Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဥရောပခရီးစဉ် ချဉ်းကပ်မှုအသစ်လား (ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး (NSS) -‌ မေ ၃၁

တရုတ်သမ္မတရှီကျင့်ဖျင်သည် ငါးနှစ်အတွင်း ပထမဆုံး ဥရောပခရီးစဉ်အဖြစ် ပြင်သစ်၊ ဟန်ဂေရီ နှင့် ဆားဘီးယားနိုင်ငံတို့ကို သွားရောက်ခဲ့သည်။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ရုရှား-ယူက ရိန်းပဋိပက္ခနှင့် ဗဟုဝင်ရိုးကမ္ဘာ ပိုမိုသက်ဝင်လာစေရေးတို့ကို မျှော်မှန်းပြီး သွားရောက်ခြင်းဖြစ်သည်ဟု ရှုမြင်ထားကြသည်။ ဆားဘီးယားပြည်သူ ထောင်ပေါင်းများစွာကလည်း ဆားဘီးယား နန်းတော်ရှေ့တွင် တရုတ်အလံများဝှေ့ယမ်းကာ China, China ဟု ကြွေးကြော်ကာ ကြိုဆိုခဲ့ကြသည်။ ဟန်ဂေရီသမ္မတ Tomas Sulyok နှင့် ဝန်ကြီးချုပ်Viktor Orban တို့ကလည်း ဟန်ဂေရီ သမ္မတနန်းတော်တွင် သမ္မတ ရှီကျင့်ဖျင်အား ကော်ဇောနီခင်း၍ စစ်အခမ်းအနားများနှင့်ကြိုဆိုခဲ့ကြသည်။

သမ္မတရှီကျင့်ဖျင်၏ ဥရောပခရီးစဉ်သည် တရုတ်နှင့်အဆိုပါသုံးနိုင်ငံတို့၏ ဆက်ဆံရေးအတွက် သမိုင်းမှတ်တမ်းတွင် ကျန်ရစ်မည့်အချိန်တစ်ချိန်ဟုလည်း ဆိုနိုင်သည်။ ၂၀၂၄ ခုနှစ်သည် တရုတ် နိုင်ငံ နှင့်ပြင်သစ်နိုင်ငံတို့၏ သံတမန်ဆက်သွယ်မှု နှစ်(၆၀)ပြည့်မြောက်သည့်နှစ်လည်းဖြစ်သကဲ့သို့ တရုတ် နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့ကြား (၇၅) နှစ်ပြည့် မြောက်သည့်နှစ်လည်းဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင် ၏ခရီးစဉ်သည် နေတိုးတပ်ဖွဲ့များက ကိုဆိုဗိုတွင် ဆားဘီးယား စစ်ပွဲဆင်နွှဲနေစဉ်အတွင်း ဘဲဂရိတ်ရှိ တရုတ်သံရုံးကို ဗုံးကြဲခဲ့သည့် (၂၅)နှစ်မြောက် ကာလနှင့်လည်း တိုက်ဆိုင်နေခဲ့သည်။ 

သမ္မတရှီကျင့်ဖျင်၏ ဥရောပခရီးစဉ်ရည်ရွယ်ချက်မှာ အမေရိကန်ဩဇာလွှမ်းမိုးမှုနည်းသည့် ဝင်ရိုးစုံကမ္ဘာ(Multipolar World)  ရုပ်လုံး ပေါ်လာစေရန်နှင့် တရုတ် သွင်းကုန်များအပေါ် ဥရောပက စည်းကြပ်ခွန်တိုးမြှင့်မည်ဆိုသည့် ခြိမ်းခြောက်မှုများကြောင့် တရုတ်နှင့် အီးယူ ကြား ကုန်သွယ်မှုတင်းမာ လာခဲ့ရာ နှစ်ဖက်ကြား ယိုယွင်းသွားသည့်ဆက်ဆံရေး ပြန်လည်တည့်မတ်ပေးရန်လည်း ပါဝင်လိမ့်မည်ဟု လေ့လာသူများကဆိုသည်။

ပြင်သစ်နိုင်ငံသို့ရောက်ရှိသည့် နှစ်ရက်တာအတွင်း ပြင်သစ်သမ္မတ မက်ခရွန်က အီးယူနှင့် တရုတ်တို့၏ ကုန်သွယ်ရေး မမျှမတဖြစ်နေသည်ကို ဖြေရှင်းပေးရန် သမ္မတရှီကျင့်ဖျင်အား တိုက်တွန်းခဲ့ သည်။ အီးယူအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း တရုတ် နှင့်ကုန်သွယ်ရာတွင် ၂၉၂ ဘီလျံ ကုန်သွယ်မှု လိုငွေ ပြနေခြင်းဖြစ်သည်။ ထို့ပြင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့်ပတ်သက်၍လည်း သမ္မတဗလာ ဒီမာပူ တင် အပေါ် သမ္မတရှီကျင့်ဖျင်၏ဩဇာကို အသုံးချရန်လည်းတိုက်တွန်းခဲ့သည်။

သမ္မတ မက်ခရွန်သည် ၎င်းနှင့် သမ္မတရှီတို့ တွေ့ဆုံဆွေးနွေးရာတွင်ပါဝင်ရန် အီးယူကော်မရှင် ဥက္ကဋ္ဌ Ursula von der leyen ကိုလည်းဖိတ်ခေါ်ခဲ့သည်။ ယင်းမှာ လျှပ်စစ်ကား၊ ဂေဟစနစ်နှင့် ကိုက်ညီ သည့် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ (အစိမ်းရောင် နည်းပညာ) ထုတ်လုပ်ရာတွင် အလွန်အကျွံထုတ် လုပ်နေခြင်းနှင့်ပတ်သက်၍ အီးယူ၏ ကန့်ကွက်ထားမှုကို ဖြေရှင်းရန်နှင့် တရုတ်ဈေးကွက်တွင် အီးယူ ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရန်ရည်ရွယ်ပြီး အီးယူ ကော်မရှင်ဥက္ကဋ္ဌ Ursula von der leyen ကိုပါ ခေါ်ယူထားခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

အီးယူကော်မရှင် ဥက္ကဋ္ဌ Ursula von der leyen ကလည်း အီးယူ၏ စီးပွားရေးနှင့် လုံခြုံရေးကို ကာကွယ်ရန်အတွက် လုပ်ဆောင်စရာရှိသည်များကို မတွန့်မဆုတ် လုပ်ဆောင်သွားမည်ဟု ပြောဆိုထား သည်။ ယူကရိန်းစစ်ပွဲတွင် ရုရှား၏ နျူကလီးယား ခြိမ်းခြောက်မှုကြောင့် ဖြစ်လာသည့်တင်းမာမှု လျော့ ကျစေရန်အတွက် တရုတ်နိုင်ငံက အပြုသဘော ပါဝင်ဆောင်ရွက်ပေးရန်လည်း Ursula von der leyen က သမ္မတရှီအား တိုက်တွန်းခဲ့သည်။ ထို့ပြင် ရုရှားကိုလက်နက်ထုတ်လုပ်ရေး နည်းပညာကဏ္ဍတွင် အသုံးပြုနိုင်သည့် dual use ကုန်စည်များနှင့် မည်သည့် လက်နက်အမျိုးအစားကိုမဆို ထောက်ပံ့ခြင်း မပြုရန်ဆိုသည့် တရုတ်ထံမှ ကတိကဝတ် ကိုလည်းရရှိလိုသည်။ ယူကရိန်းနှင့် ဥရောပတွင်ဖြစ်ပေါ် သည့် စစ်ပွဲများမှ ခြိမ်းခြောက်မှုများသည် အီးယူ - တရုတ်ဆက်ဆံရေးအပေါ် သက်ရောက်စေမည်ဖြစ် သည်ဟုလည်း Ursula von der leyen က သတိပေးခဲ့သေးသည်။

သို့သော် သမ္မတမက်ခရွန်နှင့် Ursula von der leyen တို့သည် သမ္မတရှီကို စည်းရုံးနိုင်ခဲ့ပုံ မရပါ။ ကုန်သွယ်မှုကိစ္စနှင့် ရုရှားကိစ္စတို့သည် တရုတ် နိုင်ငံအတွက် ညှိနှိုင်း၍ရနိုင်သည့်ကိစ္စမဟုတ်ဟု ဆိုကြ သည်။ ပြင်သစ်ခေါင်းဆောင်တို့၏ မဟာဗျူဟာ ရည်မှန်းချက်ထဲမှတစ်ခုမှာ ပြင်သစ်နိုင်ငံကို ဖွံ့ဖြိုး တိုးတက်မှုအားကောင်းသည့် နိုင်ငံအားလုံးအတွက် အရေးကြီးမိတ်ဖက်အဖြစ် သဘောထားစေရန်ဖြစ် သည်။ သမ္မတမက်ခရွန်နှင့် သမ္မတရှီကျင့်ဖျင်တို့ ဘုံ တူညီသည့် အမြင်တစ်ခုရှိကြသည်။ ယင်းမှာ ဖွံ့ဖြိုး တိုးတက်လာသည့်နိုင်ငံများ၏ အကျိုးစီးပွားနှင့် စိုးရိမ်မှုများကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ဝင်ရိုး စုံကမ္ဘာအထိုင်ဖြစ်လာရေး ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။ သမ္မတ မက်ခရွန်အနေဖြင့် မကြာ သေးမီကပင် အိန္ဒိယနိုင်ငံနှင့်ဘရာဇီးနိုင်ငံတို့လည်း သွားရောက်ခဲ့ရာ ယင်းမှာ ပြင်သစ်နိုင်ငံသည် လက်ရှိ ကမ္ဘာ့ အရွေ့၏ ရှေ့တန်းမျက်နှာစာတွင် ရှိနေလိုသည်။

သမ္မတရှီကျင့်ဖျင်၏ ဥရောပခရီးစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည့် ပြင်သစ်ခရီးစဉ်တွင် သိသာ သည့် တိုးတက်မှုများမရှိခဲ့သော်လည်း တရုတ်နှင့် ဥရောပတို့၏ ဆက်ဆံရေးယိုယွင်းမှု ပိုဆိုးမသွားစေ ရန်အတွက်မူ ထိန်းထားနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဘဲဂရိတ်တွင်မူ ဆားဘီးယားသမ္မတ Aleksandar Vucic  သည် သမ္မတရှီကျင့်ဖျင်၏ Global community of shared future ဆိုသည့် မျှော်မှန်းချက်ကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးထားသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ ချက်မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁) ရက် နေ့တွင်အသက်ဝင်မည်ဖြစ်သည်။ အခြားစီးပွားရေး သဘောတူ ညီချက်များမှာ နှစ်နိုင်ငံကြား လေကြောင်း လိုင်းသစ်များ တိုးချဲ့ပြေးဆွဲရေးနှင့် ဆားဘီးယား စိုက်ပျိုးရေး ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရေးလည်းပါဝင်သည်။ ထို့ပြင် နျူကလီးယားကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ မြို့တော် ဘဲဂရိတ်နှင့် လေဆိပ်ကိုဆက်သွယ်ပေးသည့် မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ခြင်းအပါအဝင် ပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပိုမိုရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းလည်း သမ္မတရှီကျင့်ဖျင်က ကတိပြုခဲ့သည်ဟု ဟန်ဂေရီအစိုးရအရာရှိများက ဆိုသည်။ အလားတူ ဟန်ဂေရီ မြို့တော်နှင့် ဆားဘီးယားမြို့တော်တို့ကို ဆက်သွယ်ပေးသည့် အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံတန် စီမံကိန်းကိုလည်း ဆက်လက် အကောင်အထည်ဖော်မည်ဟု သမ္မတရှီကျင့်ဖျင်က ကတိပြုခဲ့သည်။ ယင်းစီမံကိန်းမှာ တရုတ်နိုင်ငံ Belt and Road Initiative ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

သမ္မတရှီ၏ ဆားဘီးယားခရီးစဉ်သည် နေတိုးတပ်ဖွဲ့က ကိုဆိုဗိုမြို့ရှိ တရုတ်သံရုံးကို ဗုံးကြဲ သည့်(၂၅)နှစ်တာ ကာလနှင့်တိုက်ဆိုင်ပြီး ရောက်ရှိလာခြင်းဖြစ်ရာ တရုတ်နှင့်ရုရှားတို့သည် နေတိုးစစ် မဟာမိတ်အဖွဲ့ အရှေ့ဘက်သို့ချဲ့ထွင်လာခြင်းနှင့် ပတ်သက်၍ ရင်ဘတ်ချင်းနီးစွာခံစားကြရသူများဖြစ် သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းသတင်းစကားပါးလိုပုံရသည်။ ထို့ပြင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံမဟုတ် သည့် ဥရောပနိုင်ငံတစ်နိုင်ငံမှနေ၍ နေတိုးစစ် မဟာမိတ်အဖွဲ့ကို ဝေဖန်နိုင်သည့်အခွင့်အရေးလည်းရ ရှိပြီး အာရှ-ပစိဖိတ်ဒေသတွင်လည်း နေတိုးအဖွဲ့ အင်အားကြီးထွားလာခြင်းအပေါ်တွင်လည်း သဘော မတွေ့ကြောင်း ထင်ထင်ရှားရှားပြလိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့် စီးပွားရေးမိတ်ဖက်ဖြစ်မှုအပေါ် အနောက်နိုင်ငံများ၏ ဖိအားပေးမှုက ဖြိုခွင်းနိုင်မည်မဟုတ်ဆိုသည်ကို လည်း အသိပေးလိုပုံရသည်။ 

အဆိုပါအချက်များအားလုံးသည် အရေးပါသော ပထဝီမဟာဗျူဟာမြောက် ပလေယာတစ်ခု အဖြစ် စစ်အေးခေတ်၊ ဒုတိယကမ္ဘာစစ်တို့ကို ပြန်လည်သတိရစေလိုသည့် သမ္မတရှီ၏ စိတ်ဆန္ဒပြင်းပြမှု အပေါ် မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံ လန်ဒန်စီးပွားရေးကျောင်းမှ အကြီးတန်းသု တေသီလည်းဖြစ်၊ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာရှင်လည်းဖြစ်သူ Shirley Yu က သုံးသပ်သည်။ တရုတ်၏ စီးပွားရေးအထောက်အပံ့နှင့်အတူ အီးယူ ၏ အစွန်းအဖျားဒေသသည် နည်းပညာမြင့် ကုန်ထုတ်လုပ်မှု ကွင်းဆင်များဖြစ်လာခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာခြင်းနှင့်အတူ ပိုမို အရေးပါသည့် အီးယူ၏ စီးပွားရေးပလေယာများ ဖြစ်လာနိုင်သည်ဟုလည်း Shirley Yu က ယူဆသည်။ ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံအတွက် အီးယူကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်မည့် ဂိတ်ပေါက်တစ်ခု ဖြစ်ရာ ဟန်ဂေရီနှင့် မိတ်ဖက်ဖြစ်မှု တိုးမြှင့်လိုက်ခြင်းဖြင့် တရုတ်၏ လျှပ်စစ်ကားများတင်သွင်းမှုအပေါ် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှာ အရာမထင်ဖြစ်သွားနိုင်သည်။ 

သမ္မတရှီကျင့်ဖျင်ကလည်း အီးယူ၏ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် လက်ရှိ သံတမန်ရေးရပ်တည်ချက်ကို ပြန်လည်ထောက်ပြခဲ့သည်။ သမ္မတရှီအနေဖြင့် အီးယူ အင် စတီကျူးရှင်းများအား တရုတ်နိုင်ငံအပေါ်ရှုမြင်ပုံ ပြောင်းလဲရန်လည်း တိုက်တွန်းခဲ့သည်။ သမ္မတ ရှီ ကျင့်ဖျင် သည် ယူကရိန်းနှင့်ဆက်ဆံရေး၊ အမေရိကန်နှင့်ဆက်ဆံရေးတို့ကြောင့် အီးယူအတွင်း ကွဲလွဲ မှုအချို့ ဖြစ်ပေါ်နေခြင်းမှ အမြတ်ထုတ်နိုင်ရန် ကြိုးစားနေခြင်းဟုလည်း သုံးသပ်မှုများရှိသည်။ တရုတ် နိုင်ငံအနေဖြင့် ဈေးနှုန်းချိုသာသည့်အရုပ်များ ထုတ်လုပ်ခြင်းအစား လျှပ်စစ်ကားများ၊ လစ်သီယမ်ဘက် ထရီများနှင့် ဆိုလာပြားများတင်ပို့ရာတွင် ဦးဆောင်နိုင်ငံဖြစ်လိုသည်။ ဥရောပသည် အဆိုပါ တရုတ်ကုန်စည်များအတွက် အရေးကြီးသောဈေးကွက်ဖြစ်သည်။ 

သို့သော် သမ္မတရှီကျင့်ဖျင်သည် တရုတ် နိုင်ငံကို လျှပ်စစ်ကားများနှင့် အခြားကဏ္ဍများတွင် ကုန်ပစ္စည်းအလွန်အကျွံထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ အနည်းငယ်မျှဝန်ခံပြောကြားခဲ့ခြင်း မရှိပါ။ တရုတ် နိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးကို တွန်းတင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ ထုတ်ကုန်သစ်များကို ထုတ်လုပ်ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့်လည်းကောင်း၊ ရုရှားနိုင်ငံက ယူကရိန်းကိုတိုက်ခိုက်ခဲ့ခြင်း ကြောင့်လည်းကောင်း စီးပွားရေးအထိနာနေသည့် အီးယူသည်လည်း တရုတ်နိုင်ငံနှင့် နိုင်ငံရေးအမြင် အမျိုးမျိုးရှိသည့် အခြားနိုင်ငံများအပေါ် စီးပွားရေးအရ အလွန်အကျွံမှီခိုရခြင်းကို အလေးအနက် ပြန်လည်စဉ်းစားခန်းဝင်နေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားနှင့်နီးကပ်သည့် ဆက်ဆံရေးအပေါ်တွင်လည်း တန်ဖိုးထားသည်။ အထူးသဖြင့် နှစ်နိုင်ငံတို့သည် အမေရိကန်နိုင်ငံ၏ လွှမ်းမိုးမှုနှင့်ပတ်သက်၍ လည်း စိုးရိမ်တကြီးရှိသည့် နိုင်ငံများဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်တွင် အမေရိကန်၊ အီးယူတို့နှင့် တည်ငြိမ်သည့် ဆက် ဆံရေးကို ဆက်လက်ထိန်းသိမ်းလို့သည့်ဆန္ဒရှိပြီး ရုရှားအတွက်လည်း စီးပွားရေးနှင့် သံတမန်ရေး ထောက်ပံ့မှုများပေးကာ မျှခြေရရန်ကြိုးပမ်းမှုမှာ မသေချာမရေရာလှပါ။ အီးယူနိုင်ငံများ၏အမြင်တွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံကို နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားခြင်းကို ရှောင်ကြဉ်ရန် နားချနိုင်လိမ့်မည်ဟု ယူဆထားပုံရသည်။ သို့သော် အီးယူခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံကို ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ၎င်းတို့နှင့် တစ်ဖက်တည်း ရပ်တည်လာလိမ့်မည်ဟုမျှော်လင့်ရန် မရှိတော့ ပါ။ သမ္မတရှီ၏ ဥရောပခရီးစဉ်အဖြစ် ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီနိုင်ငံတို့ကို ရွေးချယ်လိုက်ခြင်း သည်ပင် ခိုင်မာသည့်သက်သေဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်သည် ဥရောပနှင့်အမေရိကန်ကြားရှိ သ ဘောထား ကွဲလွဲမှုအက်ကြောင်းကို ဆွဲထုတ်အသုံးချလိုက်ခြင်းပင်ဖြစ်သည်။ 

ယင်းတို့အထဲတွင် Belt and Road Initiative နှင့် အခြားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများလည်း ပါဝင်သည်။ ထိုကဲ့သို့သော အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများသည် ဘယ်လ်ဂျီယံနှင့် အမေရိကန် တို့ကိုပါ မျက်ခုံးလှုပ်လာစေသည်။ သမ္မတရှီအနေဖြင့် အမေရိကန်နှင့်ဆက်ဆံရေး၊ ယူကရိန်းတွင် ဖြစ်ပွား နေသည့်စစ်ပွဲတို့နှင့်ပတ်သက်၍ ဥရောပအတွင်းရှိ သဘောထားကွဲလွဲမှုများကို အခွင့်အရေးတစ်ရပ် အဖြစ် ရယူအသုံးပြုမည်ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ပထဝီ နိုင်ငံရေး အားပြိုင်နေရမှုများကြောင့် ဥရောပရှိမိတ်ဖက် နှင့် စားသုံးသူတို့ကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အီးယူနှင့် ဆက်ဆံရေး တစ်စုံတစ်ရာတိုးတက်မှုမရှိပါက ချဉ်းကပ်ပုံ ပြန်လည်သုံးသပ်ရန်လိုမည်ဟုလည်း ဆိုကြသည်။ သို့သော် တရုတ်တို့၏ လက်သုံးစကား ဖြစ်သည့် Win Win cooperation သဘောတရားသည် ဥရောပတွင် တိုးပေါက်နိုင်မည်မဟုတ်ဟုလည်း ဆိုကြသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမော်ဒယ်မှာ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်းဖြစ်ရာ ယူကရိန်းတွင် ဖြစ် ပွားနေသည့်စစ်ပွဲကိုအကြောင်းပြု၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ပြောင်းလဲဖွယ်မရှိပါ။ သို့ဖြစ်ရာ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ပိုမိုရင်းနှီးနွေးထွေးသည့် ဆက်ဆံရေး ဖြစ်လာစေရန် သဘောတူညီချက် နယ်နမိတ်သစ်တစ်ခု ရှာဖွေရန်လိုအပ်မည်ဖြစ်သည်။ ယင်းအတွက် သမ္မတရှီကျင့်ဖျင် မည်မျှအကွာအဝေးအထိ တာထွက်နိုင်ခဲ့ပြီလဲ။ သမ္မတရှီကျင့်ဖျင်၏ ယခု တစ်ခေါက် ဥရောပခရီးစဉ်မှာ ချဉ်းကပ်မှု နည်းနာသစ်ရှာဖွေရန်အတွက် ပထမဆုံး ခြေလှမ်းတစ်လှမ်းလည်း ဖြစ် ကောင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။ ပန်းတိုင်ရောက်ရန်မှာ ပထမဆုံးသောခြေလှမ်းဖြင့် စတင်ရခြင်းဖြစ်သည်ဟု ဆိုကြသည်မဟုတ်ပါလား။                               

     

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နွေရာသီနှင့် လိုက်လျောညီထွေနေထိုင်ခြင်း (ကျန်းမာရေးဆောင်းပါး)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved