Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နှင့်စစ်ပွဲအတွက် အမေရိကန် တက်ကြွစွာ ပြင်ဆင်နေ

Htay Oung (NSS) - မေ ၂၇

ထိုင်ဝမ်ကျူးကျော်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေများ တစ်နေ့တစ်ခြား ကြီးထွားလာနေခိုက် အမေရိကန်စစ်တပ်ဟာ တရုတ်နဲ့ စစ်ခင်းဖို့အတွက် စိတ်အားထက်သန်စွာ ပြင်ဆင်နေပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်မရိန်းတပ်သားတွေဟာ ထိုင်ဝမ်နဲ့မနီးမဝေး ကျွန်းငယ်များပေါ်မှာ နိမိတ်ဆိုးရွားလှတဲ့ စစ်ကစားနည်းများကို လေ့ကျင့်နေကြတယ်လို့ အမေရိကန် “ဝေါလ်စထရိဂျာနယ်” ရဲ့ သတင်းကို ဗြိတိန် “ဒေးလီးမေးလ်” က ယနေ့( မေလ ၂၇ ရက်)မှာ ကူးယူဖော်ပြပါတယ်။ 

လေ့ကျင့်မှုမှာ “ချင်းနွတ်” ရဟတ်ယာဉ်များနဲ့ မရိန်းတပ်သားများ တပ်ဖြန့်ခြင်း၊ ချေမှုန်းရေး ရိုင်ဖယ်များ မပါပဲ လက်နက်မဲ့ အသင့်ပြင်ဆင်ခြင်းနဲ့ ပဋိပက္ခဖြစ်ပွားလာမယ်ဆိုရင် စစ်တလင်းဖြစ်လာဖွယ်ရှိတဲ့ မြေမျက်နှာသွင်ပြင်များနဲ့ လိုက်လျောညီထွေလှုပ်ရှားနည်းတို့ ပါဝင်နေပါတယ်။ ရန်လိုတဲ့နိုင်ငံက ထိုင်ဝမ်ကို သိမ်းပိုက်ရန် ဆက်လက်ခြိမ်းခြောက်နေတဲ့ နောက်ဆက်တွဲဖြစ်ရပ်များဟာ အမေရိကန်စစ်ခေါင်းဆောင်များအနေနဲ့ မျက်စိ ဆံပင်မွှေးစူးစရာများချည့် ဖြစ်နေပါတယ်။ အမေရိကန်နဲ့ တရုတ်တို့အကြား တိုက်ရိုက်ဖြစ်ပွားတဲ့ ပဋိပက္ခမှန်သမျှ နှစ်ဖက်စလုံးက နျူကလီယာလက်ပိုင်ရှင်များ ဖြစ်တဲ့အတွက် ကမ္ဘာကို ဖျက်ဆီးနိုင်တဲ့ တတိယကမ္ဘာစစ်အဖြစ် အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။  ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းလိုကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က လေအေးအေးနဲ့ ဗြောင်ဖွင့်ပြောနေပေမယ့် အမှတ်မထင် တိုက်ခိုက်မှုမျိုးကိုသာ ရွေးချယ်လာခဲ့ရင် ပြိုင်ဘက်နိုင်ငံများ အနေနဲ့ ပါးစပ်အဟောင်းသား ဖြစ်ယုံသာရှိပါလိမ့်မယ်။ ဒီမိုကရေစီတိုင်းပြည်အဖြစ် အောင်မြင်စွာ ရပ်တည်နေပြီဖြစ်တဲ့ ထိုင်ဝမ်ကလည်း တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ်ခံရန် ဆန္ဒမရှိကြောင်း ပြောနေပါတယ်။ ဒီနေရာမှာ တရုတ်က ဇွတ်အတင်း ကျူးကျော်လာခဲ့ရင် ထိုင်ဝမ်ဘက်က ခုခံကာကွယ်ပေးသွားမယ်လို့ အမေရိကန်က တရားဝင်ပြောဆိုထားပြီးပါပြီ။ တိုက်ခိုက်မှုဖြပြလာခဲ့ရင် ကျွန်းကို ကာကွယ်ဖို့ အမေရိကန်တပ်တွေ ချထားရမယ်လို့တောင် ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်က တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ နေရာယူလာခြင်းအပါအဝင် ကျူးကျော်ရန် ပြင်ဆင်နေတယ်လို့ ယူဆနိုင်တဲ့ စစ်ရေးလှုပ်ရှားမှုအတော်များများကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ပါတယ်။ ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းအပြီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ အင်အားပြသခြင်းဟာ ကျွန်းနိုင်ငံကို (တိုက်ခိုက်သိမ်းယူတဲ့အထိ) ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း ပြောင်ပြောင်းတင်းတင်း ရည်ညွှန်းခြင်း ဖြစ်တယ်လို့ စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောပါတယ်။ တရုတ်ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းနဲ့အတူ ဖိလစ်ပိုင်ကျွန်းစုများပေါ် စစ်ရေးလေ့ကျင့်မှုများကို ဝေါလ်စထရိဂျာနယ်က လေးကြိမ်မြောက်အဖြစ် ဒေသအတွင်း လှည့်လည် ကြည့်ရှု့ခွင့်ရရှိခဲ့ပါတယ်။ သတင်းထောက် ရောက်ရှိသွားတဲ့ တပ်ရင်းဟာ ဒေသအတွင်း အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ တည်ရှိမှုကို ပြု ပြင်ပြောင်းလဲရန် (ဘောင်ဘောင်းမားကို့စ် သမ္မတဖြစ်လာပြီးနောက်ပိုင်း) လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက ဖွဲ့ စည်းခဲ့ကြောင်း သိရှိရပါတယ်။ အလားတူ ဟာဝိုင်ယီကျွန်းစုများနဲ့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ယမန်နှစ်မှာတော့ အမေရိကန် တပ်ဖွဲ့တွေဟာ ဖိလစ်ပိုင် စစ်အခြေစိုက်စခန်း အတော်များအတွင်း ဝင်ရောက်လာခဲ့ပြီး ထိုင်ဝမ်ကျွန်းမှ တစ်နာရီခရီးသာသာ လူဇုံကျွန်းမြောက်ဘက်ရှိ ဘတမ်းကျွန်းစုများမှာ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် တောင်တရုတ်ပင်လယ်တစ်ဝှန်းလုံးရှိ ကျွန်းစုများအကြား ရေတပ်သားများကို သယ်ယူရွှေ့ပြောင်းရန်အတွက် အမေရိကန်စစ်သင်္ဘောများဟာ အဓိကအချက်ဖြစ်ပြီး စီစဉ်ဖို့ လိုအပ်နေသေးကြောင်း တွေ့ရှိရပါတယ်။ စစ်ရေးလေ့ကျင့်လေ့ကျင့်ရာမှာ ကျည်အစစ်များ သို့မဟုတ် ဒုံးကျည်အသုံးပြုခြင်း မပါဝင်သေးပေမယ့် စစ်ပွဲ ဖြစ်ပွားပါက ချင်းနွတ်ရဟတ်ယာဉ်များကို အသုံးပြု ထွက်ခွာခြင်း၊ ကျွန်းများပေါ်မှာ တတ်နိုင်သမျှ အမြန်ဖြန့် ချနိုင်ဖို့အတွက် မရိန်းတပ်သားများက ပြင်ဆင်နေပါတယ်။ အချိန်တိုအတွင်း လျင်မြန်စွာ တိတ်တဆိတ် လှည့်ပတ်သွားလာခြင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေးအာရုံခံကိရိယာများနဲ့ ဒရုန်းများကို ရှောင်ရှားရန် သော့ချက် ဖြစ်ဖွယ်ရှိပါတယ်။ အမေရိကန်တပ်များအနေနဲ့ တစ်နေရာမှ တနေရာ လျင်မြန်စွာ ရွေ့လျားမှု ဆက်တိုက်ပြုလုပ်ခြင်းအားဖြင့် တရုတ်ရဲ့ ထောက်လှမ်းအကဲဖြတ်စစ်စွမ်းရည်အပေါ် ရှုတ်ထွေးှစေပြီး နောက်ထပ် (စစ်ကူစစ်သင်္ဘော စစ်လေယာဉ်များ) ရောက်ရှိသည်အထိ အချိန်ကို ဆွဲဆန့ိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ 

အမေရိကန် တပ်တွေ ဘယ်မှာဘာလုပ်နေကြောင်း သိရှိဖော်ထုတ်ရဖို့အတွက် (တရုတ်အနေနဲ့) အရင်းအမြစ်တွေ အများကြီးသုံးစွဲရဖို့ ဖြစ်လာပါလိမ့်မယ်။ လျှပ်တပြက် ရေကြောင်းချီတပ်ရင်းအတွက် ကိုယ်ယောင် ဖျောက်နိုင်မှုနဲ့လျင်မြန်မှုတို့ဟာ ဦးစားပေးဖြစ်တဲ့အတွက် အမေရိကန်စစ်တပ်ရဲ့ တစ်ပါတည်း သယ်ဆောင်ဝန်နဲ့ အပေါ့ပါးဆုံးထောက်ပံ့ပို့ဆောင်ရေးဖြစ်ဖို့ ချိန်ညှိနေပါတယ်လို့ တပ်မှူးုဖြစ်သူက ရှင်းပြပါတယ်။ သေးငယ်တဲ့ ဒရုန်းများနဲ့ အာရုံခံထောက်လှမ်းရေးကိရိယာများကို အသုံးပြုခြင်းအားဖြင့် မရိန်းတပ်သားများ အနေနဲ့ကတော့ တရုတ်စစ်တပ်ကို အနီးကပ်မြင်နေရပြီး ဒုံးကျည်များနဲ့ တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ ဘင်ဂျမင်_ဂျင်ဆန်ရဲ့အဆိုအရ အာရှအရှေ့ပိုင်းဒေသမှာ မရိန်းတပ်သားအုပ်စုငယ်လေးများကို ဖြန့်ချထားနိုင်ခြင်းဟာ စစ်ပွဲတစ်ခုအတွက် အရေးပါလာလိမ့်မယ် သိရှိရတယ်။ စစ်ဖြစ်လာခဲ့ရင် အဲဒါကို ရှာဖွေဖို့ တရုတ်ရဲ့ အချိန်နဲ့အရင်းအမြစ်များကို ပြုန်းတီးအောင် အဲ့ဒီတပ်အုပ်စုငယ် လေးတွေကို အဆက်မပြတ် ဆက်တိုက်ရွှေပြောင်းပေးနေဖို့ လိုအပ်လိမ့်မယ်လို့ စစ်ဆင်ရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးက ပြောပါတယ်။ ဒီလိုဗျူဟာကို သုံးခြင်းအားဖြင့် တရုတ်ရဲ့ထောက်လှမ်းရေးစနစ်မှာ အလုပ်များ၊ ဆုံးဖြတ်ရန် ခက်ခဲပြီး အချိန်ဖြုန်းစေရန် ရည်ရွယ်ကြောင်း၊ ကျွန်းများအကြား လျှပ်တပြက်ရွှေ့ပြောင်းနိုင်စွမ်းဟာ ဒေသတွင်း(အိမ်ရှင်သဖွယ်) ဖြစ်နေတဲ့ တရုတ်ရဲ့ အားသာချက်ကို တန်ပြန်ရန် အဓိကနည်းဗျူဟာဖြစ်ကြောင်း၊ မကြာသေးမီက ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုဟာ ပဋိပက္ခဖြစ်လာချိန် အရေးပါနိုင်တဲ့ ကျွန်းများအကြား လက်တွေ့နှင့် ပေါင်းစပ်ခြင်းဖြစ်ကြောင်း၊ လမ်းကြောင်းများကို တိုင်းထွာသုံးသပ်ခြင်း၊ အခြေခံအဆောက်အအုံများကို အကဲဖြတ်ခြင်းနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခများအတွက် ပိုမိုကောင်းမွန်စွာပြင်ဆင်နိုင်ရန်၊ ပကတိ မြေမျက်နှာသွင်ပြင်ကို ခွဲခြမ်းစိတ်ဖြာရန် မြေပြင်မရိန်းတပ်သားများကို ချထားနိုင်ဖို့ အရေးကြီးကြောင်း ရှင်းပြပါတယ်။

(ဒီသတင်းကို ကမန်းကတန်းဖတ်ပြီး “တတိယကမ္ဘာစစ်ဖြစ်မှာလား၊ကျွန်တော့်သားလေး ထိုင်ဝမ်ရောက်နေလို့ ကျွန်မသမီးလေး တရုတ်မှာ ကျောင်းတက်နေလို့” တွေ ကျွန်တော့်လာ မမေးကြဖို့ အနှူးညွတ် တောင်းပန်ပါတယ်။ အဲ့ဒါ စံဇာနည်ဘိုနဲ့ ဇေယျာကို ကို မေးသင့်ပါတယ်။ အလုပ်ပျက်ယုံကလွဲပြီး ကျွန်တော်လုံး၀ မသိပါ ခင်ဗျား။ ။ သတင်းဘာသာပြန်သူ၏ ရေးသားဖော်ပြချက်ဖြစ်ပါသည်။)

 (Daily mail., 26 May 2024,” America is actively preparing for war with China over growing fears of Taiwan invasion - and crucial piece of kit that could decide conflict hasn't even been built” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နဲ့တောင်ကိုရီးယားတို့က ထောက်လှမ်းရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားအစိုးရစွပ်စွဲပြောဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved