Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါပူအာနယူးဂီနီကျွန်းနိုင်ငံတောင်ပြိုမှု လူပေါင်း ၂၀၀၀ ကျော် မြေသားထုရောက်ရှိသွား

Htay Oung (NSS) - မေ ၂၈

ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်း ပါပူအာနိုင်ငံမှာဖြစ်ပွားတဲ့ မြေပြိုမှုမှာ လူပေါင်း ၂၀၀၀ ကျော် မြေသားထုအောက်ရောက်ရှိသွားတဲ့အတွက် နိုင်ငံတကာအနေနဲ့ အကူအညီများ ပေးအပ်နိုင်ကြပါရန် ကျွန်းနိုင်ငံအစိုးရက မေတ္တာရပ်ခံလိုက်တယ်လို့ ရိုက်တာသတင်းအေဂျင်စီက ယမန်နေ့ (မေလ ၂၇ ရက်)မှာ ဖော်ပြပါတယ်။


လွန်ခဲ့တဲ့ သုံးရက်က ပါပူအာနယူးဂီနီနိုင်ငံမှာ မြေပြိုမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူပေါင်းထောင်ချီ မြေသားထုအောက်နစ်မြုပ်နေကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာရန် မလွယ်ကူတဲ့ဒေသဖြစ်ခြင်ကြောင့် အကူအညီပေးရေးကိစ္စမှာ အဟန့်အတားများ ရှိနေကြောင်း  အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် မျှော်လင့်ချက်များ နည်းပါးသွားရတယ်လို့ တနင်္လာနေ့မှာ ကျွန်းနိုင်ငံအစိုးရကပြောပါတယ်။

ဝေးလံခေါင်ဖျား ကျေးရွာ ၆ ရွာမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးကြောင်း ပါပူအာနယူးဂီနီအစိုးရရဲ့ ခန့်မှန်းအရေအတွက်ဟာ ကုလသမဂ္ဂရဲ့ ကနဦးသတင်းထုတ်ပြန်ချက် ၆၇၀ ဦးခန့်ထက် ၃-ဆခန့် ပိုမို များပြားနေပါတယ်။ ပါပူအာနယူးဂီနီဟာ နယူးဂီနီကျွန်းရဲ့ အရှေ့ပိုင်းမှာ တည်ရှိပြီး အနောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံနီးပါး ကျယ်ဝန်းပေမယ့် ၂၀၂၂-ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၁၀-သန်းကျော်ရှိမယ်လို့ ယူဆရပါတယ်။ ကျွန်းနိုင်ငံ လူဦးရေရဲ့၁၃.၂၅% သာ မြို့ပြမှာ နေထိုင်ကြပြီး ကမ္ဘာ့ကျေးလက်ဒေသ လူနေအများဆုံး တိုင်းပြည်ဖြစ်နေပါတယ်။ နယူးဂီနီ ကျွန်းကြီးတစ်ခုလုံးမှာ ဘာသာစကားပေါင်း ၈၅၁ ခန့်ရှိပြီး ကမ္ဘာပေါ်မှာ လူမျိုးနွယ်ကွဲပြားမှု အများဆုံး နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင် ၉၅% နဲ့ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် ဝေးလံခေါင်ဖျားဒေသများမှာ  အလွန်ရှေးကျတဲ့ ကိုးကွယ်ယုံကြည်မှုများနဲ့ခေါင်းဖြတ်ဓလေ့၊ လူသားစားခြင်းများလည်း ကြွင်းကျန်နေပါတယ်။

ယခုဖြစ်စဉ်မှာ ပါပူအာ အမျိုးသားသဘာဝဘေးအန္တရာယ်ဗဟိုဌာနက ထုတ်ပြန်တဲ့ လူအရေအတွက်နဲ့ ကုလ သမဂ္ဂခန့်မှန်းချက်တို့အကြား ပမာဏအကြီးအကျယ်ကွဲလွဲနေခြင်းဟာ ပစိဖိတ်ကျွန်းနိုင်ငံ ဝေးလံခေါင်ဖျား ဒေသနေသူများနဲ့ ပတ်သက်ပြီး တိကျတဲ့ လူဦးရေစာရင်းရရှိရန် အခက်အခဲကို ထင်ဟပ်နေပါတယ်။ ပစိဖိတ်ကျျွန်းနိုင်ငံရဲ့ ယုံကြည်ရလောက်တဲ့ နောက်ဆုံးသန်းခေါင်စာရင်းဟာ လွန်ခဲ့တဲ့ ၄-နှစ်ခုနှစ်ကဖြစ်ပြီး လူအများအပြားတို့ဟာ တစ်သီးတစ်ခြားလိုဖြစ်နေတဲ့ တောင်ပေါ်ကျေးရွာများမှာ နေထိုင်ကြပါတယ်။ နိုင်ငံ့အနောက် မြောက်ပိုင်း အင်ဂါပြည်နယ် မီအစ်_မူလီတာကာဒေသ ဝေးလံခေါင်ဖျား ကျေးရွာ ၆ ရွာမှာ ၄၀၀၀ ခန့်နေထိုင်ကြောင်း၊ လွန်ခဲ့တဲ့ သောကြာနေ့ ညပိုင်း လူအများ နှစ်ခြိုက်စွာ အိပ်မော ကျနေစဉ် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ပါပူအာ ကာကွယ်ရေးဝန်ကြီး ဘီလီဂျိုးဇက်က ပြောပါတယ်။

ကယ်ဆယ်ရေးသမားများအဆိုအရ နှစ်ထပ်တိုက် အမြင့်နီးပါး အပျက်အစီးပုံကြီးအောက်မှာ အိမ်ခြေ ၁၅၀ ကျော် နစ်မြုပ်နေပြီး မြေသားထုကြီးအောက် အော်ဟစ်သံ ညည်းညူသံများကိုလည်း  ကြားနေရကြောင်း သိရှိရပါတယ်။ ရွာသားအချို့ကတော့ မိသားစု ၁၈-ဦးရှိတဲ့ အိမ်ထောင်စုတစ်ခုလုံး မြေကြီးအောက် မြှုပ်နှံလိုက်သလို ဖြစ်သွားတာလည်း ရှိခဲ့ပြီး အဲ့ဒီလိုဖြစ်သွားတဲ့ အိမ်ထောင်စု ဦးရေ ဘယ်လောက်များမယ်ဆိုတာ ရေတွက်လို့ မရနိုင်ကြောင်း ပြောပါတယ်။ အချို့ဆိုရင် မိသားစုဝင်တို့ရဲ့ အလောင်းပြန်ရဖို့ မဖြစ်နိုင်တဲ့ မြေသားထုကြီးအပေါ်မှာ ကြောင်စီစီ မတ်တပ်ရပ်ရင်း ခိုကိုးရာမဲ့ ဖြစ်နေကြပါတယ်။

မြေပြိုပြီးနောက် ၇၂ နာရီကျော်အကြာထိ ဒေသခံတွေဟာ ဂေါ်ပြား၊ တုတ်များ၊ လက်ဗလာချည့်သက်သက် အသုံးပြုပြီး မြေသားထု အပျက်အစီးပုံကြီးကို သွေးရူးသွေးတန်း ကလော်ထုတ် နေကြဆဲဖြစ်ကြောင်း၊ ဒါပေမယ့် အလောင်းငါးလောင်းသာ တွေ့ရှိခဲ့တယ်လို့ ခရိုင်အာဏာပိုင်က ပြောပါတယ်။ လူမျိုးစုအချင်းချင်း စစ်ခင်းနေကြတဲ့ နယ်မြေအနီးအနားမှာ အခင်းဖြစ်ပွားခြင်းကြောင့် ကယ်ဆယ်ရေးသမားတွေဟာ စစ်ယာဉ်တန်းအကူအညီအနဲ့သာ သွားလာနေရပါတယ်။ လုံခြုံရေးအခြေအနေကြောင့် နေ့ပိုင်းမှာသာ ရှာဖွေကယ်ဆယ်ရေး လုပ်နိုင်ပြီး ညပိုင်းမှာ ၃၇ မိုင်ခန့်ဝေးတဲ့ ပြည်နယ်မြို့တော်ကို ပြန်လာရပါတယ်။ သွားလာရန် မလွယ်ကူတဲ့အတွက် ထုထည်ကြီးမား လေးလံတဲ့ စက်ယန္တရားများနဲ့ အကူအညီများ ရောက်ရှိရန် ခဲယဉ်းနေပါတယ်။ အခင်းစတင်ဖြစ်ပွားပြီး နောက်တစ်ရက် စနေနေ့ အဲ့ဒီနယ်မြေမှာပဲ အကြမ်းဖက်မှုကြောင့် လူ ရှစ်ဦး သေဆုံးပြီး အိမ်ခြေ ၃၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တနင်္လာနေ့ ကယ်ဆယ်ရေးယာဉ်တန်းများဖြတ်သန်းစဉ် မီးခိုးငွေ့ မပျယ်သေးတဲ့ အဲ့ဒီနေအိမ်အကြွင်းအကျန်များကို တွေ့ မြင်နေရပါသေးတယ်။ အခင်းဖြစ်ပွားပြီး  ၄၈-နာရီခန့်ကြာမှသာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာကို မြေတူးစက်ယာဉ်တစ်စီး ပထမဆုံးရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောပြပါတယ်။

ရွာသားများနဲ့ ဆွေမျိုးသားချင်းများအကြား မကြာခဏ ပြောင်းရွှေ့နေထိုင်လေ့ရှိခြင်းကြောင့်  အခင်းဖြစ်ပွားရာမှာ လူဘယ်လောက် ပါသွားတယ်ဆိုတာ မသေချာသေးကြောင်း ဒေသအခြေအနေများနဲ့ ရင်းနှီးတဲ့ ပါပူအာမြို့တော် ပိ့ုမော့စ်ဘီနေ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက မှတ်ချက်ပေးပါတယ်။ မိသားစုဝင်တိုင်းက တစ်အိမ်တည်းမှာ စုဝေးနေထိုင်တဲ့ ပုံစံမျိုး မဟုတ်ကြောင်း၊ ကိုယ့်သားသမီးတွေ ဘယ်မှာရှိမှန်း မသိတဲ့ ဖခင်တွေ၊ ခင်ပွန်းသည် ဘယ်ရောက်နေမှန်း မသိတဲ့ မိခင်တွေလည်း ရှိပြီး ရှုပ်ယှက်ခတ်နေတယ်လို့ ရိုက်တာရဲ့ မေးခွန်းကို တယ်လီဖုန်းနဲ့ ပြန်လည်ဖြေဆိုပါတယ်။ သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ၂၄ နာရီအတွင်း သဘာဝ ဘေးအန္တရာယ်ကျရောက်ရာနေရာကို ပို့ဆောင်ပေးခဲ့ကြောင်း၊ စစ်တပ်အင်ဂျင်နီယာအဖွဲ့နဲ့ စစ်ဘက် ရဟတ်ယာဉ်တစ်စီးတို့ကို ရွှေ့ပြောင်းပေးထားကြောင်း ပါပူအာကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပါပူအာ အစိုးရဟာ အိမ်နီးချင်း ကျွန်းနိုင်ငံချင်းဖြစ်တဲ့ သြစတြေးလျနဲ့ နယူးဇီလန်တို့ထံ အများဆုံး အကူအညီတောင်းခံခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ အနီးနားရှိ မတည်မငြိမ်ဖြစ်နိုင်တဲ့ မြေသားထုများကို အကဲဖြတ်ဖို့အ တွက် နယူးဇီလန်တပ်မတော် ပထဝီဝင်နည်းပညာအဖွဲ့ကို စေလွှတ်ပေးပါရန် မေတ္တာရပ်ခံထားကြောင်း၊ အဲ့ဒီ မြေသားထုတွေဟာ လေးလံတဲ့ မြေတူးယာဉ်နဲ့စက်ပစ္စည်းများကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာ ပြည်နယ်ဟာ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များအတွက် စွမ်းဆောင်ရည် တည်ဆောက်ရန် လိုအပ်နေကြောင်း ပြယ်နယ်မြို့တော်သွား အဓိက လမ်းမကြီးအနီးမှာ ကျေးရွာများကို ပြန်လည်တည်ဆောက်ပြီး ပေါ်ဂျာရာရွှေတွင်းကိုလည်း ပြန်လည်ဖွင့်လှစ်မယ်လို့  ပါပူအာ ကာကွယ်ရေးဝန်ကြီးက ရှင်းပြပါတယ်။

ပါပူအာ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းအတွက်  ကနဦး  ကန်ဒေါ်လာ ၁.၆၆ သန်းတန်ဖိုးရှိ ထောက်ပံ့ရေးအစီအစဉ်ကို တနင်္လာနေ့မှာ သြစတြေးလျက ကြေညာပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အတွက် နည်းပညာကျွမ်းကျင်သူများကို စေလွှတ်မယ်လို့လည်း ပြောပါတယ်။ ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ မိတ်ဖက်ဖြစ်ဖို့ စည်းရုံးနေတဲ့ တရုတ်နိုင်ငံကလည်း အကူအညီပေးမယ်လို့ ကမ်းလှမ်းနေပါတယ်။ မိုးရွာသွန်းခြင်း၊ မြေသားထု မတည်ငြိမ်တဲ့ မြေပြင်နဲ့ ရေစီးရေလာအခြေအနေများဟာ ဒေသခံများနဲ့ ကယ်ဆယ်ရေးအဖွဲ့များအတွက် အပျက်အစီးများကို ရှင်းလင်းရာမှာ အလွန်အန္တရာယ်များကြောင်း ပါပူအာအခြေ စိုက် ကုလသမဂ္ဂ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာအေဂျင်စီအကြီးအကဲက ပြောပါတယ်။

အိမ်ခြေ ၂၅၀ ကျော်နဲ့ လူပေါင်း ၇၉၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူ ၁၂၅၀ ကျော် ရှိကြောင်း၊ သူတို့တွေ ဝမ်းနည်းပူဆွေးမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ စက်ယန္တရားကြီးများကို ဒေသခံများက မလိုလား ကြကြောင်း၊ ဒီလိုအခြေအနေမျိုးမှာ မြေသားထုအောက် ရောက်ရှိသွားသူတိုင်းကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ရန် အခွင့်အလမ်းအလွန်နည်းပါးလျှက်ရှိတယ်လို့ ကုလသမဂ္ဂအရာရှိက မှတ်ချက်ပေးပါတယ်။

(Reuters., 27 May 2024,” Papua New Guinea landslide buried more than 2,000 people, government says” ကိုဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝန်ကြီး ဦးအောင်နိုင်ဦး နှင့် စီမံ/ဘဏ္ဍာ ဒုဝန်ကြီးတို့ကို တာဝန်မှအနားယူခွင့်ပြု

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved