစ်သလဲဆိုတဲ့ အချက်က လူအများစိတ်ဝင်စားနေပါတယ်။ ဘာကြောင့်လဲဆိုရင် အသက် ၆၈ နှစ်အရွယ် ရှိ မိုဟာမက် မိုခါဘာဟာ အီရန်နိုင်ငံမှာ လူသိနည်းတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယာယီသမ္မတအဖြစ် တာဝန်ယူချိန် အတွင်းမှာခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အစ္စရေး၊ အမေရိကန်နိုင်ငံတို့နဲ့ ဆက်ဆံရေးပိုမို ကောင်းမွန် လာမလားဆိုတဲ့အချက်ကလည်း စောင့်ကြည့်စရာဖြစ်နေပါတယ်။ သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့ ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဒုတိယသမ္မတဖြစ်သူ မိုခါဘာကို ယာယီသမ္မတအဖြစ် ခန့်အပ် ခဲ့ပေမယ့် သမ္မတအသစ်ရွေးကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပသွားမယ်လို့ အီရန် အာဏာပိုင် တွေက သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ မိုခါဘာဟာ အီရန်နိုင်ငံရဲ့ယာယီသမ္မတအဖြစ် တာဝန်ယူ ခွင့်ရတဲ့အတွက် အီရန်နိုင်ငံရဲ့သုံးဦး ကော်မတီအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ အီရန်နိုင်ငံ အစိုးရ အဖွဲ့ရဲ့ သုံးဦးကော်မတီမှာ အီရန်သမ္မတ၊ အီရန် လွှတ်တော်ဥက္ကဋ္ဌနဲ့ အီရန်တရားသူကြီးချုပ်တို့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားတာမျိုးဖြစ်ပါတယ်။ မိုခါ ဘာဟာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ဖြစ်သလို အီရန်နိုင်ငံနဲ့ပတ်သက်တဲ့အရာရာတိုင်းကို အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခွင့်ရရှိသူ အလီခါမေနီနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အီရန်နိုင်ငံရဲ့ဒုတိယသမ္မတတစ်ဦးအဖြစ် ခန့်အပ်ခံ ခဲ့ရသူဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေနဲ့ ပတ်သက်ပြီး မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့တွေကို ရရှိခဲ့ပြီး အီရန်နိုင်ငံရဲ့တရားရေးဌာနတွေမှာ နှစ်ပေါင်းများစွာကြာတာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ မိုခါဘာဟာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်နဲ့ ဆက်နွှယ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ အကြီး အကဲအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။

အီရန်မီဒီယာတွေက မိုခါဘာဟာ အီရန် နိုင်ငံရဲ့ရေနံလုပ်ငန်းတွေကို ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ခဲ့တဲ့ အနောက်အုပ်စုရဲ့ပိတ်ဆို့မှုတွေကို ကျော်ဖြတ်နိုင်ဖို့ အီရန်အစိုးရရဲ့ကြိုးပမ်းမှုတွေမှာ အဓိက အရေးပါခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ အီရန် ယာယီသမ္မတ မိုခါဘာဟာ ယခင်တုန်းကလည်း အီရန် လွှတ်တော်နဲ့ အီရန်ရွေးကောက်ပွဲကို ကြီးကြပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေစောင့်ကြည့်ရေးအဖွဲ့ကြား ဥပဒေပိုင်း ဆိုင်ရာအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အလီခါမေနီကို ဥပဒေပိုင်းဆိုင်ရာအကြံပေးခဲ့သူဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ဘာသာရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အီမန်ခိုမေနီရဲ့အမိန့်နဲ့ ဖွဲ့စည်းထားတဲ့ ကွပ်မျက်မှု ကြီးကြပ်ရေးကော်မတီမှာလည်း အကြီးအကဲတစ်ဦးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ရာ နိုင်ငံတကာလူအခွင့် ရေးအဖွဲ့စည်းတွေရဲ့ဝေဖန် ပြစ်တင်မှုတွေကို ရင်ဆိုင်ခဲ့ရဖူးသူဖြစ်ပါတယ်။

အီရန် - အီရတ်စစ်ပွဲအတွင်း အီရန်စစ်တပ်ရဲ့ဆေးတပ်ဖွဲ့အရာရှိအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ မိုခါဘာဟာ  Gian Bank ဥက္ကဋ္ဌအဖြစ် ၁၀နှစ်ကြာတာဝန်ယူခဲ့ဖူးသလို Mofatazfan oFundation ရဲ့အကြီးတန်းအရာရှိ အဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ကွပ်မျက်မှုကော်မတီအကြီး အကဲအဖြစ်တာဝန်ယူနေတဲ့ ၂၀၁၀ ပြည့်နှစ် ကာလအတွင်း လူအခွင့်ရေးချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂရဲ့ ပစ်မှတ်ထားပိတ်ဆို့ခြင်းကိုခံရပေမယ့် ၂၀၁၂ခုနှစ်မှာ အဲဒီစာရင်းထဲကနေ ဖယ်ရှားခံခဲ့ရ ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရဟာ အီရန် အစိုးရရဲ့ပြိုင်ဘက်နိုင်ငံရေးသမားတွေအပေါ် လူ့အခွင့် အရေးချိုးဖောက်မှု၊ ဖိနှိပ်မှုတွေအပြင် ပိုင်ဆိုင်မှုတွေကို သိမ်းယူမှုနဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ်မှာ မိုခါဘာကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုချမှတ်ခဲ့ဖူးပါတယ်။

အီရန်နိုင်ငံဟာ ယခင်သမ္မတဟောင်း အီဘရာဟင်ရိုင်စီလက်ထက်မှာ အစ္စရေးနိုင်ငံ၊ အမေရိကန် နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာခဲ့ပေမယ့် ယာယီသမ္မတ အသစ်လက် ထက်မှာ ဆက်ဆံရေးတိုးတက်လာမလားမျှော်လင့်ကြပေမယ့် တိုးတက်မယ့်အလားအလာ မရှိဘူးလို့ ထင်ကြေးပေးသုံးသပ်မှုတွေလည်းရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် အီရန်နိုင်ငံရဲ့အစိုးရ အဖွဲ့တာဝန် ရှိသူတွေဟာ နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကို ကျော်လွန်လုပ်ဆောင်ခွင့်မရှိကြဘူးလို့ ဆိုကြပါတယ်။ ဒါကြောင့် အီရန်နိုင်ငံမှာ သမ္မတအပြောင်းအလဲဖြစ်သွားခဲ့ပေမယ့် အရင်သမ္မတတွေ လက်ထက်ကလုပ်ခဲ့တဲ့ နျူကလီးယား အစီအစဉ်တွေ၊ ဘာသာရေးစည်းကမ်းတင်းကြပ်မှုတွေနဲ့ နိုင်ငံတကာဆက်ဆံရေးတွေက အပြောင်းအလဲဖြစ်လာဖွယ်မရှိဘူးလို့ ဆိုကြပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က “အီရန်သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့ပေမယ့် အမေရိကန်နဲ့ အီရန်ဆက်ဆံရေးကို သက်ရောက်မှုကြီးကြီးမားမား ရှိလာမယ် လို့မမျှော်လင့်ဘူး၊ ဒါ့အပြင် အီရန်နိုင်ငံရဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၊ ဟူသီလက်နက်ကိုင် အုပ်စု နဲ့ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုတွေကို အကူညီပေးနေတာတွေလည်း အပြောင်းအလဲဖြစ်လာမယ် လို့မထင်ဘူး၊ နိုင်ငံတကာ ဆက်ဆံရေးအပြင် လက်နက်ကိုင်အုပ်စုတွေကို ကူညီထောက်ပံ့ပေးမှုတွေနဲ့ ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်တာက အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေး ခေါင်းဆောင်သာဖြစ်တယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ဖြစ်သူရဲ့စီစဉ်ညွှန်ကြား ချက်အတိုင်းသာလုပ်ဆောင် ကြရတယ်။ အီရန်နိုင်ငံရဲ့ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ရဲ့လုပ်ပိုင်ခွင့်တွေအတိုင်း လုပ်ဆောင်နိုင်သူ သာ အီရန်အစိုးရအဖွဲ့မှာ တာဝန်ယူကြရတယ်”လို့ပြောပါတယ်။ အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ အငြင်းပွားမှုများဖြစ်လာခဲ့ပြီး အီရန်သမ္မတ အနည်းဆုံး နှစ်ဦးအပြောင်းအလဲဖြစ်လာခဲ့ပေမယ့် အမေရိကန်နဲ့ အီရန်နိုင်ငံကြားက နျူကလီးယား အငြင်းပွားမှုတွေကိုဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါဘူး၊ ဒါ့ပြင် အီရန်နဲ့အစ္စရေးနိုင်ငံတို့ဟာ ခါးသီးတဲ့ပြိုင်ဘက်တွေ ဖြစ်နေရာအီရန်နိုင်ငံမှာ သမ္မတအပြောင်းအလဲ ဖြစ်လာခဲ့ပေမယ့် အီရန်နဲ့ အစ္စရေးနိုင်ငံကြား အပြန် အလှန်ဆက်ဆံရေးအခြေနေတွေဟာအရင်အတိုင်းပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက သုံးသပ်ဖော်ပြနေပါတယ်။

အစ္စရေးအစိုးရကတော့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးမှုနောက်ကွယ်မှာ ပါဝင်ဆက် နွှယ်ခြင်းမျိုးမရှိကြောင်း ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်တာမျိုး မရှိသေးပါဘူး၊ အီရန်သမ္မတအဖြစ်တာဝန်ယူမယ့် မိုခါဘာဟာ ယူကရိန်းနိုင်ငံသားတွေသေဆုံးမှုနဲ့ပတ် သက်ပြီး အမေရိကန်ဦးဆောင်တဲ့နေတိုးမဟာမိတ်အဖွဲ့ကို ပြစ်တင်ဝေဖန်ခဲ့ဖူးသလို အနောက်အုပ်စု နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကိုတုံ့ပြန်နိုင်ဖို့ အီရန်-ရုရှား နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မယ့်အဖွဲ့အစည်းတစ် ဖွဲ့ကို ဖွဲ့စည်းဖို့ အဆိုပြုခဲ့ဖူးသူဖြစ်ပါတယ်။ အီရန် ယာယီသမ္မတ မိုခါဘာက “ကျွန်တော်တို့ နိုင်ငံဟာဆို ရင် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကို နှစ်ပေါင်း ၄၀ ကျော်ကြာခံ ခဲ့ရတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အစိုးရအဖွဲ့ကို ထိခိုက်နစ်နာစေဖို့ နဲ့ အီရန်နိုင်ငံအပေါ် ကြီးမားတဲ့သက်    ရောက်မှုဖြစ်လာအောင် အနောက်အုပ်စုနိုင်ငံတွေရဲ့လုပ်ရပ်တွေကို ခွင့်မပြုနိုင်ဘူး။ အီရန်နိုင်ငံဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ ရုရှားနိုင်ငံထံကနေ လေ့လာသင်ယူရမယ်” လို့ပြော ပါတယ်။ ယာယီသမ္မတ မိုခါဘာရဲ့စိတ်နေသဘောထားတွေကိုလေ့လာကြည့်မယ်ဆိုရင် အနောက်အုပ်စု နိုင်ငံတွေကို လိုလားနှစ်သက်သူမဟုတ်ဘဲ ရုရှားနိုင်ငံကိုလိုလားတဲ့ အီရန်ခေါင်းဆောင်တစ်ဦးဖြစ်တယ် ဆိုတာ ပေါ်လွင်နေပါတယ်။ အီရန်နိုင်ငံမှာ ရက်ပေါင်း (၅၀) အတွင်း အီရန်သမ္မတအသစ်ရွေးချယ်ပွဲ ကျင်းပမှာဖြစ်ရာ ရှေးရိုးစွဲအယူအဆရှိတဲ့ ခေါင်းဆောင်တွေ အလားအလာကောင်းတွေရှိနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အီရန်ယာယီသမ္မတ မိုခါဘာနဲ့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ခါဘီဘတ်တို့ဟာ သမ္မတအသစ်အဖြစ်ရွေးချယ်ခံရဖို့ အလား လာအကောင်းဆုံး ဖြစ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။မိုခါဘာဟာ အီရန်နိုင်ငံရဲ့ယာယီ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ၎င်းရဲ့လုပ်နိုင်စွမ်းကို ပြည်သူတွေနဲ့ အီရန်ဘာသာရေး ခေါင်းဆောင်အုပ်စုတွေ  နှစ်သက်လက်ခံအောင် လုပ်ပြနိုင်မယ်ဆိုရင် အီရန်နိုင်ငံရဲ့ ရွေးကောက်ခံ သမ္မတအသစ်ဖြစ်လာဖို့ ပိုမို အလေးသာနေပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် U.S. Institute of Peace and the Wilson Center, ရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ ရော်ဘင်ဝါရိုက် က “ အီရန် သမ္မတအသစ် ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်းကျင်းပမှာဖြစ်ပေမယ့် နောက်ကွယ်မှာတော့ စိတ်ဝင်စားဖွယ် ကောင်းတဲ့အရာတွေရှိနေပါတယ်။ ဘာတွေဆက်လက်ဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့် ရဖွယ်ရှိနေပါတယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။ မိုခါဘာဟာ လာမယ့်ဇွန်လ အတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးကောက်ခံရမယ်ဆိုရင်အီရန်နိုင်ငံနဲ့ အနောက်အုပ်စုနိုင်ငံတွေကြား ဆက်ဆံရေးဟာ ပိုမိုတိုးကောင်းမွန်စေဖို့ ထူးခြားမှုရှိလာမှာမဟုတ်ဘဲ လက်ရှိထက် ပိုမိုမဆိုးရွားစေဖို့ အတွက် သာမျှော်လင့်ရမယ်လို့နိုင်ငံ တကာသတင်းမီဒီယာတွေက သုံးသပ်ရေးသားနေဆဲဖြစ်ပါတယ်။                


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အုတ်တွင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးက ပြက္ခဒိန်ကြည့်ပါရစေဟုခွင့်တောင်းကာ ဝင်ရောက်လာပြီး အိမ်ရှင်အမျိုးသမီးကို ဓားဖြင့်ဝင်ခုတ်မှုဖြစ်ပွား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved