ကမ္ဘာ့အသက်အကြီးဆုံး လေယာဉ်မယ်ဆယ်စုနှစ် (၇)ခုနီးပါး တာဝန်ထမ်းဆောင်ပြီးနောက် ကွယ်လွန်
ရောင်နီ (NSS) - မေ ၂၈
ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အမေရိကန်လေကြောင်းလိုင်းမှ ကမ္ဘာ့အသက်အကြီးဆုံး လေယာဉ်မယ် ဘက်တာနာ့ရှ်ဟာ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
သူမဟာ ၁၉၅၇ ခုနှစ်မှာ အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လေယာဉ်မယ်အလုပ်ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆၇ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမဟာ မကြာသေးခင်ကမှ ရင်သားကင်ဆာရောဂါရှာဖွေတွေ့ရှိပြီး မေလ ၁၇ ရက်နေ့က ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို Eastern Airlines က မေလ ၂၅ ရက်နေ့မှာပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မစ္စနာ့ရှ်ဟာ ၁၉၉၀ ခုနှစ်က အမေရိကန်လေကြောင်းလိုင်းဖြစ်တဲ့ Eastern Airlines မှာ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို စတင်ခဲ့ပါတယ်။ သူမက အခြားလေကြောင်းလိုင်းတွေကို ကူးပြောင်းနိုင်တဲ့ အရည်အချင်းရှိပေမယ့် Down Syndrome ရှိတဲ့ သားဖြစ်သူကို ပြုစုဖို့အတွက် ညတိုင်းအိမ်ပြန်နိုင်တဲ့ Washington-New York-Boston Shuttle မှာသာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ မစ္စနာ့ရှ်ဟာ လေယာဉ်မယ်အဖြစ် အသက်အကြာဆုံး အသက်မွေးဝမ်းကြောင်းမှုအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။
သူမရဲ့ ကွယ်လွန်မှု သတင်းအတွက် "သူမရဲ့ လျင်မြန်တဲ့ ဉာဏ်ရည်၊ ခင်မင်စရာကောင်းတဲ့ စရိုက်နဲ့ အခြားသူတွေကို ဝန်ဆောင်မှုပေးလိုတံ့ စိတ်အားထက်သန်မှုကြောင့် နာ့ရှ်ဟာ လေယာဉ်မယ် အလုပ်မှာသာမက လေကြောင်းလိုင်းနယ်ပယ်ရှိ ကျွန်တော်တို့ အားလုံးအတွက်ပါ စံနမူနာ ဖြစ်ခဲ့တယ်" လို့ လေကြောင်းပျံသန်းမှုဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ မစ္စတာဘရက်ဒီဗျာရန်က ပြောကြားကာ အသိအမှတ်ပြုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလှိုင်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို သတ်ဖြတ်ပြီးနောက် ကျောင်းထိုင်ဆရာတော်တစ်ပါးကိုပါ ထပ်မံဖမ်းဆီးသွား
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း